မန်ချက်စတာယူနိုက်တက်အသင်းဟာ ဒွန်နီဗန်ဒီဘိခ်ကို ခေါ်ယူဖို့အတွက် အေဂျက်အသင်းနဲ့ ပြောဆိုဆွေးနွေးမှုတွေ ပြုလုပ်နေပြီဖြစ်တယ်လို့ Metro ရဲ့ ဖော်ပြချက်အရ သိရပါတယ်။
နယ်သာလန်သတင်းစာ De Telegraaf ရဲ့ သတင်းအရ အေဂျက်နဲ့ ရီးရဲမက်ဒရစ်အသင်းတို့ဟာ ဗန်ဒီဘိခ်အတွက် ယူရိုသန်း ၅၀ နဲ့ အပြောင်းအရွှေ့ပြုလုပ်ဖို့ သဘောတူညီမှု ရရှိခဲ့ပြီးဖြစ်တယ်လို့ သိရပါတယ်။ဗန်ဒီဘိခ်လည်း ရီးရဲမက်ဒရစ်အသင်းကို ပြောင်းရွှေ့ဖို့အတွက် သဘောတူညီခဲ့ပြီး စပိန်လာလီဂါကို ပြောင်းရွှေ့ဖို့အတွက် ဆေးစစ်မှု ခံယူဖို့တစ်ခုသာ ကျန်ရှိတော့တာဖြစ်တယ်လို့ သိရပါတယ်။
Photo : All About Ajax
သဘောတူညီမှုဟာ တစ်ဆင့်သာ ကျန်ရှိတော့တာဖြစ်ပေမယ့်လည်း ရီးရဲမက်ဒရစ်အသင်းဟာ လာလီဂါပြိုင်ပွဲ ရပ်ဆိုင်းထားခဲ့ရတဲ့အတွက်ကြောင့် ၎င်းတို့ရဲ့ဘဏ္ဍာရေးအခြေအနေ မရေရာမှုတွေရှိနေတဲ့အတွက် အပြောင်းအရွှေ့ကို အတည်ပြုလိုတဲ့ဆန္ဒမရှိဘူးလို့ သိရပါတယ်။
De Telegraaf ရဲ့ သတင်းအရ မန်ချက်စတာယူနိုက်တက်အသင်းဟာ ရီးရဲမက်ဒရစ်အသင်းရဲ့ နှောင့်နှေးနေမှုကို အခွင့်ကောင်းယူနိုင်ဖို့ မျှော်လင့်နေပြီး ယခုအပတ်အစောပိုင်းမှာ အေဂျက်အသင်းနဲ့ ပြောဆိုဆွေးနွေးမှုတွေ စတင်ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
Source : Sportskeeda
မန်ချက်စတာယူနိုက်တက်နဲ့ အေဂျက်အသင်းရဲ့ အလုပ်အမှုဆောင်ချုပ် အက်ဒွင်ဗန်ဒါဆားတို့ကြားက ကောင်းမွန်တဲ့ဆက်ဆံရေးက အေဂျက်အသင်းကို လျင်လျင်မြန်မြန်ရောင်းချဖို့ ပိုမို အလေးသာစေနေတယ်လို့ သိရပါတယ်။