မန်ချက်စတာယူနိုက်တက်အသင်းဟာ ဂျေဒန်ဆန်ချို၊ ဂျိမ်းစ်မက်ဒီဆင်နဲ့ ဂျက်ဂရီးလစ်ရှ်တို့ ၃ ဦးကို အံ့အားသင့်ဖွယ် ခေါ်ယူဖို့အတွက် ယူရို ၂၀၂၀ ပြိုင်ပွဲမတိုင်မီ ပေါ့ဂ်ဘာကို ရောင်းထုတ်ပြီး ငွေကြေးရှာဖွေသွားချင်နေတယ်လို့ Metro က ဖော်ပြခဲ့ပါတယ်။

ပြင်သစ်လက်ရွေးစင်ကြယ်ပွင့် ပေါ့ဂ်ဘာဟာ ယခုရာသီကို အိုးထရက်ဖို့ဒ်မှာ နောက်ဆုံးကစားပေးနေတာဖြစ်လိမ့်မယ်လို့ မျှော်မှန်းခြင်းခံထားရသူဖြစ်ပြီး ပြီးခဲ့တဲ့အပြောင်းအရွှေ့ဈေးကွက် ၃ ခုမှာ အသင်းကနေ ထွက်ခွာဖို့ အခိုင်အမာသတင်းတွေထွက်ပေါ်ခဲ့တာဖြစ်ပါတယ်။

Photo: En.As

အသက် ၂၆ နှစ်အရွယ်ရှိပြီဖြစ်တဲ့ ပေါ့ဂ်ဘာဟာ ဘောက်ဆင်ဒေးပြီးကတည်းက မန်ချက်စတာယူနိုက်တက်အသင်းအတွက် ပါဝင်ကစားပေးနိုင်ခြင်းမရှိသေးသူဖြစ်ပြီး အသင်းဒုဥက္ကဌ အက်ဒ်ဝုဒ်ဝဒ်က ၂၀၁၆ ခုနှစ်မှာ ဂျူဗင်တပ်အသင်းကနေ စံချိန်တင်ပြောင်းရွှေ့ကြေးနဲ့ ပြန်လည်ခေါ်ယူခဲ့တဲ့ ပေါ့ဂ်ဘာအတွက် ၎င်းရဲ့ဆုံးရှုံးမှုတွေကို ဖြတ်တောက်ပစ်ဖို့ အဆင်သင့်ဖြစ်နေပုံရပါတယ်။

မန်ချက်စတာယူနိုက်တက်အသင်းဟာ ဆိုးလ်ရှားရဲ့လူစာရင်းကို အင်အားတိုးမြှင့်ပေးမယ့် ၎င်းတို့ရဲ့ ကိုယ်ပိုင်အစီအစဉ်ကို အနှောင့်အယှက်ပေးနိုင်တဲ့ အပြောင်းအရွှေ့ကာလကို ရှောင်ရှားနိုင်အောင် ယူရို ၂၀၂၀ မစတင်မီမှာ ပေါ့ဂ်ဘာကို ရောင်းထုတ်သွားချင်နေတယ်လို့ သိရပါတယ်။

Photo: Independent

Daily Star ရဲ့ပြောကြားချက်အရ ပေါ့ဂ်ဘာကို ရောင်းချမှုက အင်္ဂလန်ကြယ်ပွင့် ဆန်ချို၊ လက်စတာစီးတီးကြယ်ပွင့် ဂျိမ်းစ်မက်ဒီဆင်နဲ့ အက်စ်တွန်ဗီလာကြယ်ပွင့် ဂျက်ဂရီးလစ်ရှ်တို့ကို ခေါ်ယူမှုအတွက် ငွေကြေးတောင့်တင်းစေမယ်လို့ သိရပါတယ်။

ယခုလာမယ့်နွေရာသီမှာ ဒေါ့မွန်အသင်းကနေ ဆန်ချိုကို ခေါ်ယူဖို့အတွက် အသင်းပေါင်းများစွာက စိတ်ဝင်စားမှုပြသနေကြပေမယ့် မန်ချက်စတာယူနိုက်တက်အသင်းက ဆန်ချိုကို ခေါ်ယူဖို့ ထိပ်ဆုံးမှာ တန်းစီထားပြီး ခေါ်ယူဖို့ အဆင်သင့်ဖြစ်နေတယ်လို့ ယုံကြည်နေတာဖြစ်ပါတယ်။