စနေနေ့ညက ကစားသွားခဲ့တဲ့ မန်ယူ-ခရစ္စတယ်ပလေ့စ် ပွဲစဉ်မှာ ပဲလေ့စ်အသင်းဟာ မန်ယူအသင်းကို (၃-၁) ဂိုးအနိုင်ရရှိသွားခဲ့ပါတယ်။ မန်ယူအသင်းဟာ ခရစ္စတယ်ပလေ့စ် ကိုအိမ်ကွင်း အို့ထရက်ဖို့ဒ်မှာ လက်ခံကစားခဲ့ရပေမယ့် အရှုံးနဲ့ရင်ဆိုင်ခဲ့ရတာပါ။

Source: Manchester United News

မန်ယူဟာ ပရီးမီးယားလိဂ် ပွဲစဉ် (၁) အဖြစ် ဘန်လေနဲ့ ကစားရမှာ ဖြစ်ပေမဲ့ ရွှေ့ဆိုင်းခဲ့ရတာကြောင့် ခရစ္စတယ်ပဲလေ့စ်နဲ့ပွဲက မန်ယူအတွက် ဒီရာသီ ပထမဆုံးပွဲစဉ် ဖြစ်ခဲ့တာပါ။ မန်ယူအသင်းမှာ လူစုံပါဝင်ခဲ့ပြီး တိုက်စစ်မှာ မာစီရယ် ကိုအထောင်ထားပြီးတော့ ဂျိမ်း၊ ဖာနန်ဒက်စ် နဲ့ ရက်စ်ဖို့ဒ် တို့ကို တွဲဖက်အသုံးပြုသွားခဲ့ပါတယ်။ ကွင်းလယ်မှာတော့ ပေါ့ဘာကို မက်တွန်မီနေး နဲ့ တွဲဖက်ထားခဲ့ပြီး နောက်တန်း ကစားသမားတွေအဖြစ် ဖိုဆူ မန်ဆက်၊ လင်ဒီအော့ဖ်၊ မက်ဂွင်းယာ နဲ့ လုရှောတို့ကို အသုံးပြုသွားခဲ့ပါတယ်။ ဂိုးသမားကတော့ ဒီဂီယာကိုပဲ ဆက်လက်အသုံးပြုသွားခဲ့ပါတယ်။

ခရစ္စတယ်ပဲလေ့စ်အသင်းဟာလည်း ပွဲဦးထွက် ပွဲစဉ်ဖြစ်တာကြောင့် လူစုံထုတ်ကစားခဲ့တာကို တွေ့ရပါတယ်။ ခရစ္စတယ်ပဲလေ့စ်အသင်းအတွက် အဖွင့်ဂိုးကို ပွဲကစားချိန် (၇) မိနစ်တွင် မန်ယူနောက်တန်းရဲ့ အားနည်းချက်တွေကနေတဆင့် တောင်ဆန်က သွင်းယူသွားခဲ့ပါတယ်။ ပထမပိုင်းတစ်ပိုင်း လုံးမှာ မန်ယူအသင်းကပဲ ဘောလုံး ကိုင်ကစားနိုင်ခဲ့ပါတယ်။

Source; En24 News

ပွဲချိန် (၆၉) မိနစ်မှာ လင်ဒီအော့ဖ် လက်ထိခဲ့လို့ ကွင်းလယ်ဒိုင် မာတင်အက်ကင်ဆန်က ပင်နယ်တီ သတ်မှတ်ပေးခဲ့ပြီး ဂျော်ဒန်အယူးရဲ့ ကန်ချက်ကို ဒီဂီယာ ကာကွယ်နိုင်ခဲ့ပါတယ်။ ဒါပေမဲ့ ဂျော်ဒန်အယူး ပင်နယ်တီ မကန်ခင် ဒီဂီယာက ဂိုးစည်းပေါ်မှာ ရှိမနေခဲ့လို့ VAR ပြန်ကြည့်ပြီး ပင်နယ်တီ ပြန်ကန်ခိုင်းခဲ့ရာမှာ ဇာဟာက ခရစ္စတယ်ပဲလေ့စ်အသင်းအတွက် ဒုတိယဂိုးကို အမှားအယွင်းမရှိ ကန်သွင်းယူသွားခဲ့ပါတယ်။

မန်ယူအတွက် ချေပဂိုးတစ်ဂိုးကို ပွဲချိန် မိနစ် (၈၀) တွင် ပေါ့ဘာနေရာ လူစားဝင်လာတဲ့ ကစားသမားသစ် ဗန်ဒီဘိခ်က သွင်းယူပေးသွားခဲ့ပါတယ်။ မန်ယူဟာ တိုက်စစ်မူး အီဂါလိုကို ထည့်သွင်းပြီး ချေပဂိုး ရဖို့ ကြိုးစားခဲ့ပေမယ့် အရာမထင်ခဲ့ပါဘူး။

Source: New Indian Express

ခရစ္စတယ်ပဲလေ့စ်အတွက် တတိယမြောက်ဂိုးကိုတော့ ပွဲကစားချိန် (၈၅) မိနစ်အရောက်မှာ မန်ယူကစားသမားဟောင်း ဇာဟာဟာက သွင်းယူပေးသွားခဲ့ပါတယ်။

ယခုပွဲစဉ်နိူင်ပွဲမှာ ခရစ္စတယ်ပဲလေ့စ်အသင်းသမိုင်းတစ်လျှောက် ပထမဆုံးအကြိမ်အဖြစ် မန်ယူကို အဝေးကွင်းပွဲစဉ် (၂)ပွဲဆက်တိုက် အနိုင်ရရှိခဲ့ခြင်းဖြစ်ပါတယ်။