အာရွေဒသတဝုိက္မွာေရာ ကမာၻေပၚမွာပါ ပရိသတ္အားေပးမႈ အမ်ားဆုံးရရွိထားခဲ့တဲ႔ မန္ခ်က္စတာယူႏုိက္တက္အသင္းကေတာ့ လာမယ့္ဇူလုိင္လမွာ ရာသီႀကိဳေျခစမ္းပြဲအျဖစ္ ပရီးမီးယားလိဂ္ရဲ႕ ၿပိဳင္ဘက္အသင္းတစ္သင္းျဖစ္တဲ႔ ေတာ့တင္ဟမ္ေဟာ့စပါးအသင္းနဲ႔ တရုတ္ႏုိင္ငံ ရွန္ဟုိင္းၿမိဳ႕မွာ ေျခစြမ္းကစားသြားေတာ့မွာျဖစ္တယ္လုိ႔ သိရွိရပါတယ္။

Photo Credit : The Straits Times

လက္ရွိမွာ ယူႏုိက္တက္နဲ႔စပါးအသင္းတုိ႔က လာမယ့္ရာသီမွာ ခ်န္ပီယံလိဂ္ဝင္ခြင့္ရဖုိ႔အတြက္ အျခားေသာ အသင္းႏွစ္သင္းျဖစ္တဲ႔ အာဆင္နယ္ ခ်ယ္လ္ဆီးတုိ႔နဲ႔ အၿပိဳင္အဆုိင္ျဖစ္ေနၾကၿပီး သူတုိ႔အသင္းရဲ႕ ၿပိဳင္ဆုိင္မႈကုိ ရာသီႀကိဳေျခစမ္းပြဲအတြင္းမွာ ဆက္လက္ျမင္ေတြ႕ရေတာ့မွာျဖစ္ပါတယ္။ ယူႏုိက္တက္အသင္းဟာ ၂၀၁၆ခုႏွစ္က ျပဳလုပ္ခဲ႔တဲ႔ ရာသီႀကိဳဖိတ္ေခၚၿပိဳင္ပြဲ ICC ပြဲအျဖစ္ မန္စီးတီးအသင္းနဲ႔ တရုတ္ႏုိင္ငံမွာ သြားေရာက္ကစားဖုိ႔ စီစဥ္ခဲ႔ေပမယ့္လည္း ကြင္းအေျခအေန ဆုိးရႊားလြန္းေနတာေၾကာင့္ ပြဲပ်ယ္ျပယ္သြားခဲ႔ရပါတယ္။

Photo Credit : France 24

လက္ရွိမွာ ခ်န္ပီယံလိဂ္ဝင္ခြင့္တစ္ေနရာစာကုိ ရရွိပုိင္ဆုိင္ဖုိ႔နဲ႔ ခ်န္ပီယံလိဂ္ၿပိဳင္ပြဲမွာ ဘာစီလုိနာအသင္းကုိ ေက်ာ္ျဖတ္ဖုိ႔ ႀကိဳးစားေနတဲ႔ မန္ခ်က္စတာယူႏုိက္တက္အသင္းကေတာ့ ၂၀၁၉-၂၀၂၀ ေဘာလုံးရာသီရဲ႕ ရာသီႀကိဳေျခစမ္းပြဲအျဖစ္ လာမယ့္ဇူလုိင္လအတြင္း ၾသစေၾတးလ်ႏုိင္ငံမွာ သြားေရာက္ေဆာ့ကစားမွာျဖစ္ပါတယ္။ ယူႏုိက္တက္ဟာ ဇူလုိင္ ၁၃ ရက္ေန႔မွာ ၾသစေၾတးလ် ေအလိဂ္ကလပ္အသင္းျဖစ္တဲ႔ ပတ္ဂလုိရီအသင္းနဲ႔ ေျခစမ္းပြဲကစားမွာျဖစ္ၿပီး ဒီပြဲၿပီးရင္ေတာ့ အဂၤလန္လိဂ္ခ်န္ပီယံရွစ္ ကလပ္အသင္းတစ္သင္းျဖစ္တဲ့ လိဒ္ယူႏုိက္တက္အသင္းနဲ႔ ဇူလုိင္ ၁၇ ရက္ေန႔မွာ ဆက္လက္ေျခစမ္းဦးမွာျဖစ္ပါတယ္။ ဆက္လက္ၿပီး ယူႏုိက္တက္ဟာ စင္ကာပူႏုိင္ငံမွာ က်င္းပျပဳလုပ္သြားမယ့္ ICC 2019 ဖိတ္ေခၚၿပိဳင္ပြဲမွာလည္း ပါဝင္ယွဥ္ၿပိဳင္သြားဦးမယ္လုိ႔ သိရွိရပါတယ္ခင္ဗ်ာ။

(Unicode)

အာရှဒေသတဝိုက်မှာရော ကမ္ဘာပေါ်မှာပါ ပရိသတ်အားပေးမှု အများဆုံးရရှိထားခဲ့တဲ့ မန်ချက်စတာယူနိုက်တက်အသင်းကတော့ လာမယ့်ဇူလိုင်လမှာ ရာသီကြိုခြေစမ်းပွဲအဖြစ် ပရီးမီးယားလိဂ်ရဲ့ ပြိုင်ဘက်အသင်းတစ်သင်းဖြစ်တဲ့ တော့တင်ဟမ်ဟော့စပါးအသင်းနဲ့ တရုတ်နိုင်ငံ ရှန်ဟိုင်းမြို့မှာ ခြေစွမ်းကစားသွားတော့မှာဖြစ်တယ်လို့ သိရှိရပါတယ်။

Photo Credit : The Straits Times

လက်ရှိမှာ ယူနိုက်တက်နဲ့စပါးအသင်းတို့က လာမယ့်ရာသီမှာ ချန်ပီယံလိဂ်ဝင်ခွင့်ရဖို့အတွက် အခြားသော အသင်းနှစ်သင်းဖြစ်တဲ့ အာဆင်နယ် ချယ်လ်ဆီးတို့နဲ့ အပြိုင်အဆိုင်ဖြစ်နေကြပြီး သူတို့အသင်းရဲ့ ပြိုင်ဆိုင်မှုကို ရာသီကြိုခြေစမ်းပွဲအတွင်းမှာ ဆက်လက်မြင်တွေ့ရတော့မှာဖြစ်ပါတယ်။ ယူနိုက်တက်အသင်းဟာ ၂၀၁၆ခုနှစ်က ပြုလုပ်ခဲ့တဲ့ ရာသီကြိုဖိတ်ခေါ်ပြိုင်ပွဲ ICC ပွဲအဖြစ် မန်စီးတီးအသင်းနဲ့ တရုတ်နိုင်ငံမှာ သွားရောက်ကစားဖို့ စီစဉ်ခဲ့ပေမယ့်လည်း ကွင်းအခြေအနေ ဆိုးရွှားလွန်းနေတာကြောင့် ပွဲပျယ်ပြယ်သွားခဲ့ရပါတယ်။

Photo Credit : France 24

လက်ရှိမှာ ချန်ပီယံလိဂ်ဝင်ခွင့်တစ်နေရာစာကို ရရှိပိုင်ဆိုင်ဖို့နဲ့ ချန်ပီယံလိဂ်ပြိုင်ပွဲမှာ ဘာစီလိုနာအသင်းကို ကျော်ဖြတ်ဖို့ ကြိုးစားနေတဲ့ မန်ချက်စတာယူနိုက်တက်အသင်းကတော့ ၂၀၁၉-၂၀၂၀ ဘောလုံးရာသီရဲ့ ရာသီကြိုခြေစမ်းပွဲအဖြစ် လာမယ့်ဇူလိုင်လအတွင်း သြစတြေးလျနိုင်ငံမှာ သွားရောက်ဆော့ကစားမှာဖြစ်ပါတယ်။ ယူနိုက်တက်ဟာ ဇူလိုင်၁၃ရက်နေ့မှာ သြစတြေးလျ အေလိဂ်ကလပ်အသင်းဖြစ်တဲ့ ပတ်ဂလိုရီအသင်းနဲ့ ခြေစမ်းပွဲကစားမှာဖြစ်ပြီး ဒီပွဲပြီးရင်တော့ အင်္ဂလန်လိဂ်ချန်ပီယံရှစ် ကလပ်အသင်းတစ်သင်းဖြစ်တဲ့ လိဒ်ယူနိုက်တက်အသင်းနဲ့ ဇူလိုင် ၁၇ရက်နေ့မှာ ဆက်လက်ခြေစမ်းဦးမှာဖြစ်ပါတယ်။ ဆက်လက်ပြီး ယူနိုက်တက်ဟာ စင်ကာပူနိုင်ငံမှာ ကျင်းပပြုလုပ်သွားမယ့် ICC 2019 ဖိတ်ခေါ်ပြိုင်ပွဲမှာလည်း ပါဝင်ယှဉ်ပြိုင်သွားဦးမယ်လို့ သိရှိရပါတယ်ခင်ဗျာ။