မန်ချက်စတာယူနိုက်တက်အသင်းဟာ ပြင်သစ်တိုက်စစ်မှူး အန်တိုနီ မာစီယဲလ်ကို ရာသီအကုန်အထိ ဆီဗီလာအသင်းထံ ပြောင်းရွေ့ဖို့ သဘောတူခဲ့ပြီးနောက် လင်ဂတ်နဲ့ ဗန်ဒီဘိခ်တို့ကိုလည်း ထပ်မံအငှားချဖို့ ဆွေးနွေးမှုတွေ ပြုလုပ်နေတယ်လို့ သိရပါတယ်။

manchester-united-are-now-prepared-to-let-jesse-lingard-leave-on-loan-after-his-talks-with-ralf-rangnick-from-dubai-but-newcastle-are-still-some-way-apart-with-old-trafford-club-on-agreeing-a-fee

Photo : Manchester Evening News

လင်ဂတ်ရဲ့အပြောင်းအရွေ့အတွက် အင်္ဂါနေ့က နယူးကာဆယ်အသင်းနဲ့ ဆွေးနွေးမှုတွေပြုလုပ်ခဲ့တာဖြစ်ပြီး ဆော်ဒီအသင်းပိုင်ရှင်တွေက အငှားခေါ်ယူကြေးနဲ့ အပိုဆုကြေးတွေအပါအဝင် တစ်ပတ်လုပ်ခလစာ ပေါင် ၁၀၀,၀၀၀ အထိပေးချေသွားဖို့ ကမ်းလှမ်းထားတာ ဖြစ်ပါတယ်။

ယူနိုက်တက်အသင်းဟာ တောင်ပံကစားသမားအတွက် ထိပ်သီးပြိုင်ဘက်အသင်းတွေဖြစ်တဲ့ တော့တင်ဟမ်နဲ့ ဝက်စ်ဟမ်းတို့ရဲ့ ကမ်းလှမ်းမှုတွေကို ပယ်ချခဲ့ပြီးနောက် ဆောင်းရာသီအားလပ်ရက်အတွင်း နည်းပြရန်းနစ်ခ်တစ်ယောက် လင်ဂတ်နဲ့ အပြောင်းအရွေ့ကိစ္စကို ဒူဘိုင်းမှာ ဆွေးနွေးမှုတွေပြုလုပ်ခဲ့တာ ဖြစ်တယ်လို့ သတင်းတွေမှာ ဖော်ပြထားပါတယ်။

ဒါပေမယ့် ဇန်နဝါရီအပြောင်းအရွှေ့ဈေးကွက်ပိတ်ဖို့ ၆ ရက်သာလိုတော့တဲ့အချိန်အထိ ကလပ်အသင်း ၂ သင်းရဲ့ ဆွေးနွေးညှိနှိုင်းမှုတွေက တိုးတက်မှုသိပ်မရှိသေးတာပဲ ဖြစ်ပါတယ်။

လင်ဂတ်ဟာ လက်ရှိဇန်နဝါရီအပြောင်းအရွေ့ကာလမှာ အငှားနဲ့ သွားရောက်ကစားဖို့ မရှိဘူးဆိုရင် လာမယ့်နွေရာသီမှာ ယူနိုက်တက်အသင်းနဲ့ ၂၁ နှစ်တာဖြတ်သန်းမှုကို အဆုံးသတ်မှာဖြစ်ပြီး ယူနိုက်တက်အသင်းကနေ အလွတ်နဲ့ ထွက်ခွာခွင့်ရရှိမှာ ဖြစ်ပါတယ်။

အသက် ၂၉ နှစ်ရွယ် အင်္ဂလန်လက်လက်ရွေးစင် ကစားသမားဟာ ယခုနှစ်ဘောလုံးရာသီအတွင်း နည်းပြဆိုးရှားလ်နဲ့ ရန်းနစ်ခ်တို့လက်အောက်မှာ ၂ ပွဲသာ ပါဝင်ကစားခွင့်ရထားပြီး ဒီနှစ်ကမ္ဘာ့ဖလားအမီ ဂါရတ်ဆောက်ဂိတ်ရဲ့ လူစာရင်းမှာ နေရာပြန်ရဖို့ စိတ်အားထက်သန်နေတာ ဖြစ်ပါတယ်။

manchester-united-are-now-prepared-to-let-jesse-lingard-leave-on-loan-after-his-talks-with-ralf-rangnick-from-dubai-but-newcastle-are-still-some-way-apart-with-old-trafford-club-on-agreeing-a-fee
Photo : The Mirror

လင်ဂတ်ဟာ ပြီးခဲ့တဲ့ ဘောလုံးရာသီတုန်းက ဝက်စ်ဟမ်းအသင်းထံ အငှားနဲ့ သွားရောက်ကစားခဲ့ပြီး အကောင်းဆုံးခြေစွမ်းပြခွင့်ရရှိခဲ့ကာ ယခုနှစ်မှာလည်း နယူးကာဆယ်အသင်းကို အငှားနဲ့ ပြောင်းရွှေ့ဖို့ ဆန္ဒရှိနေတာပဲ ဖြစ်ပါတယ်။

တစ်ဖက်မှာလည်း ခရစ္စတယ်ပဲလေ့စ်က ယူနိုက်တက်ရဲ့ အရံကစားသမားတစ်ဦးဖြစ်တဲ့ ဗန်ဒီဘီခ်ကို ကာလတိုအငှားခေါ်ယူဖို့ စိတ်ဝင်စားနေတာ ဖြစ်ပါတယ်။ ယူနိုက်တက်အနေနဲ့ ပြီးခဲ့တဲ့နွေရာသီမှာ အဲဗာတန်အသင်းက အငှားနဲ့ခေါ်ယူဖို့ ကမ်းလှမ်းခဲ့တဲ့ နယ်သာလန်ကစားသမားကို ပိတ်ဆို့မှုတွေလုပ်ခဲ့ပေမယ့် ဗလင်စီယာနဲ့အတူ ယခုကမ်းလှမ်းမှုတွေက ယူနိုက်တက်အသင်းအတွက် နောက်ထပ်ရွေးချယ်စရာတစ်ခု ဖြစ်လာမလားဆိုတာတော့ ဆက်လက်စောင့်ကြည့်ရအုန်းပါ။

Featured Photo : Daily Mail