ယူႏုိက္တက္အသင္းနည္းျပ ဆုိးလ္ရွားက ဒီေန႔ညမွာ ကစားမယ့္ မန္စီးတီးအသင္းနဲ႔ မန္ခ်က္စတာဒါဘီပြဲစဥ္မတုိင္ခင္တြင္ ၿပိဳင္ဘက္မန္စီးတီးကစားသမားေတြဟာ ေဘာလုံးမရွိဘဲ လူကုိလုိက္ကန္တတ္ေၾကာင္း ေဝဖန္ေျပာၾကားခ့ဲေပမယ့္ အခ်က္အလက္မွတ္တမ္းမ်ားအရ ဒီရာသီ ျပစ္ဒဏ္က်ဴးလြန္မႈအမ်ားဆံုး အသင္းမ်ား စာရင္း၌ ယူႏုိက္တက္အသင္းက အဆင့္ (၃) ေနရာတြင္ ရပ္တည္ေနေၾကာင္းသိရွိရပါတယ္။

Photo Credit : Evening Standard

Opta က ထုတ္ျပန္တ့ဲ အခ်က္အလက္မ်ားအရ ယူနုိက္တက္အသင္းဟာ ေဘာလံုးမရွိဘဲ ၿပိဳင္ဘက္ကစားသမားကို လူခ်ကစားမႈ (၃၉၅) ႀကိမ္ ျပဳလုပ္ထားၿပီး အဲဗာတန္ (၃၉၆ ႀကိမ္) နဲ႔ ဘရိုက္တန္ (၄၁၇ ႀကိမ္) တုိ႔ရဲ႕ ေနာက္္မွာ ရပ္တည္လ်က္ရွိေနတာလည္း ျဖစ္ပါတယ္။ ဆိုးလ္ရွားရဲ႕ ေဝဖန္ျခင္းကို ခံခ့ဲရတ့ဲ မန္စီးတီးအသင္းကေတာ့ ျပစ္ဒဏ္က်ဴးလြန္မႈ (၂၉၁) ႀကိမ္သာ ရွိၿပီး ျပစ္ဒဏ္က်ဴးလြန္မႈအမ်ားဆံုး အသင္းစာရင္းရဲ႕ ေနာက္ဆံုးေနရာမွာသာ ရပ္တည္ေနပါတယ္။

Photo Credit : talkSPORT

မန္စီးတီးအသင္းနဲ႔ ယူႏုိက္တက္အသင္းတို႔ၾကား ျပစ္ဒဏ္က်ဴးလြန္မႈ အေရအတြက္ ကြာျခားခ်က္က (၁၀၄) ႀကိမ္အထိ ရွိေနၿပီး လက္ရွိပရီးမီးယားလိဂ္ အမွတ္ေပးဇယားကို ဦးေဆာင္ထားတ့ဲ လီဗာပူးအသင္းက (၃၀၃) ႀကိ္္မ္အထိ ျပစ္ဒဏ္က်ဴးလြန္ထားပါတယ္။ ဆုိးလ္ရွားရဲ႕ ယူနုိက္တက္အသင္းဟာ လက္ရွိအခ်ိန္မွာ ခ်န္ပီယံလိဂ္ဝင္ခြင့္အတြက္ ရုန္းကန္ေနရၿပီး မန္စီးတီးအသင္းနဲ႔ ကစားမယ့္ လက္က်န္အိမ္ကြင္းပြဲစဥ္မွာ ေသခ်ာေပါက္ အႏုိင္ကစားၿပီး စပါး၊ အာဆင္နယ္၊ ခ်ဲလ္ဆီးအသင္းတုိ႔ကုိ ဖိိအားေပးဖုိ႔ လိုိအပ္ေနပါတယ္။

Photo Credit : The Telegraph

မန္စီးတီးအသင္းရဲ႕ ဖိအားေပးကစားလာမယ့္ ပုံစံနဲ႔ ပတ္သက္ၿပီးေတာ့လည္း ဆုိးလ္ရွားက “သူတုိ႔ (မန္စီးတီးအသင္း) ရဲ႕ Pressing ေတြ အတြက္ ကြ်န္ေတာ္တုိ႔ အဆင္သင့္ျပင္ထားမွာပါ။ ၿပိဳင္ဘက္က ေဘာလံုးကိုင္ထားတ့ဲအခ်ိန္မွာလည္း ပုံစံေကာင္းျပသႏုိင္တာေၾကာင့္ ဒါကို အေကာင္းဆံုး ကာကြယ္ႏုိင္ဖို႔ လို္အပ္ပါတယ္။ ကြ်န္ေတာ္တို႔ႏုိင္ေနတဲ့အခ်ိန္မွာဆုိရင္ သူတုိ႔ရဲ႕ ၾကမ္းတမ္းတ့ဲ ကစားပံုေတြကို ဂရုစုိက္ရမွာပါ။ ဘာေၾကာင့္လဲဆုိေတာ့ ကြ်န္ေတာ္တို႔ရဲ႕ ေျခက်င္းဝတ္ေတြ၊ ေျခဖေနာင့္ေတြကို ျဖတ္ကန္ႏုိင္လို႔ပါ။” ဟု မွတ္ခ်က္ျပဳေျပာၾကားခ့ဲေပမယ့္ လက္ရွိ ထြက္ေပၚလာတ့ဲ အခ်က္အလက္ေတြအရ ယူႏုိက္တက္အသင္းက မန္စီးတီးအသင္းထက္ေတာင္ ပိုၿပီး ျပစ္ဒဏ္က်ဴးလြန္မႈ ပိုမိုမ်ားျပားေနတာကို ေတြ႔ရွိရပါတယ္။

(Unicode)

ယူနိုက်တက်အသင်းနည်းပြ ဆိုးလ်ရှားက ဒီနေ့ညမှာ ကစားမယ့် မန်စီးတီးအသင်းနဲ့ မန်ချက်စတာဒါဘီပွဲစဉ်မတိုင်ခင်တွင် ပြိုင်ဘက်မန်စီးတီးကစားသမားတွေဟာ ဘောလုံးမရှိဘဲ လူကိုလိုက်ကန်တတ်ကြောင်း ဝေဖန်ပြောကြားခဲ့ပေမယ့် အချက်အလက်မှတ်တမ်းများအရ ဒီရာသီ ပြစ်ဒဏ်ကျူးလွန်မှုအများဆုံး အသင်းများ စာရင်း၌ ယူနိုက်တက်အသင်းက အဆင့် (၃) နေရာတွင် ရပ်တည်နေကြောင်းသိရှိရပါတယ်။

Photo Credit : Evening Standard

Opta က ထုတ်ပြန်တဲ့ အချက်အလက်များအရ ယူနိုက်တက်အသင်းဟာ ဘောလုံးမရှိဘဲ ပြိုင်ဘက်ကစားသမားကို လူချကစားမှု (၃၉၅) ကြိမ် ပြုလုပ်ထားပြီး အဲဗာတန် (၃၉၆ ကြိမ်) နဲ့ ဘရိုက်တန် (၄၁၇ ကြိမ်) တို့ရဲ့ နောက််မှာ ရပ်တည်လျက်ရှိနေတာလည်း ဖြစ်ပါတယ်။ ဆိုးလ်ရှားရဲ့ ဝေဖန်ခြင်းကို ခံခဲ့ရတဲ့ မန်စီးတီးအသင်းကတော့ ပြစ်ဒဏ်ကျူးလွန်မှု (၂၉၁) ကြိမ်သာ ရှိပြီး ပြစ်ဒဏ်ကျူးလွန်မှုအများဆုံး အသင်းစာရင်းရဲ့ နောက်ဆုံးနေရာမှာသာ ရပ်တည်နေပါတယ်။

Photo Credit : talkSPORT

မန်စီးတီးအသင်းနဲ့ ယူနိုက်တက်အသင်းတို့ကြား ပြစ်ဒဏ်ကျူးလွန်မှု အရေအတွက် ကွာခြားချက်က (၁၀၄) ကြိမ်အထိ ရှိနေပြီး လက်ရှိပရီးမီးယားလိဂ် အမှတ်ပေးဇယားကို ဦးဆောင်ထားတဲ့ လီဗာပူးအသင်းက (၃၀၃) ကြိ််မ်အထိ ပြစ်ဒဏ်ကျူးလွန်ထားပါတယ်။ ဆိုးလ်ရှားရဲ့ ယူနိုက်တက်အသင်းဟာ လက်ရှိအချိန်မှာ ချန်ပီယံလိဂ်ဝင်ခွင့်အတွက် ရုန်းကန်နေရပြီး မန်စီးတီးအသင်းနဲ့ ကစားမယ့် လက်ကျန်အိမ်ကွင်းပွဲစဉ်မှာ သေချာပေါက် အနိုင်ကစားပြီး စပါး၊ အာဆင်နယ်၊ ချဲလ်ဆီးအသင်းတို့ကို ဖိိအားပေးဖို့ လိိုအပ်နေပါတယ်။

Photo Credit : The Telegraph

မန်စီးတီးအသင်းရဲ့ ဖိအားပေးကစားလာမယ့် ပုံစံနဲ့ ပတ်သက်ပြီးတော့လည်း ဆိုးလ်ရှားက “သူတို့ (မန်စီးတီးအသင်း) ရဲ့ Pressing တွေ အတွက် ကျွန်တော်တို့ အဆင်သင့်ပြင်ထားမှာပါ။ ပြိုင်ဘက်က ဘောလုံးကိုင်ထားတဲ့အချိန်မှာလည်း ပုံစံကောင်းပြသနိုင်တာကြောင့် ဒါကို အကောင်းဆုံး ကာကွယ်နိုင်ဖို့ လို်အပ်ပါတယ်။ ကျွန်တော်တို့နိုင်နေတဲ့အချိန်မှာဆိုရင် သူတို့ရဲ့ ကြမ်းတမ်းတဲ့ ကစားပုံတွေကို ဂရုစိုက်ရမှာပါ။ ဘာကြောင့်လဲဆိုတော့ ကျွန်တော်တို့ရဲ့ ခြေကျင်းဝတ်တွေ၊ ခြေဖနောင့်တွေကို ဖြတ်ကန်နိုင်လို့ပါ။” ဟု မှတ်ချက်ပြုပြောကြားခဲ့ပေမယ့် လက်ရှိ ထွက်ပေါ်လာတဲ့ အချက်အလက်တွေအရ ယူနိုက်တက်အသင်းက မန်စီးတီးအသင်းထက်တောင် ပိုပြီး ပြစ်ဒဏ်ကျူးလွန်မှု ပိုမိုများပြားနေတာကို တွေ့ရှိရပါတယ်။