သရဲနီတွေဟာ လာမဲ့အပြောင်းအရွှေ့ရာသီမှာ အက်စတွန်ဗီလာ ကွင်းလယ်ကစားသမား Grealish ကိုခေါ်ယူဖို့ ပြင်ဆင်နေတယ်လို့သိရပါတယ်။

မန်ယူဟာ ကွင်းလယ်ကစားသမားဖြစ်သူ ပေါ့ဘာကို ယူရို သန်း (၁၀၀) နှင့်ရောင်းထုတ်ဖို့ပြင်ဆင်နေပြီး ရလာတဲ့ ငွေကြေးတွေကို Jack Grealish အားခေါ်ယူရာမှာ အသုံးပြုဖွယ်ရှိနေပါတယ်။

Source: CaughtOffside

Grealish ဟာလက်ရှိပရီးမီးယားလိဂ်မှာ ခြေစွမ်းပြကစားနေတာဖြစ်ပြီး မန်ယူအသင်းကိုပြောင်းရွှေ့ဖို့ ချိတ်ဆက်မူတွေလည်း ပြုလုပ်ခဲ့ပါသေးတယ်။

အဆိုပါ အသက် (၂၄) နှစ်အရွယ်ကွင်းလယ် ကစားသမားဟာ ပြီးခဲ့တဲ့ဘောလုံးရာသီတုံးက အက်စတွန်ဗီလာအသင်း ပရီးမီးယားလိဂ်ကို တန်းတတ်လာနိူင်အောင် အဓိကစွမ်းဆောင်ပေးခဲ့သူဖြစ်ပါတယ်။ Grealish ဟာ အက်စတွန်ဗီလာအသင်းအတွက် (၂၆) ပွဲကစားပေးထားပြီး (၇) ဂိုးသွင်းယူထားကာ (၆) ဂိုးဖန်တီးပေးထားပါတယ်။

Source: Usa Today Post

(၂၀၁၉) ခုနှစ် ဒီဇင်ဘာ (၁) ရက်နေ့ မန်ယူအသင်းနဲ့အက်စတွန်ဗီလာ အသင်းတို့ (၂-၂) စီသရေကျခဲ့သောပွဲစဉ်အပြီးတွင် မန်ယူနည်းပြ ဆိုးလ်ရှားဟာ အဆိုပါ ကွင်းလယ်ကစားသမားကို ချီးကျူးမူတွေ ပြုလုပ်ခဲ့ပြီး အနာဂတ်မှာ ခေါ်ယူသွားဖွယ်ရှိကြောင်းကိုလည်း ထည့်သွင်းပြောကြားသွားခဲ့ပါတယ်။

Source: Metro UK

မန်ယူဟာ အသင်းမှာ မပျော်မရွှင်ဖြစ်နေတဲ့ ပေါ့ဘာကို ရောင်းချသွားဖို့ အမြန်ပြင်ဆင်နေပြီး အသင်းဟောင်း ဂျူဗီတပ်နှင့်ရီးရဲလ်အသင်းတို့က ခေါ်ယူဖို့စိတ်ဝင်စားနေပါတယ်။

ပေါ့ဘာဟာ ၂၀၁၉-၂၀၂၀ ဘောလုံးရာသီတစ်ခုလုံး ဒဏ်ရာပြသာနာတွေနဲ့သာ ရင်ဆိုင်ခဲ့ရပြီး အသင်းရဲ့ပွဲစဉ်တော်တော်များများတွင်လည်း ပါဝင်ကစားပေးနိူင်ခဲ့ခြင်းမရှိခဲ့ပါဘူး။

မန်ယူအသင်းအနေနဲ့ Grealish ကိုခေါ်ယူမယ်ဆိုရင် ယူရို သန်း (၇၀) ခန့်အသုံးပြုရဖွယ်ရှိနေပါတယ်။