ဒေါ့မွန်ကစားသမား ဆန်ချိုဟာ ပရီးမီးယားလိဂ် အသင်းကြီးနှစ်သင်းရဲ့ ဦးစားပေးဖြစ်လာနေပါတယ်။ ဒါပေမဲ့ မန်ယူဖက်ကတော့ အနည်းငယ် အရေးသာနေတယ်လို့ ပြောရမှာပါ။

Goal ရဲ့ဖော်ပြချက်အရ သရဲနီတွေက အဆိုပါ အင်္ဂလန် ကြယ်ပွင့်ကစားသမားကို ခေါ်ယူနိူင်ဖို့ ချဲလ်ဆီးအသင်းထက် နှာတဖျားသာနေတယ်လို့ သိရပါတယ်။

Source: Chelsea News

အဆိုပါ အသက် (၂၀) နှစ်အရွယ်သာရှိသေးတဲ့ မန်စီးတီးကစားသမားဟောင်း ဟာ လန်းပက်နဲ့ဆိုးလ်ရှားတို့ရဲ့ အကြိုက်ကစားသမားတဦးဖြစ်တာကြောင့် အသင်းတာဝန်ရှိသူတွေက အရခေါ်ယူချင်နေတာပါ။

ဒါပေမဲ့ ဗိုင်းရပ်စ်ပြန့်နှံ့နေမူကြောင့် ဘောလုံးနဲ့ပက်သတ်တဲ့ လှုပ်ရှားမူတွေ အားလုံး ရပ်နားထားရတာကြောင့် ဆန်ချိုအတွက် ကမ်းလှမ်းမူ လုပ်ဆောင်တာတွေတော့ မရှိသေးပါဘူး။

ဒေါ့မွန်အသင်းကတော့ အင်္ဂလန် ကြယ်ပွင့် မပါတဲ့ အသင်းရဲ့အနာဂတ်ကို ထုတ်ဖော်ပြောဆိုခဲ့ဖူးပြီး ကစားသမားအနေနဲ့လည်း အင်္ဂလန် ကိုပြန်ကစားဖွယ်ရှိကြောင်း ပြောဆိုထားတာတွေရှိပါတယ်။

Source: The Tide Newspaper

ဒေါ့မွန်အသင်းကတော့ သူတို့ရဲ့ကြယ်ပွင့်ကစားသမားအတွက် ယူရို သန်း (၁၃၀) တန်ကြေးသတ်မှက်ထားပြီး အဆိုပါ ပြောင်းရွှေ့ကြေးထက်လျှော့နည်းတဲ့ မည်သည့်ကမ်းလှမ်းမူမျိုးကို မဆိုထည့်သွင်းစဉ်းစားမှာ မဟုတ်ကြောင်း ပြောဆိုထားပါတယ်။

မန်စီးတီးအသင်းကနေ (၂၀၁၇) ခုနှစ်တွင်ထွက်ခွာလာခဲ့ပြီး ဂျာမန်မြေတွင် အောင်မြင်မူ ရရှိနေသော ဆန်ချိုဟာ ငယ်စဉ်အခါက ချဲလ်စီးအသင်းရဲ့ပရိသတ်တစ်ဦးဖြစ်ပြီး လက်ရှိ ချဲလ်ဆီးမှာ ကစားနေတဲ့ Tammy Abraham နှင့် Callum Hudson-Odo တို့နဲ့ ရင်းနှီးတဲ့ သူငယ်ချင်းလည်းဖြစ်ပါတယ်။ ဒီအချက်ဟာ ဆန်ချိုကို ခေါ်ယူနိူင်ဖို့ လမ်းပက်ရဲ့ အားသာချက်တခုဖြစ်လာဖွယ်ရှိနေပါတယ်။

Source: Football.London

မန်ယူအသင်းဟာ အဆိုပါကစားသမားကို (၂၀၁၇) ခုနှစ် မော်ရင်ဟို တာဝန်ယူစဉ်ကတည်းက ခေါ်ယူချင်နေခဲ့တာပါ။ ဒါပေမဲ့ ဆန်ချိုဟာ မန်ယူအသင်းထက် ဒေါ့မွန်အသင်းကို ပြောင်းရွှေ့ကစားဖို့ ရွေးချယ်ခဲ့တာပါ။

အပြောင်းအရွှေ့ဈေးကွက် ဖွင့်တာနဲ့ ဆန်ချိုကို မန်ယူနဲ့ချဲလ်ဆီးအသင်း မည်သည့်အသင်းက ခေါ်ယူသွားနိူင်မလဲဆိုတာကတော့ စိတ်ဝင်စားဖွယ်စောင့်ကြည့်ရအုံးမှာပါ။