မန်ချက်စတာယူနိုက်တက်အသင်းဟာ အက်သလက်တီကို မက်ဒရစ်အသင်း ဂိုးသမား ဂျန် အော့ဘလက်ကို ခေါ်ယူဖို့အတွက် ကမ်းလှမ်းမှုမှာ ဒီဂီယာကို အလိုက်အဖြစ် ထည့်သွင်းအသုံးပြုချင်နေတယ်လို့ သိရပါတယ်။
ဆလိုဗေးနီးယားလက်ရွေးစင်ဂိုးသမားဟာ ကမ္ဘာပေါ်က အကောင်းဆုံးဂိုးသမားတွေထဲက တစ်ဦးအဖြစ် ကျယ်ကျယ်ပြန့်ပြန့် ယူဆခြင်းခံထားရသူဖြစ်ပြီး ၂၀၁၄ ခုနှစ် စပိန်ကို ပြောင်းရွှေ့လာချိန်ကတည်းက အက်သလက်တီကိုရဲ့ အောင်မြင်မှုတွေမှာ အဓိက အခန်းကဏ္ဍကနေ ပါဝင်ခဲ့သူဖြစ်ပါတယ်။

Photo: Metro
မန်ချက်စတာယူနိုက်တက်ကတော့ ဒီဂီယာရဲ့နေရာကို ပြင်းပြင်းထန်ထန် ဖိအားပေးနေတဲ့ ဒင်းဟန်ဒါဆန်ရှိနေတဲ့အတွက် ပွဲထွက်ဂိုးသမား ဘယ်သူဖြစ်မလဲဆိုတာ ရှုပ်ထွေးတဲ့အခြေအနေမှာရှိနေပေမယ့် ဟန်ဒါဆန်ဟာ ယခုရာသီ ဒီဂီယာ မပါဝင်တဲ့ပွဲစဉ်တွေမှာ ဆိုးလ်ရှား ယုံကြည်လာအောင် ထူးထူးခြားခြား လက်စွမ်းပြသနိုင်ခြင်းမရှိခဲ့တာဖြစ်ပါတယ်။
The Sun ရဲ့ ဖော်ပြချက်အရ မန်ချက်စတာယူနိုက်တက်အသင်းဟာ လက်ရှိမှာတော့ ဂျန် အော့ဘလက်ကို နွေရာသီအပြောင်းအရွှေ့ကာလမှာ ခေါ်ယူဖို့အတွက် စီစဉ်နေပြီလို့ သိရပြီး ဆိုးလ်ရှားရဲ့ အနီးကပ်ဆုံး အကြံပေးတွေက ဆလိုဗေးနီးယားလက်ရွေးစင်ဂိုးသမားကို အရခေါ်ယူဖို့ တောင်းဆိုခဲ့ကြတာဖြစ်ပါတယ်။
မန်ချက်စတာယူနိုက်တက်အသင်းဟာ ပေါင်သန်း ၇၀ ဝန်းကျင် တန်ကြေးရှိတဲ့ ဂျန် အော့ဘလက်ကို ခေါ်ယူဖို့ ကြိုပမ်းတဲ့နေရာမှာ ဒီဂီယာကို အလိုက်ပေးပြီး ကမ်းလှမ်းသွားဖို့အတွက် ပြင်ဆင်နေတယ်လို့ ယင်းသတင်းက ဖော်ပြခဲ့ပြီး စပိန်လက်ရွေးစင်ဂိုးသမားကို ၂၀၁၁ ခုနှစ်မှာ အက်သလက်တီကိုမက်ဒရစ်ကနေ ကနဦး ပေါင် ၁၈.၉ သန်းနဲ့ ခေါ်ယူခဲ့တာဖြစ်ပါတယ်။
