မန်ချက်စတာယူနိုက်တက်အသင်းရဲ့ အဓိကဂိုးသမားတစ်ဦးဖြစ်တဲ့ ဒီဂီယာကတော့ အစောပိုင်းကာလတွေမှာ အသင်းမှ ထွက်ခွာမယ်ဆိုတဲ့ သတင်းတွေထွက်ပေါ်နေခဲ့ပြီး PSG အသင်းကလည်းခေါ်ယူဖို့ ဆန္ဒရှိနေခဲ့တာကြောင့် ဒီဂီယာကို မန်ယူအသင်းမှာဆက်လက်မြင်တွေ့ဖို့ မရေမရာဖြစ်နေခဲ့ပါတယ်။

ဒီဂီယာဟာ လက်ရှိမန်ယူအသင်းမှာ တစ်ပတ်ကို လုပ်ခလစာ ပေါင် (၂) သိန်းရရှိနေတဲ့ကစားသမားတစ်ဦးဖြစ်ပြီး ဒီဂီယာအနေနဲ့ လာမယ့်ဘောလုံးရာသီမှာ လစာတိုးမြှင့်တောင်းဆိုဖို့ ဆန္ဒရှိနေခဲ့ပါတယ်။ မန်ယူအသင်းအနေနဲ့ ဒီဂီယာကို လစာပေါင် (၃) သိန်းအထိတိုးမြှင့်ပေးကာ စာချုပ်သက်တမ်းတိုးရန် ကြိုးပမ်းခဲ့ဖူးသော်လည်း နှစ်ဖက်သဘောတူညီမှုမရရှိခဲ့တာကြောင့် ညှိနှိုင်းမှု ရပ်ဆိုင်းထားခဲ့တယ်လို့ သိရပါတယ်။

Source : eurosport.co.uk

မန်ယူအသင်းနဲ့ ညှိနှိုင်းမှုအဆင်မပြေခဲ့ပါက ဒီဂီယာဟာလာမယ့် (၂၀၂၀) ခုနှစ်မှာ အသင်းကနေ ထွက်ခွာသွားမှာဖြစ်ပါတယ်။ မန်ယူအသင်းဟာ ဂိုးသမားဒီဂီယာကို လစာတိုးမြင့်ပေးဖို့ ဆန္ဒမရှိပေမယ့်လည်း လာမယ့်ဘောလုံးရာသီမှာ ဒီဂီယာကို အလွတ်ပြောင်းရွေ့ကြေးနဲ့ အသင်းက ထွက်ခွာခွင့်ပြုရမှာဖြစ်တာကြောင့် လစာကိုပြန်လည်ညှိနှိုင်းကာ စာချုပ်သက်တမ်းအသစ်ချုပ်ဆိုဖို့ ထပ်မံ ပြင်ဆင်ခဲ့ရတာဖြစ်ပါတယ်။

ဒီဂီယာအနေနဲ့ မန်ယူအသင်းမှ တစ်ပတ်ကို လုပ်ခလစာ ပေါင်(၃) သိန်းခွဲအထိ ရဖို့ဆန္ဒရှိနေခဲ့တာဖြစ်ပြီး ၎င်းဆန္ဒတွေ အမှန်တကယ်ပြည့်ဝကာ အသင်းနဲ့စာချုပ်သက်တမ်းသစ် ချုပ်ဆိုနိုင်တော့မှာဖြစ်ကြောင်း ဗြိတန်သတင်းဌာနတွေမှာ ရေးသားဖော်ပြထားပါတယ်။

Source : premierleague.com

မန်ယူအသင်းဟာ ဒီဂီယာနှင့် ပြန်လည်ညိနှိုင်းမှုတွေပြုလုပ်ခဲ့ပြီးတဲ့နောက်မှာတော့ ၎င်းတောင်းဆိုခဲ့တဲ့ တစ်ပတ်လုပ်ခလစာ ပေါင်(၃)သိန်းခွဲဖြင့် လေးနှစ်သက်တမ်းရှိတဲ့ စာချုပ်အသစ်ကို ထပ်မံချုပ်ဆိုသွားဖို့ အသင့်ရှိနေတယ်လို့ သိရပါတယ်။ ဂိုးသမားဒီဂီယာနဲ့ မန်ယူအသင်းတို့ရဲ့ လက်ရှိစာချုပ်ကတော့ လာမယ့် ၂၀၂၀ မှာ သက်တမ်းကုန်ဆုံးမှာဖြစ်ပြီး ညှိနှိုင်းထားတဲ့အတိုင်းသာ တရားဝင်သဘောတူညီမှုရရှိသွားမယ်ဆိုရင်တော့ လာမယ့် (၂၀၂၃) ခုနှစ်အထိ အသင်းမှာ ဆက်လက်မြင်တွေ့ရအုန်းမှာပဲ ဖြစ်ပါတယ်။

Source : sportsmole.co.uk

အသက် (၂၈)နှစ်အရွယ် ဂိုးသမား ဒီဂီယာဟာ ပြီးခဲ့တဲ့ (၂၀၁၁)ခုနှစ်က အက်သလက်တီကိုအသင်းကနေ မန်ယူအသင်းကိုပြောင်းရွှေ့လာခဲ့တာဖြစ်ပြီး မန်ယူအသင်းနဲ့ ကစား သမားသက်တမ်း (၆)နှစ်တာကာလအတွင်း အကောင်းဆုံး ကစားသမားစာရင်းဝင်ခဲ့ကာ ကလပ်ရဲ့ အကောင်းဆုံးကစားသမားဆုကိုလည်း (၄)ကြိမ်တိုင်တိုင်ရရှိခဲ့တဲ့ ကစားသမားတစ်ယောက်ပဲ ဖြစ်ပါတယ်။