တနင်္ဂနွေ ညကယှဉ်ပြိုင် ကစားသွားခဲ့တဲ့ မန်ချက်စတာ ဒါဘီပွဲစဉ်မှာ မန်ယူက အိမ်ကွင်းမှာ မန်စီးတီးအသင်းကို (၂-၀) နဲ့အနိူင်ရရှိခဲ့ပါတယ်။

ဒီပွဲဟာ အများထင်ထားသလို ခိုက်ရန်ဖြစ်ပွားမှုမရှိ၊ ဖျက်ထုတ်မူ ကြမ်းတမ်းမူမရှိ ပဲသန့်သန့်လေးပြီးဆုံးသွားခဲ့တာကို တွေ့ခဲ့ရပါတယ်။

မန်ယူအသင်းမှာ ဒဏ်ရာရကစားသမားတွေက လွဲလို့ အဓိကကစားသမားတွေနဲ့ လူစုံပါဝင်ကစားသွားခဲ့ပါတယ်။ မန်ယူဟာ ဒီပွဲမှာ နောက်ခံကစားသမား (၅) ဦးအထိ အသုံးပြုခဲ့ပြီး တန်ပြန်တိုက်စစ်ကိုအသားပေးကစားသွားခဲ့ပါတယ်။

Source: Cyprus Mail

မန်စီးတီးအသင်းကတော့ မာရက်စ်အစား ဖိုဒန်ကို ထည့်သွင်းကစားခဲ့ပြီး ဂိုးသမား ဘရာဗို ကိုလည်းအရန်ခုံမှာ ပိုထားခဲ့ပါတယ်။ မန်စီးတီးအသင်းဟာ ဂိုးသမား အဲဒါဆန် ရဲ့မှားယွင်းမူတွေကြောင့် ရှုံးနိမ့်ခဲ့ရတယ်ဆိုလည်း မမှားပါဘူး။

တစ်ပွဲလုံးမှာ မန်စီးတီးအသင်းက ဘောလုံးပိုင်ဆိုင်မူ (၇၂.၃) ရာခိုင်နှုန်းအထိရှိခဲ့ပြီး မန်ယူအသင်းက (၂၇.၇) ရာခိုင်နှုန်းသာ ရှိခဲ့ပါတယ်။ မန်ယူအသင်းက ရလာတဲ့အခွင့်အရေးတွေကို အမိအရအသုံးချခဲ့တာကောင့် နိူင်ပွဲနဲ့ ထိုက်တန်တယ်လို့ ပြောရပါမယ်။

ပွဲကစားချိန် မိနစ် (၃၀) အရောက်မှာ ဖာနန်ဒက်စ် ရဲ့ လှပတဲ့ ဖန်တီးပေးမူကနေတဆင့် တိုက်စစ်မူး မာရှယ်က မန်ယူအသင်းအတွက် အဖွဲ့ဂိုးသွင်းယူပေးခဲ့ပါတယ်။ ပထမပိုင်းမှာ မန်စီးတီးအသင်းဟာ မန်ယူအသင်းဘက် ဂိုးပေါက်ကန်သွင်းမှု တစ်ကြိမ်သာရှိခဲ့ပြီး ဒီရာသီ အနည်းဆုံးလည်း ဖြစ်ပါတယ်။

Source: Fidar News

ပထမပိုင်းတစ်ပိုင်းလုံးဟာ စိတ်ဝင်စားဖွယ်ကြီးကြီးမားမားမရှိခဲ့ပဲ မန်စီးတီးအသင်းကသာ ဘောလုံးကိုင် ကစားသွားခဲ့ပါတယ်။ ဒုတိယပိုင်း အရောက်မှာတော့ မန်စီးတီးနည်းပြ ဂွာဒီယိုလာက ဂျီးဆပ်စ်၊ မာရက်စ် တို့ကိုထည့်သွင်းက နည်းဗျူဟာအပြောင်းအလဲလုပ်ခဲ့ပါတယ်။ ဒါပေမဲ့ မန်ယူဂိုးသမား ဒီဂီယာ လက်စွမ်းပြ ကာကွယ်နေခဲ့တာကြောင့် ချေပဂိုး သွင်းယူနိူင်ခဲ့ခြင်း မရှိခဲ့ပါဘူး။

ပွဲကစားချိန်ပြည့်လို့ နာကျင်အချိန်ပို မိနစ်မှာ မန်ယူအသင်းအတွက် အနိူင်သေချာစေမဲ့ ဂိုးကို ကွင်းလယ်ကစားသမား မက်တွန်မီနေး ကမန်စီးတီး ဂိုးသမားရဲ့အမှားကနေတဆင့် ပါးပါးနပ်နပ် သွင်းယူပေးသွားခဲ့ပါတယ်။

Source: Evening Standard

ဒီပွဲမှာ ချီကျူးရမဲ့ကစားသမားကတော့ မန်ယူဂိုးသမား ဒီဂီယာ ဖြစ်ပြီး မန်စီးတီး ကစားသမားတွေရဲ့ ဂိုးပေါက်ကန်သွင်းမူ အကြိမ်တော်တော်များများကို ပုတ်ထုတ်ကာကွယ်သွားနိူင်ခဲ့ပါတယ်။

မန်ယူအသင်းဟာ ဒီနိူင်ပွဲကြောင့် ချန်ပီယံလိဂ် ဝင်ခွင့်တစ်နေရာအတွက် ပိုမိုအခွင့်အရေးရရှိသွားခဲ့ပါတယ်။