ယူႏုိက္တက္အသင္းရဲ႕ ကြင္းလယ္ကစားသမားတစ္ဦးျဖစ္သူ ေပါ့ဘာဟာ ၿပီးခ့ဲတ့ဲ ဇန္နဝါရီလအတြင္းက အသင္းရဲ႕ စာခ်ဳပ္သစ္အတြက္ ေဆြးေႏြးရန္ ကမ္းလွမ္းမႈကုိ ပယ္ခ်ခ့ဲဖူးေၾကာင္း The Sun သတင္းစာက ေဖာ္ျပခ့ဲပါတယ္။ ရီးရဲယ္မက္ဒရစ္အသင္းရဲ႕ ျပင္သစ္လူမ်ိဳးနည္းျပ ဇီဒန္းရဲ႕ ထိပ္တန္းပစ္မွတ္ကစားသမားတစ္ဦးအျဖစ္ စာရင္းဝင္လာတ့ဲ ေပါ့ဘာဟာ ၿပီးခ့ဲတ့ဲလအတြင္းက ရီးရဲယ္မက္ဒရစ္အသင္းမွာ ကစားခြင့္ရရွိေရးက ကစားသမားတုိင္းရဲ႕ အိမ္မက္ျဖစ္ေၾကာင္း ဖြင့္ဟေျပာၾကားခ့ဲဖူးၿပီး လက္ရွိအခ်ိန္မွာေတာ့ ကစားသမားရဲ႕ ေအးဂ်င့္ျဖစ္သူကုိယ္တုိင္ကပါ သူ႔ရဲ႕ ကစားသမားကို ရီးရဲယ္မက္ဒရစ္အသင္းထံ ပို႔ေဆာင္ဖို႔ ခ်ိတ္ဆက္မႈမ်ား ရွိေနေၾကာင္း သတင္းမ်ား ထြက္ေပၚလ်က္ရွွိပါတယ္။

Photo Credit : Sky Sports

ယူႏုိက္တက္အသင္းကို ေပါ့ဘာေျပာင္းေရႊ႕ခဲ့တ့ဲ (၂၀၁၆) ခုႏွစ္ ေႏြရာသီမွာလည္း ရီးရဲယ္မက္ဒရစ္အသင္းဟာ ေပါ့ဘာကုုိ ေခၚယူရန္ ႀကိဳးစားခ့ဲဖူးၿပီး လက္ရွိအခ်ိန္မွာေတာ့ ေပါ့ဘာကုိ ထပ္မံႀကိဳးစားရန္ ျပင္ဆင္လာတာလည္း ျဖစ္ပါတယ္။ ရီးရဲယ္မက္ဒရစ္အသင္းဟာ အသက္ (၂၆) ႏွစ္အရြယ္ရွိၿပီျဖစ္သူ ေပါ့ဘာအတြက္ ေျပာင္းေရႊ႕ေၾကး ေပါင္ (၁၂၅) သန္းျဖင့္ ကမ္းလွမ္းရန္ ျပင္ဆင္ေနေၾကာင္းလည္း စပိန္နာမည္ႀကီး မာကာသတင္းစာက ေဖာ္ျပခ့ဲပါတယ္။

Photo Credit : Sky Sports

ဇီဒန္းကလည္း ရီးရဲယ္မက္ဒရစ္အသင္းရဲ႕ ကြင္းလယ္တစ္ေနရာအတြက္ ေပါ့ဘာကို ေခၚယူရန္ စိတ္ဝင္စားေနၿပီး ရြိဳင္အုိလာကလည္း ေပါ့ဘာ နဲ႔ ရီးရဲယ္မက္ဒရစ္တို႔ရဲ႕ အေျပာင္းအေရႊ႕ကိစၥနဲ႔ ပတ္သက္လို႔ “မျဖစ္ႏုိင္တာ ဘာမွမရွိပါဘူး။” ဟုလည္း ဖြင့္ေျပာၾကားမႈမ်ား ျပဳလုပ္ခ့ဲပါေသးတယ္။ ေပါ့ဘာဟာ ယခုႏွစ္ ေဘာလံုးရာသီ အေစာပိုင္းမွာ ယူႏုိက္တက္နည္းျပေဟာင္း ေမာ္ရင္ဟိုနဲ႔ အဆင္မေျပမႈမ်ား ျဖစ္ပြါးခ့ဲၿပီး အသင္းကထြက္ခြာမယ္လို႔ သတင္းမ်ားထြက္ေပၚခ့ဲေပမယ့္ လက္ရွိအခ်ိန္မွာေတာ့ နည္းျပသစ္ဆိုးလ္ရွားလက္ထက္မွာ ေျခစြမ္းျပလ်က္ရွိတ့ဲ ကစားသမားတစ္ဦးလည္း ျဖစ္ပါတယ္။

Photo Credit : Sky Sports

လက္ရွိအခ်ိန္တြင္မူ သတင္းမ်ားရဲ႕ ေဖာ္ျပခ်က္အရ လြန္ခ့ဲတ့ဲ (၂) လ ဇန္နဝါရီလမွာ ယူႏုိက္တက္အသင္းဟာ ေပါ့ဘာရဲ႕ အေျပာင္းအေရႊ႕သတင္းမ်ားကို တည္ၿငိမ္သြားေစရန္အတြက္ စာခ်ဳပ္သစ္ကိစၥေဆြးေႏြးရန္ ကမ္းလွမ္းခ့ဲေပမယ့္ ကစားသမားျဖစ္သူကေတာ့ ပယ္ခ်ခ့ဲေၾကာင္း သိရွိရပါတယ္။ ေပါ့ဘာဟာ လက္ရွိအခ်ိန္မွာ ယူႏိုက္တက္အသင္းနဲ႔ စာခ်ဳပ္သက္တမ္း (၂) ႏွစ္က်န္ရွိေနဆဲျဖစ္ၿပီး ၿပီးခ့ဲတ့ဲ ရက္သတၱပတ္္အတြင္းမွာ အၿမဲတမ္းနည္းျပအျဖစ္ ခန္႔အပ္ျခင္းခံထားရတ့ဲ နည္းျပဆုိးလ္ရွားကလည္း ေပါ့ဘာကုိ အသင္းရဲ႕ အဓိက ကစားသမားအျဖစ္ ဦးတည္ခ်က္ထားၿပီး အသင္းကို တည္ေဆာက္သြားရန္ ရည္ရြယ္ထားေၾကာင္းလည္း ဖြင့္ဟေျပာၾကားခ့ဲပါတယ္။

(Unicode)

ယူနိုက်တက်အသင်းရဲ့ ကွင်းလယ်ကစားသမားတစ်ဦးဖြစ်သူ ပေါ့ဘာဟာ ပြီးခဲ့တဲ့ ဇန်နဝါရီလအတွင်းက အသင်းရဲ့ စာချုပ်သစ်အတွက် ဆွေးနွေးရန် ကမ်းလှမ်းမှုကို ပယ်ချခဲ့ဖူးကြောင်း The Sun သတင်းစာက ဖော်ပြခဲ့ပါတယ်။ ရီးရဲယ်မက်ဒရစ်အသင်းရဲ့ ပြင်သစ်လူမျိုးနည်းပြ ဇီဒန်းရဲ့ ထိပ်တန်းပစ်မှတ်ကစားသမားတစ်ဦးအဖြစ် စာရင်းဝင်လာတဲ့ ပေါ့ဘာဟာ ပြီးခဲ့တဲ့လအတွင်းက ရီးရဲယ်မက်ဒရစ်အသင်းမှာ ကစားခွင့်ရရှိရေးက ကစားသမားတိုင်းရဲ့ အိမ်မက်ဖြစ်ကြောင်း ဖွင့်ဟပြောကြားခဲ့ဖူးပြီး လက်ရှိအချိန်မှာတော့ ကစားသမားရဲ့ အေးဂျင့်ဖြစ်သူကိုယ်တိုင်ကပါ သူ့ရဲ့ ကစားသမားကို ရီးရဲယ်မက်ဒရစ်အသင်းထံ ပို့ဆောင်ဖို့ ချိတ်ဆက်မှုများ ရှိနေကြောင်း သတင်းများ ထွက်ပေါ်လျက်ရှှိပါတယ်။

Photo Credit : Sky Sports

ယူနိုက်တက်အသင်းကို ပေါ့ဘာပြောင်းရွှေ့ခဲ့တဲ့ (၂၀၁၆) ခုနှစ်နွေရာသီမှာလည်း ရီးရဲယ်မက်ဒရစ်အသင်းဟာ ပေါ့ဘာကုုိ ခေါ်ယူရန် ကြိုးစားခဲ့ဖူးပြီး လက်ရှိအချိန်မှာတော့ ပေါ့ဘာကို ထပ်မံကြိုးစားရန် ပြင်ဆင်လာတာလည်း ဖြစ်ပါတယ်။ ရီးရဲယ်မက်ဒရစ်အသင်းဟာ အသက် (၂၆) နှစ်အရွယ်ရှိပြီဖြစ်သူ ပေါ့ဘာအတွက် ပြောင်းရွှေ့ကြေး ပေါင် (၁၂၅) သန်းဖြင့် ကမ်းလှမ်းရန် ပြင်ဆင်နေကြောင်းလည်း စပိန်နာမည်ကြီး မာကာသတင်းစာက ဖော်ပြခဲ့ပါတယ်။

Photo Credit : Sky Sports

ဇီဒန်းကလည်း ရီးရဲယ်မက်ဒရစ်အသင်းရဲ့ ကွင်းလယ်တစ်နေရာအတွက် ပေါ့ဘာကို ခေါ်ယူရန် စိတ်ဝင်စားနေပြီး ရွိုင်အိုလာကလည်း ပေါ့ဘာ နဲ့ ရီးရဲယ်မက်ဒရစ်တို့ရဲ့ အပြောင်းအရွှေ့ကိစ္စနဲ့ ပတ်သက်လို့ “မဖြစ်နိုင်တာ ဘာမှမရှိပါဘူး။” ဟုလည်း ဖွင့်ပြောကြားမှုများ ပြုလုပ်ခဲ့ပါသေးတယ်။ ပေါ့ဘာဟာ ယခုနှစ် ဘောလုံးရာသီ အစောပိုင်းမှာ ယူနိုက်တက်နည်းပြဟောင်း မော်ရင်ဟိုနဲ့ အဆင်မပြေမှုများ ဖြစ်ပွါးခဲ့ပြီး အသင်းကထွက်ခွာမယ်လို့ သတင်းများထွက်ပေါ်ခဲ့ပေမယ့် လက်ရှိအချိန်မှာတော့ နည်းပြသစ်ဆိုးလ်ရှားလက်ထက်မှာ ခြေစွမ်းပြလျက်ရှိတဲ့ ကစားသမားတစ်ဦးလည်း ဖြစ်ပါတယ်။

Photo Credit : Sky Sports

လက်ရှိအချိန်တွင်မူ သတင်းများရဲ့ ဖော်ပြချက်အရ လွန်ခဲ့တဲ့ (၂) လ ဇန်နဝါရီလမှာ ယူနိုက်တက်အသင်းဟာ ပေါ့ဘာရဲ့ အပြောင်းအရွှေ့သတင်းများကို တည်ငြိမ်သွားစေရန်အတွက် စာချုပ်သစ်ကိစ္စဆွေးနွေးရန် ကမ်းလှမ်းခဲ့ပေမယ့် ကစားသမားဖြစ်သူကတော့ ပယ်ချခဲ့ကြောင်း သိရှိရပါတယ်။ ပေါ့ဘာဟာ လက်ရှိအချိန်မှာ ယူနိုက်တက်အသင်းနဲ့ စာချုပ်သက်တမ်း (၂) နှစ်ကျန်ရှိနေဆဲဖြစ်ပြီး ပြီးခဲ့တဲ့ ရက်သတ္တပတ််အတွင်းမှာ အမြဲတမ်းနည်းပြအဖြစ် ခန့်အပ်ခြင်းခံထားရတဲ့ နည်းပြဆိုးလ်ရှားကလည်း ပေါ့ဘာကို အသင်းရဲ့ အဓိက ကစားသမားအဖြစ် ဦးတည်ချက်ထားပြီး အသင်းကို တည်ဆောက်သွားရန် ရည်ရွယ်ထားကြောင်းလည်း ဖွင့်ဟပြောကြားခဲ့ပါတယ်။