PSG အသင်းဟာ မန်ယူကွင်းလယ်လူ ပေါ့ဘာအတွက် ပြောင်းရွှေ့ကြေးတစိတ်တပိုင်းအဖြစ် ဒီမာရီယာကို အလိုက်ပေးကမ်းလှမ်း လိုက်တယ်လို့ သတင်းတွေထွက်ပေါ်နေပါတယ်။

ပေါ့ဘာဟာ ပြင်သစ်နိူင်ငံ ပါရီမြို့ ဆင်ခြေဖုံးရပ်ကွက်တခုမှာ ကြီးပြင်းလာတာဖြစ်တဲ့အတွက်ကြောင့် PSG အနေနဲ့ အဆိုပါ ပြင်သစ်ကစားသမားကို ခေါ်ယူနိူင်မယ်လို့လည်း ယုံကြည်နေတာဖြစ်ပါတယ်။

Source: Flipboard

PSG ဟာ ပေါ့ဘာ အတွက် ဒီမာရီယာအပြင် သူတို့ရဲ့ကွင်းလယ်ကစားသမားတဦးဖြစ်သူ ဒရက်ဇ်လာ ကိုလည်း အလိုက်ပေးကမ်းလှမ်းခဲ့တယ်လို့ သိရပါတယ်။ ဒီကမ်းလှမ်းမူထဲမှာ ငွေကြေးပါဝင်မူ ရှိမရှိကိုတော့ မသိရသေးပါဘူး။ သရဲနီတွေဖက်ကတော့ ပေါ့ဘာအတွက် ပြောင်းရွှေးကြေး ပေါင် သန်း (၁၅၀) သက်မှတ်ထားပါတယ်။ PSG ကတော့ ပေါ့ဘာအနေနဲ့ အမိမြေကို ပြန်လည်ခြေချ လိမ့်မယ်လို့ အခိုင်အမာယုံကြည်တယ်လို့ သိရပါတယ်။

ဒီမာရီယာ ဟာ (၂၀၁၄/၂၀၁၅) ဘောလုံးရာသီတွင် ရီးရဲလ် အသင်းကနေမန်ယူအသင်းဆီ ပေါင် (၅၉.၇) သန်းဖြင့် ပြောင်းရွှေ့ကစားခဲ့ဖူးပါတယ်။ ပရီးမီးယားလိဂ် အဖွဲ့ပွဲတွေမှာတော့ ခြေစွမ်းပြဂိုးတွေသွင်းနိူင်ခဲ့ပေမယ့် နောက်ပိုင်းတွေမှာ ခြေစွမ်းပြနိူင်ဖို့ ရုန်းကန်ခဲ့ရပါတယ်။

Source: The Sun

ခြေစွမ်းမပြနိူင်ခြင်းကြောင့် (၂၀၁၅) ခုနှစ်တွင် PSG အသင်းထံ ပေါင် (၄၄) သန်းဖြင့် ပြောင်းရွှေ့ခဲ့ရပါတယ်။ လီဂူး (၁) တွင် (၅) နှစ်ခန့် ကစားထားပြီး အမှန်ပေးချန်ပီယံ (၃) ကြိမ်အထိ ရယူထားပါတယ်။

ဒီမာရီယာဟာ အသက် (၃၂) နှစ်ရှိပြီဖြစ်ကာ မန်ယူအသင်းပရိသတ်တွေနဲ့လည်း ပြသာနာ ရှိတဲ့သူဖြစ်တာကြောင့် အင်္ဂလန်မြေကို တဖန်ပြန်လည်ခြေချဖို့ ခဲယဉ်းပါလိမ့်မယ်။

Source: The Sun

ပေါ့ဘာကို ရီးရဲလ်၊ ဂျူဗီတပ်နဲ့ အင်တာမီလန်တို့က ခေါ်ယူချင်နေပြီး ရီးရဲလ်နည်းပြ ဇီဒန်းကတော့ ပေါ့ဘာကို ခေါ်ယူနိူင်ဖို့ စံချိန်တင်ပြောင်းရွှေ့ကြေး အသုံးပြုဖွယ်ရှိနေပါတယ်။ လာမည့် အပြောင်းအရွှေ့ကာလတွင် ပေါ့ဘာအနေနဲ့ ဘယ်အသင်းကို ကိုယ်စားပြုပြီး ကစားမလဲဆိုတာ စောင့်ကြည့်ရအုံးမှာပါ။