မန်ချက်စတာယူနိုက်တက်အသင်းရဲ့ ကွင်းလယ်ကစားသမား ပေါ့ဘာဟာ လာမယ့်နွေရာသီအပြောင်းအရွှေ့ကာလမှာ အသင်းပြောင်းတော့မယ်ဆိုတဲ့ သတင်းတွေထွက်နေပါတယ်။

Source: The Guardian

ပေါ့ဘာနဲ့မန်ယူအသင်းတို့ကြားချုပ်ဆိုထားတဲ့ စာချုပ်ဟာ (၂၀၂၂) ဇွန်လတွင် ကုန်ဆုံးမှာဖြစ်ပါတယ်။ နာမည်ကြီးကစားတွေရဲ့ အေးဂျင့်အဖြစ် လုပ်ကိုင်နေသူ မီနို ရိုင်အိုလာက ပေါ့ဘာဟာ မန်ယူအသင်းမှာ ပျော်ရွှင်မနေတော့ဘဲ လာမယ့်အပြောင်းအရွှေ့ကာလမှာ အသင်းကနေ ထွက်ခွာတော့မှာဖြစ်ကြောင်း အတိအလင်းပြောကြားခဲ့ပါတယ်။ ရိုင်အိုလာဟာ ပေါ့ဘာရဲ့ အေးဂျင့်အဖြစ်လည်း လုပ်ကိုင်နေသူဖြစ်ပါတယ်။

ပေါ့ဘာဟာ Covid-19 ဗိုင်းရပ်စ်ကူးစက်မူကနေ ပြန်လည်သက်သာလာပြီးနောက်ပိုင်း ဒီရာသီပရီးမီးယားလိဂ်ပြိုင်ပွဲတွင် (၅) ပွဲသာပွဲထွက်ပါဝင်ကစားခွင့်ရပါသေးတယ်။ ဒီရာသီပထမဆုံး ဂိုးကိုလည်း ပြီးခဲ့တဲ့ စနေနေ့က ကစားခဲ့တဲ့ ဝက်စ်ဟမ်းအသင်းကို (၃-၁) ဂိုးဖြင့်အနိုင်ရရှိခဲ့တဲ့ပွဲမှာ သွင်းယူပေးခဲ့ပါတယ်။

Source: Manchester Evening News

ကစားသမားရဲ့အေးဂျင့်ဖြစ်သူ ရိုင်အိုလာကတော့ “ပေါ့ဘာက ပတ်ဝန်းကျင်အသစ်၊ အသင်းသစ် လိုအပ်နေပါတယ်။ သူက မန်ယူမှာ မပျော်မရွှင်ဖြစ်နေပြီးတော့ အသင်းပြောင်းချင်တယ်လို ပြောထားပါတယ်။ သူရဲ့စာချုပ်က (၂၀၂၂) မှပြည့်မှာပါ။ ဒါပေမယ့် နှစ်ဖက်စလုံးအတွက် အကောင်းဆုံးကတော့ လာမယ့်နွေရာသီအပြောင်းအရွှေ့မှာ အသင်းပြောင်းရွှေ့ခွင့်ပေးလိုက်ဖို့ပါပဲ။ ဒီလိုမှမဟုတ်ဘူးဆိုရင်တော့ မန်ယူအသင်းအနေနဲ့ ပေါ့ဘာကို အလွတ်ပြောင်းရွှေ့ကြေးနဲ့ ထွက်ခွာခွင့်ပေးရပါလိမ့်မယ်” လို့ပြောခဲ့ပါတယ်။

အသက် (၂၇) နှစ်အရွယ်ရှိပြီဖြစ်တဲ့ ပေါ့ဘာဟာ ပြင်သစ် သစ် လက်ရွေးစင် အသင်းမှာ သွားရောက် ကစားခွင့် ရချိန်က ပတ်ဝန်းကျင် အသစ်ကို ရောက်လာပြီး မွန်းကျပ်မှုတွေ လျော့သွားတယ် ပြောဆိုခဲ့ဖူးပါတယ်။ ဒီလိုပြောဆိုခဲ့တာကြောင့် ယူနိုက်တတ်ပရိသတ်တွေက ပေါ့ဘာကို မကျေမနပ်ဖြစ်နေတယ်လို့လည်း သတင်းတွေကဖော်ပြနေကြပြီး အေးဂျင့်ဖြစ်သူ ရိုင်အိုလာကိုလည်း အကြီးအကျယ် ဒေါသထွက်နေတယ်လို့ သိရပါတယ်။

Source: Sky Sports

ပေါ့ဘာဟာ မန်ယူအသင်းကို ဂျူဗီတပ်အသင်းကနေ ပြောင်းရွှေ့ကြေးပေါင်(၈၉) သန်း သန်းဖြင့် (၂၀၁၆) ခုနှစ်မှာ ရောက်ရှိလာခဲ့သူပါ။ ပြီးခဲ့တဲ့ အောက်တိုဘာလတုန်းကလည်း လာလီဂါထိပ်သီးကလပ် ရီးရဲမက်ဒရစ်အသင်းမှာ ကစားချင်ကြောင့်ဖွင့်ဟခဲ့ဖူးပါတယ်။