မေန႔ညက မန္ခ်က္စတာယူႏုိက္တက္အသင္းရဲ႕ အိမ္ကြင္း အုိးထရက္ဖုိဒ့္ကြင္းအတြင္းမွာ ယူႏုိက္တက္ဂႏၱဝင္ကစားသမားေဟာင္းမ်ားအသင္းနဲ႔ ဘုိင္ျမဴးနစ္ဂႏၱဝင္ကစားသမားေဟာင္းမ်ား အသင္းတုိ႔ ယွဥ္ၿပိဳင္ကစားသြားခဲ့ၾကပါတယ္။ အသက္ ၄၀ ေနာက္ပုိင္း ကစားသမားေတြျဖစ္ၾကေပမယ့္လည္း ေဘာလုံးသမားဘဝတုန္းက ျပသထားႏုိင္ခဲ့တဲ႔ ေျခစြမ္းေတြကုိ ျပန္လည္ျပသႏုိင္ခဲ႔ၿပီး ကစားသြားႏုိင္ၾကကာ ပြဲအၿပီးမွာေတာ့ ၁၉၉၉ ခုႏွစ္က ေဘာလုံးသမားမ်ားစြာရဲ႕ ေျခစြမ္းျပမႈေတြနဲ႔ ယူႏုိက္တက္အသင္းက ၅ ဂုိးျပတ္ အႏုိင္ရယူႏုိင္ခဲ့ပါတယ္။

Photo Credit : Getty Images

ဒီပြဲစဥ္မွာ ေက်ာနံပါတ္ ၇ ကုိ ဝတ္ဆင္ၿပီး မန္ခ်က္စတာယူႏုိက္တက္အသင္းရဲ႕ ညာျခမ္းမွာ အေကာင္းဆုံးကစားျပသြားခဲ႔သူေတာ့ ေဒးဗစ္ဘက္ခမ္းျဖစ္ၿပီး ပြဲသိမ္းသြင္းဂုိးကုိပါ သြင္းယူႏုိင္ခဲ႔ပါတယ္။ အသက္ ၄၄ ႏွစ္ အရြယ္ရွိေနေပမယ့္လည္း ဘက္ခမ္းဟာ သူငယ္စဥ္တုန္းကလုိပဲ အေကာင္းဆုံး ကစားျပႏုိင္ခဲ႔ၿပီး တိက်ေသသပ္လြန္းတဲ႔ ျဖတ္တင္ေဘာေတြကုိ အႀကိမ္ႀကိမ္ျပဳလုပ္ႏုိင္ခဲ႔သလုိ မိနစ္ ၉၀ လုံး ပြဲခ်ိန္ျပည့္ ပါဝင္ကစားေပးႏုိင္ခဲ႔ပါတယ္။ ဒါ့အျပင္ ဘက္ခမ္းဟာ ပြဲအၿပီးေလာက္မွာပဲ ယူႏုိက္တက္အသင္းအတြက္ ေနာက္ဆုံးပြဲသိမ္းဂုိးကုိပါ သြင္းယူေပးသြားခဲ႔လုိ႔ ပရိသတ္ေတြရဲ႕ ႏွစ္သက္သေဘာက်မႈကုိ တခဲနက္ရရွိခဲ႔ရပါတယ္။

Photo Credit : Getty Images

အခုလုိ ေျခစြမ္းျပႏုိင္ခဲ႔တာနဲ႔ပတ္သက္ၿပီး ယူႏုိက္တက္ပရိသတ္ေတြက သူတုိ႔ရဲ႕ ဆုိရွယ္မီဒီယာေတြေပၚကေန ဘက္ခမ္းကုိ စကားလုံးအမ်ိဳးမ်ိဳးနဲ႔ ခ်ီးမြမ္းခဲ႔ၾကသလုိ လက္ရွိယူႏုိက္တက္ကစားသမားေတြကုိလည္း အသက္အရြယ္ႀကီးရင့္ေနတဲ႔ ယူႏုိက္တက္စီနီယာေတြေလာက္ေတာင္ မကစားႏုိင္ၾကဘူးဆုိၿပီး ေဝဖန္ခဲ႔ၾကပါတယ္။ ဒီပြဲမွာ ေပါစခုိး ဂ်က္စတမ္း ဘက္ခမ္း ဂယ္ရီနဖီး ဆုိးလ္ရွား ဒြိဳင္ေယာက္အစရွိတဲ႔ ကစားသမားေတြ အသီးသီးေျခစြမ္းျပႏုိင္ခဲ႔သလုိ လက္ရွိယူႏုိက္တက္ရဲ႕ နည္းျပဆုိးလ္ရွားဆုိရင္လည္း လူစားဝင္ၿပီး မိနစ္အနည္းငယ္ေလးအတြင္းမွာပဲ အဖြင့္ဂုိးကုိ သြင္းယူခဲ႔ပါတယ္။

Photo Credit : Getty Images

ဘက္ခမ္းရဲ႕ အံ့အားသင့္စဖြယ္ေျခစြမ္းေတြနဲ႔ပတ္သက္ၿပီး ယူႏုိက္တက္အားေပးသူ ပရိသတ္ေပါင္းမ်ားစြာက ေတာင္ပံကစားသမားသစ္တစ္ေယာက္ ေခၚယူမယ့္အစား ဘက္ခမ္းကုိသာ ေခၚယူလုိက္သင့္တယ္လုိ႔ မွတ္ခ်က္ျပဳေျပာဆုိလာခဲ႔ပါတယ္။ ေနာက္ထပ္ ဆုိရွယ္မီဒီယာအသုံးျပဳသူတစ္ဦးကလည္း ယူႏုိက္တက္အသင္းရဲ႕ ညာျခမ္းမွာ ကစားသမားသစ္ေတြ လိုအပ္ေနတာမုိ႔ အဲ႔ဒီေနရာအတြက္ ေဒးဗစ္ဘက္ခမ္းနဲ႔ ဂယ္ရီနဖီးတုိ႔ကုိ ျပန္လည္အသုံးျပဳမယ္ဆုိရင္ အဆင္ေျပႏုိင္တယ္လုိ႔ပါ မွတ္ခ်က္ျပဳေျပာဆုိေရးသားထားခဲ႔ပါတယ္ခင္ဗ်ာ။

(Unicode)

မနေ့ညက မန်ချက်စတာယူနိုက်တက်အသင်းရဲ့ အိမ်ကွင်း အိုးထရက်ဖိုဒ့်ကွင်းအတွင်းမှာ ယူနိုက်တက်ဂန္တဝင်ကစားသမားဟောင်းများအသင်းနဲ့ ဘိုင်မြူးနစ်ဂန္တဝင်ကစားသမားဟောင်းများအသင်းတို့ ယှဉ်ပြိုင်ကစားသွားခဲ့ကြပါတယ်။ အသက်၄၀နောက်ပိုင်း ကစားသမားတွေဖြစ်ကြပေမယ့်လည်း ဘောလုံးသမားဘဝတုန်းက ပြသထားနိုင်ခဲ့တဲ့ ခြေစွမ်းတွေကို ပြန်လည်ပြသနိုင်ခဲ့ပြီး ကစားသွားနိုင်ကြကာ ပွဲအပြီးမှာတော့ ၁၉၉၉ခုနှစ်က ဘောလုံးသမားများစွာရဲ့ ခြေစွမ်းပြမှုတွေနဲ့ ယူနိုက်တက်အသင်းက ၅ဂိုးပြတ် အနိုင်ရယူနိုင်ခဲ့ပါတယ်။

Photo Credit : Getty Images

ဒီပွဲစဉ်မှာ ကျောနံပါတ်ရကို ဝတ်ဆင်ပြီး မန်ချက်စတာယူနိုက်တက်အသင်းရဲ့ ညာခြမ်းမှာ အကောင်းဆုံးကစားပြသွားခဲ့သူတော့ ဒေးဗစ်ဘက်ခမ်းဖြစ်ပြီး ပွဲသိမ်းသွင်းဂိုးကိုပါ သွင်းယူနိုင်ခဲ့ပါတယ်။ အသက် ၄၄နှစ်အရွှယ် ရှိနေပေမယ့်လည်း ဘက်ခမ်းဟာ သူငယ်စဉ်တုန်းကလိုပဲ အကောင်းဆုံး ကစားပြနိုင်ခဲ့ပြီး တိကျသေသပ်လွန်းတဲ့ ဖြတ်တင်ဘောတွေကို အကြိမ်ကြိမ်ပြုလုပ်နိုင်ခဲ့သလို မိနစ်၉၀လုံး ပွဲချိန်ပြည့် ပါဝင်ကစားပေးနိုင်ခဲ့ပါတယ်။ ဒါ့အပြင် ဘက်ခမ်းဟာ ပွဲအပြီးလောက်မှာပဲ ယူနိုက်တက်အသင်းအတွက် နောက်ဆုံးပွဲသိမ်းဂိုးကိုပါ သွင်းယူပေးသွားခဲ့လို့ ပရိသတ်တွေရဲ့ နှစ်သက်သဘောကျမှုကို တခဲနက်ရရှိခဲ့ရပါတယ်။

Photo Credit : Getty Images

အခုလို ခြေစွမ်းပြနိုင်ခဲ့တာနဲ့ပတ်သက်ပြီး ယူနိုက်တက်ပရိသတ်တွေက သူတို့ရဲ့ ဆိုရှယ်မီဒီယာတွေပေါ်ကနေ ဘက်ခမ်းကို စကားလုံးအမျိုးမျိုးနဲ့ ချီးမွမ်းခဲ့ကြသလို လက်ရှိယူနိုက်တက်ကစားသမားတွေကိုလည်း အသက်အရွှယ်ကြီးရင့်နေတဲ့ ယူနိုက်တက်စီနီယာတွေလောက်တောင် မကစားနိုင်ကြဘူးဆိုပြီး ဝေဖန်ခဲ့ကြပါတယ်။ ဒီပွဲမှာ ပေါစခိုး ဂျက်စတမ်း ဘက်ခမ်း ဂယ်ရီနဖီး ဆိုးလ်ရှား ဒွိုင်ယောက်အစရှိတဲ့ ကစားသမားတွေ အသီးသီးခြေစွမ်းပြနိုင်ခဲ့သလို လက်ရှိယူနိုက်တက်ရဲ့ နည်းပြဆိုးလ်ရှားဆိုရင်လည်း လူစားဝင်ပြီး မိနစ်အနည်းငယ်လေးအတွင်းမှာပဲ အဖွင့်ဂိုးကို သွင်းယူခဲ့ပါတယ်။

Photo Credit : Getty Images

ဘက်ခမ်းရဲ့ အံ့အားသင့်စဖွယ်ခြေစွမ်းတွေနဲ့ပတ်သက်ပြီး ယူနိုက်တက်အားပေးသူ ပရိသတ်ပေါင်းများစွာက တောင်ပံကစားသမားသစ်တစ်ယောက် ခေါ်ယူမယ့်အစား ဘက်ခမ်းကိုသာ ခေါ်ယူလိုက်သင့်တယ်လို့ မှတ်ချက်ပြုပြောဆိုလာခဲ့ပါတယ်။ နောက်ထပ် ဆိုရှယ်မီဒီယာအသုံးပြုသူတစ်ဦးကလည်း ယူနိုက်တက်အသင်းရဲ့ ညာခြမ်းမှာ ကစားသမားသစ်တွေ လိုအပ်နေတာမို့ အဲ့ဒီနေရာအတွက် ဒေးဗစ်ဘက်ခမ်းနဲ့ ဂယ်ရီနဖီးတို့ကို ပြန်လည်အသုံးပြုမယ်ဆိုရင် အဆင်ပြေနိုင်တယ်လို့ပါ မှတ်ချက်ပြုပြောဆိုရေးသားထားခဲ့ပါတယ်ခင်ဗျာ။