ပြီးခဲ့တဲ့ လပိုင်းလောက်ကစတင်ပြီး မန်ချက်စတာယူနိုက်တက်အသင်းရဲ့ ပိုင်ရှင် ဂလေဇာ မိသားစုအနေနဲ့ အသင်းကို အပြီးသတ်ရောင်းချဖို့အတွက် စီစဉ်လာခဲ့တယ်လို့ သတင်းတွေက ဖော်ပြခဲ့ပြီး ဝယ်ယူဖို့အတွက် ပြင်ဆင်လာခဲ့သူတွေကတော့ ဆော်ဒီအာရေဗျနိုင်ငံကလို့ ဖော်ပြခဲ့ကြပါတယ်။

Source : Manchester United Fan Page

(၂၀၀၃) ခုနှစ် စက်တင်ဘာလမှာ အသင်းရဲ့ ရှယ်ယာ(၃.၁၇) ရာခိုင်နှုန်းသာ ပိုင်ဆိုင်ခဲ့တဲ့ ဂလေဇာတို့ မိသားစုကတော့ (၄) လအတွင်းမှာ ရှယ်ယာ (၁၂) ရာခိုင်နှုန်းလောက် တိုးမြှင့်ပိုင်ဆိုင်နိုင်ခဲ့သလို တစ်နှစ်နီးပါးအကြာမှာတော့ ရှယ်ယာစုစုပေါင်း (၂၈) ရာခိုင်နှုန်းကို ပိုင်ဆိုင်နိုင်ခဲ့ပါတယ်။(၂၀၀၅) ခုနှစ်မှာတော့ ရှယ်ယာ (၅၇) ရာခိုင်နှုန်းပိုင်ဆိုင်ခဲ့ပြီး ဒုတိယရှယ်ယာအများဆုံးပိုင်ဆိုင်သူနဲ့ (၃၀) ရာခိုင်နှုန်းလောက် ကွာဟခဲ့တာကြောင့် အသင်းကို တစ်ဦးတည်းပိုင်ရှင်အဖြစ် စတင်ထိန်းချုပ်ခဲ့ပါတယ်။

လက်ရှိအချိန်မှာတော့အသင်းရဲ့ ရှယ်ယာ (၉၈) ရာခိုင်နှုန်းကို ဂလေဇာမိသားစုပိုင်ဆိုင်ထားခဲ့ပြီး ကျန်ရှယ်ယာတွေကိုလည်း လိုက်လံဝယ်ယူနေတယ်လို့ ဆိုပါတယ်။ အသင်းရဲ့ ရှယ်ယာတွေကို (၂၀၀၅) ခုနှစ်မှာ ဝယ်ယူခဲ့စဉ်က ဂလေဇာ ငွေကြေးပေါင် (၅၂၅) သန်းလောက် အကြွေးတင်ခဲ့ပြီး (၂၀၁၉) ခုနှစ်ရောက်ရှိချိန်ထိ (၃၈) သန်းသာ ပြန်လည်ပေးအပ်ခဲ့ရသေးလို့ စုစုပေါင်း (၄၈၇) သန်းပေးချေစရာကျန်ရှိနေလို့ အသင်းကိုရောင်းချဖို့ ပြင်ဆင်လာတာဖြစ်နိုင်တယ်လို့ သတင်းတွေက ဖော်ပြနေပါတယ်။

မန်ချက်စတာ ယူနိုက်တက်အသင်း အောင်မြင်မှုတွေနဲ့ ဝေးကွာနေခဲ့တာ နှစ်ပေါင်းတော်တော်လေးကြာမြင့်နေခဲ့ပြီဖြစ်လို့ အသင်း ပရိသတ်တွေအနေနဲ့ ဂလေဇာအသင်းကို ရောင်းချပြီး ငွေကြေးအင်အားတောင့်တင်းတဲ့ အသင်းပိုင်ရှင်ရောက်လာပြီး ပြောင်းလဲမှုတွေ ပြုလုပ်ဖို့အတွက် ရှိနေခဲ့တယ်ဆိုတာက သတင်းကောင်းတစ်ခုဖြစ်ခဲ့ပါတယ်။

ဆော်ဒီအိမ်ရှေ့မင်းသား ဖြစ်သူ မိုဟာမက် ဘင်ဆယ်လ်မန်အနေနဲ့ အသင်းကို ပေါင် (၃.၈) ဘီလီယံနဲ့ ဝယ်ယူမယ်လို့ ဆိုခဲ့ပေမယ့် သူ့ရဲ့မီဒီယာဝန်ကြီးဖြစ်သူက ဒီသတင်းကို ငြင်းပယ်ခဲ့လို့ အသင်းကိုဝယ်ယူဖို့ ဆွေးနွေးမှုတွေက ပိုပြီးတော့ဝေးကွာသွားခဲ့ရပါတယ်။

Source : Myanmar Fantasy Football