မြန်မာနိုင်ငံမှာ အင်တာနက်ရတဲ့ လူတိုင်းနီးပါး ဖေ့စ်ဘွတ်ခ်အသုံးပြုကြပါတယ်။ တစ်ချို့တွေက ဖေ့စ်ဘွတ်ခ်ကို ပုံမှန်သာအသုံးပြုကြပေမယ့် တစ်ချို့ကြတော့ ဖေ့စ်ဘွတ်ခ်ကို စွဲစွဲလန်းလန်း အသုံးပြုကြတယ်။ အပြင်ကသူငယ်ချင်းတွေထက် ဖေ့စ်ဘွတ်ခ်မှာ စကားပြောတဲ့သူငယ်ချင်းတွေက ပိုများတယ်ဆိုရင် သင့်အနေနဲ့ပြောင်းလဲသင့်နေပါပြီ။ ဖေ့စ်ဘွတ်ခ်ပေါ်မှာပဲ အချိန်ဖြုန်းမိနေတယ်ဆိုရင်လည်း ပြောင်းလဲသင့်နေပါပြီ။ ဒီနေ့ဆောင်းပါးမှာ ဖေ့စ်ဘွတ်ခ်စွဲလန်းမှုကို ဘယ်လိုရပ်တန့်မလဲဆိုတဲ့ အကြောင်းလေးကိုပြောပြပေးသွားမှာပါ။
အချိန်ကိုစောင့်ကြည့်ပါ

Source: Knowledge@Warton
အချိန်တွေအလာဟာသမဖြစ်အောင် တားဆီးဖို့ အရိုးရှင်းဆုံးနည်းလမ်းကတော့ အသုံးပြုတဲ့ အချိန်ကိုကန့်သတ်စောင့်ကြည့်တာပါပဲ။ ဖေ့စ်ဘွတ်သုံးတော့မယ်ဆိုရင် အချိန်တစ်ခုသတ်မှတ်လိုက်ပါ။ အချိန်ပြည့်တာနဲ့ log out လုပ်ပြီးဆက်မသုံးဘဲနဲ့ ရပ်တန့်လိုက်ပါ။
သူငယ်ချင်းတွေ မိသားစုဝင်တွေနဲ့ ပိုပြီးအချိန်ဖြုန်းပေးပါ

Source: FirstCry Parenting
ဆိုရှယ်မီဒီယာ စွဲလန်းနေတာက သင်တစ်ယောက်တည်းမဟုတ်ပါဘူး။ တခြားလူတွေလည်း ဖေ့စ်ဘွတ်ပေါ်မှာ ဓာတ်ပုံကောင်းတစ်ပုံတင်ဖို့ နာရီပေါင်းများစွာ အချိန်တွေဖြုန်းတီးနေကြပါတယ်။ အကောင်းဆုံးကတော့ ဒီအချိန်တွေက သင့်မိသားစု (သို့) ရင်းနှီးတဲ့ သူငယ်ချင်းတွေအတွက် ဖြစ်သင့်ပါတယ်။ ဒါကသင့်အတွက်ကော သူတို့အတွက်ပါ ပိုပြီးအကျိုးရှိစေပါတယ်။
ဝါသနာပါရာလုပ်ပါ

Source: Wallpaperflare
ဆိုရှယ်မီဒီယာအသုံးပြုမှုလျှော့ချလိုက်တာကြောင့် သင့်မှာအချိန်ပိုတွေရလာပါလိမ့်မယ်။ ဒီအချိန်တွေကို ကိုယ်ကြိုက်နှစ်သက်သဘောကျတဲ့ ဝါသနာတစ်ခုခုကို လုပ်နေလိုက်ပါ။ အကြောင်းအရာတစ်ခုခုကို သင်ယူတာ သိပြီးသားတက်ပြီးသားတွေကို ပိုပြီးသိလာအောင်တက်လာအောင် လေ့လာတာမျိုးတွေပြုလုပ်ပေးပါ။ ဒီလိုလေးလုပ်ပေးခြင်းက သင့်အတွက်အကျိုးလည်းရှိသလို စိတ်လည်းပျော်ရွှင်လာမှာပါ။
ပရဟိတ

Source: Division-of-Extension
လူအဖွဲ့အစည်းကို အကျိုးပြုမယ့် အလုပ်ကိစ္စတွေကို ကိုယ်ကျိုးမငဲ့ဘဲ လုပ်ပေးတာမျိုး ဖြစ်ပါတယ်။ ဒီလိုလုပ်ငန်းတွေကို လုပ်တဲ့အခါ ကိုယ့်ကိုယ်ကိုယ်ကျေနပ်ပြီး စိတ်ကလည်း သိမ်မွေ့လေးနက်ပါတယ်။ ဘေးပတ်ဝန်းကျင်က ဝင်လာမှာတွေထက် ကိုယ့်ကိုယ်ကိုယ်တည်ဆောက်ကာကွယ်ပြီးသား ဖြစ်ပါတယ်။ တစ်ကိုယ်တော်ပဲ လုပ်လုပ်၊ အဖွဲ့အစည်းနဲ့ပဲလုပ်လုပ် စိတ်ပိုင်းဆိုင်ရာအရ သင့်အတွက် သိသာတဲ့အကျိုးကျေးဇူးတွေရမှာပါ။ အများကို မကူညီနိုင်ရင်တောင် သူငယ်ချင်းတွေနဲ့ မိသားစုဝင်တွေက လိုအပ်တာတွေကိုကူညီပေးလို့လည်း ရတယ်ဆိုတာ မမေ့ပါနဲ့။
