ပရီးမီးယားလိဂ် ကလပ် မန်ယူအသင်းအနေနဲ့ ယခုနှစ် အပြောင်းအရွှေ့ကာလမှာ ရီးရဲတောင်ပံတိုက်စစ်း တစ်ဦးဖြစ်တဲ့ ဂါးရက်ဘေးလ်ကို ခေါ်ယူခဲ့မယ်ဆိုပါက ပေါင် (၁၈.၅) သန်းသာ ပေးချေရမယ်လို့ သတင်းတွေက ဖော်ပြနေကြပါတယ်။

Source: FootTheBall

မန်ယူအသင်းဟာ ဒေါ့မွန်တိုက်စစ်မှူး ဆန်ချိုကို ခေါ်ယူနိုင်ဖို့အတွက် ချိတ်ဆက်မှုတွေ ပြုလုပ်ခဲ့ပေမယ့် အဆင်မပြေမှုတွေ ရှိနေတာပါ။ ကစားသမားနဲ့ ပုဂ္ဂိုလ်ရေး ဆိုင်ရာ သဘောတူညီမှုရယူနိူင်ပေမယ့် ဒေါ့မွန်အသင်းဖက်က တောင်းဆိုတဲ့ ပြောင်းရွှေ့ကြေးကိစ္စ ညိနိုင်းရာမှာ အဆင်မပြေမှုတွေရှိနေတာပါ။

လက်ရှိမှာ မန်ယူဟာ အသင်းတိုက်စစ်ကို အားဖြည့်ဖို့အတွက် တိုက်စစ်ကစားသမားတွေ ရှာဖွေလျက်ရှိနေပြီး ပါရီဆစ်၊ ဘေးလ် (သို့) ဒေါက်ကလပ် ကော်စတာ တစ်ဦးဦးကို ခေါ်ယူသွားဖွယ်ရှိနေပါတယ်။

ဘေးလ်ကို မန်ယူအသင်းအပြင် အသင်းဟောင်းဖြစ်တဲ့ စပါးအသင်းကလည်း ခေါ်ယူဖို့ ကြိုးပမ်းလာဖွယ်ရှိနေပါတယ်။ ဘေးလ်ဟာ ရီးရဲအသင်းမှာ တစ်ပက်လုပ်ခ ပေါင် (၆) သိန်းအထိရရှိနေသူဖြစ်ပြီး သူ့ကိုခေါ်ယူမယ့် အသင်းတွေအနေနဲ့ လစာငွေပေးချေရာမှာ အခက်တွေ့နေတာပါ။ ရီးရဲအသင်းကတော့ ဘေးလ်ကို ခေါ်ယူမယ့်အသင်းကို ကစားသမားရဲ့ လုပ်ခလစာ တစ်ဝက်စိုက်ထုတ်ပေးသွားမှာဖြစ်ကြောင်း သတင်းတွေကဖော်ပြနေကြပါတယ်။

Source: The Real Champs

ဘေးလ်ကိုယ်တိုင်က မကြာသေးခင်က ရီးရဲအသင်းကနေထွက်ခွာပြီး ပရီးမီးယားလိဂ်သို့ ပြန်လည်ခြေချလိုကြောင်း ပြောကြားထားတာတွေရှိပါတယ်။ ဒါကြောင့် ဘေးလ်ရဲ့ အပြောင်းအရွှေ့ဖြစ်လာမလားဆိုတာကိုတော့ စောင့်ကြည့်ရအုံးမှာပါ။ ဘေးလ်ဟာ ရီးရဲအသင်းအတွက် ပြီးခဲ့တဲ့ ဘောလုံးရာသီတွင် ပြိုင်ပွဲစုံ ပွဲ (၂၀) ပါဝင်ကစားပေးထားပြီး (၃) ဂိုးသွင်းယူပေးထားပါတယ်။

Source: Football Talk

မန်ယူအသင်းဟာ လက်ရှိကစားသမား ခေါ်ယူရာတွင် အေဂျက်အသင်းမှ ဗန်ဒါလိခ် ကို ပေါင် သန်း (၄၀) ဖြင့်ခေါ်ယူထားပါတယ်။ နောက်ထပ်လည်း ကွင်းလယ်ကစားသမားတစ်ဦးကို ခေါ်ယူဖို့ ပြင်ဆင်နေပြီး ဘေယန်မြူးနစ်မှာ အယ်ကန်တာရာကို မျက်စိကျနေကြောင်း သတင်းတွေက ဖော်ပြနေကြပါတယ်။ အကယ်၍ အဆိုပါကစားသမားကို ခေါ်ယူမယ်ဆိုပါက လီဗာပူးအသင်းနဲ့ အပြိုင်ကြိုးစားရဖွယ်ရှိနေပါတယ်။