လာမယ့်အပြောင်းအရွှေ့ကာလတွင်းမှာ ဥရောပထိပ်သီးကလပ်အများစုရဲ့ ပစ်မှတ်ကစားသမားကိုပြောပါဆိုရင်တော့ အေဂျက်ကစားသမား ဗန်ဒီဘိခ်ကို ညွန်ပြရမှာပါ။ သတင်းတွေအရ ဗန်ဒီဘိခ်ကို ခေါ်ယူဖို့ ကြိုးစားနေတဲ့ အသင်းတွေမှာ မန်ယူ၊ စပါး၊ ရီးရဲ နဲ့ ဘာစီလိုနာ အသင်းအပါအဝင် အခြားထိပ်သီးအသင်းတွေလည်း ပါဝင်နေကြောင်းသိရပါတယ်။
Source: AS English
ဟော်လန်နိူင်ငံသား ဗန်ဒီဘိခ်ဟာ သူ့ရဲ့ကစားသမားဘဝကို နိူင်ငံအခြေစိုက်ကလပ်အသင်းတခုဖြစ်တဲ့ ဗီချီဗွိုင်းမှာ စတင်ခဲ့ပါတယ်။ (၂၀၁၄) ခုနှစ်မှာတော့ အေဂျက်အကယ်ဒမီကို ရောက်ရှိခဲ့ပြီး မကြာခင်မှာပဲ အသင်းအတွက်အရေးကြီးတဲ့ ပွဲစဉ်တွေမှာ ပွဲထွက်ကစားခွင့်ရရှိခဲ့ပါတယ်။
(၂၀၁၅) ခုနှစ် နိုဝင်ဘာလတွင် ဆဲလ်တစ်အသင်းနဲ့ ယူရိုပါလိဂ်ပွဲစဉ်မှာ ဝင်ရောက်ကစားခွင့်ရရှိခဲ့ပြီး နောက်ပိုင်း အသင်းမှာ ပုံမှန်ပွဲထွက်ခွင့်ရရှိခဲ့ပါတယ်။ အဲ့ဒီအချိန်ကတည်းက စပါး၊ ဘိုင်ယန်နဲ့ ဘာစီလိုနာ တို့ရဲ့ ပစ်မှတ်တခုဖြစ်လာခဲ့တာပါ။
Source: Football Espana
ဗန်ဒီဘိခ်ဟာ စွယ်စုံရကွင်းလယ်ကစားသမားတစ်ဦးဖြစ်ပါတယ်။ သူကွင်းလယ်တိုက်စစ်၊ ဗဟိုကွင်းလယ် နေရာတွေမှာ ကစားနိူင်စွမ်းရှိပါတယ်။ အသက် (၂၂) နှစ်သာရှိသေးတဲ့ ဗန်ဒီဘိခ်ဟာ ကွင်းလယ်ကစားသမားဆိုပေမယ့် တိုက်စစ်နဲ့ ချိတ်ဆက်ကစားနိူင်စွမ်းရှိပြီး လိုအပ်ပါက ခံစစ်နေရာတွေကိုပါ ဝင်ကူနိူင်စွမ်းရှိတာကြောင့် နည်းပြတော်တော်များများက အနာဂတ် အလားအလာရှိတဲ့ လူငယ်ကစားသမားတစ်ဦးအဖြစ် သတ်မှတ်ထားကြပါတယ်။
Source: The-Boot-Room
ပြီးခဲ့တဲ့ရာသီတုန်းက ဗန်ဒီဘိခ်ကို ခေါ်ယူဖို့ ကြိုးစားခဲ့တဲ့ အသင်းတွေကတော့ မန်ယူ နဲ့ ရီးရဲမက်ဒရစ် အသင်းတို့ဖြစ်ပါတယ်။ ကစားသမားအနေနဲ့ ပရီးမီးယားလိဂ်ကို ပြောင်းရွှေ့ကစားမယ်လို့ သတင်းတွေထွက်ခဲ့ပေမယ့် ယနေ့အထိတော့ အပြောင်းအရွှေ့ဖြစ်မလာသေးပါဘူး။ မန်ယူအသင်းဟာ အသင်းနဲ့ လမ်းခွဲဖို့နာမည်ကြီးနေတဲ့ ပေါ့ဘာနေရာမှာ အစားထိုးဖို့အတွက် အဆိုပါစွယ်စုံရ ကစားသမားကို ခေါ်ယူချင်နေတာလည်းဖြစ်ပါတယ်။
Source: Talk Sport
ဗန်ဒီဘိခ်နဲ့အသင်းကြားမှာရှိတဲ့ စာချုပ်သက်တမ်းဟာဆိုရင် (၂) နှစ်သာရှိပါတော့တယ်။ ဒါကြောင့် အသင်းကလည်း စာချုပ်သက်တမ်းမတိုးနိူင်ခဲ့ဘူးဆိုရင် ရောင်းချသွားဖို့ ဆန္ဒရှိနေတာပါ။ လာမယ့် အပြောင်းအရွှေ့ဈေးကွက်မှာတော့ ဗန်ဒီဘိခ်တစ်ယောက် စပိန်မြေကို ခြေချမလား အင်္ဂလန်မြေမှာ ခြေချမလားဆိုတာတော့ စောင့်ကြည့်ရအုံးမှာပါ။