အမျိုးသားအများစုဟာ အိမ်မွေးတိရိစ္ဆာန်တွေထဲမှာ အထူးသဖြင့် ခွေးတွေကိုသာ ချစ်ကြ၊ မွေးကြတာများပါတယ်။ ကြောင်ကိုချစ်ခင်တတ်တဲ့ အမျိုးသားကတော့ရှားပါတယ်။ သင်ဟာကြောင်လေးတွေကို ချစ်ခင်နှစ်သက်တတ်ပါသလား။ ဘာ့ကြောင့်ပါလဲ။

ကြောင်လေးတွေရဲ့အမူအကျင့်

Source:New York Post

ကြောင်လေးတွေဟာ ချစ်စရာအိမ်မွေးတိရိစ္ဆာန်လေးတွေပဲဖြစ်ပါတယ်။ သူတို့တွေဟာ သူတို့ရဲ့သခင်ကို ကိုယ်အမူအယာနဲ့ စကားပြောတတ်ကြပါတယ်။ တိတ်တိတ်ဆိတ်ဆိတ်နေတတ်ကြပြီး ကိုယ်အထီးကျန်ဝမ်းနည်းတဲ့အချိန်တွေမှာလည်း အကောင်းဆုံးအဖော်အဖြစ်ရှိနေပေးတတ်ပါတယ်။

ကြောင်ကိုချစ်တတ်တဲ့အမျိုးသားတွေ

Source: prima.co.uk

ကြောင်ချစ်တတ်တဲ့အမျိုးသားတွေကိုတွေ့ရင်တော့ တခါတည်းအနီးဆုံးကို ကပ်ထားလိုက်ပါတော့။ ကြောင်ချစ်တတ်တဲ့သူတွေဟာ စိတ်ရှည်သည်းခံတတ်သူတွေဖြစ်ပါတယ်။ ကြောင်လေးတွေရဲ့ အပြုအမူဟာ ချစ်စရာကောင်းပေမယ့် တခါတခါတော်တော်သည်းခံရပါတယ်။

ကြောင်ချစ်သူတွေရဲ့ စိတ်နေသဘောထား

Source: Pinterest

ကြောင်လေးတွေရဲ့ အမူအကျင့်ကိုကြည့်ခြင်းအားဖြင့် ကြောင်ချစ်တဲ့အမျိုးသားတွေရဲ့ စိတ်နေသဘောထားကို ခန့်မှန်းကြည့်လို့ရပါတယ်။ ကြောင်လေးတွေဟာ ပုံမှန်အချိန်မှာ အေးတိအေးစက်နေကြပေမယ့် သူတို့ချစ်ခင်သူတွေကိုတွေ့တဲ့အခါမှာတော့ အနားကမခွာတတ်ကြပါဘူး။

သားကောင်ကို တိကျသေချာစွာဖမ်းဆီးနိုင်တဲ့ အစွမ်းတွေရှိသလို အမြဲလေ့လာစူးစမ်းမှုတွေလည်း လုပ်နေတတ်ပါတယ်။ ချစ်ခင်ပြီဆိုရင် အနားမှာမြဲနေတတ်သလောက် စိတ်နာပြီဆိုရင်လည်း လှည့်မကြည့်တတ်ကြပါဘူး။ ကဲ..ဒီလောက်ဆို ကြောင်ချစ်တတ်တဲ့ အမျိုးသားတွေရဲ့ စိတ်နေသဘောထားကို သိကြရောပေ့ါ။