မန်ချက်စတာယူနိုက်တက်အသင်းဟာ တရုတ်စူပါလိဂ်အသင်းဖြစ်တဲ့ ရှန်ဟိုင်းရှန်ဟွာအသင်းနဲ့ သဘောတူညီမှုရရှိခဲ့ခြင်းမရှိတဲ့နောက် အီဂါလိုကို ယခုအပတ်ထဲမှာပဲ လက်လွှတ်ဆုံးရှုံးဖို့ ကြိုတင်ပြင်ဆင်နေတယ်လို့ Metro က ဖော်ပြခဲ့ပါတယ်။
နိုင်ဂျီးရီးယားလက်ရွေးစင်တိုက်စစ်မှူး အီဂါလိုဟာ ပြီးခဲ့တဲ့ဇန်နဝါရီအပြောင်းအရွှေ့ကာလ ပိတ်ခါနီးမှာ မန်ချက်စတာယူနိုက်တက်အသင်းကို အံ့အားသင့်ဖွယ် အငှားစာချုပ်နဲ့ ပြောင်းရွှေ့ခဲ့တာဖြစ်ပေမယ့် ရက်ရှ်ဖို့ဒ် မပါဝင်နိုင်တဲ့ ဆိုးလ်ရှားရဲ့တိုက်စစ်ပိုင်း ဝန်ထုပ်ဝန်ပိုးတွေကို သက်သာစေခဲ့သူဖြစ်ပါတယ်။
Photo: theleader
အီဂါလိုဟာ အိုးထရက်ဖို့ဒ်ကို ရောက်ရှိခဲ့တဲ့အချိန်ကတည်းက ၈ ပွဲပါဝင်ကစားပေးခဲ့ရာမှာ ၄ ဂိုးသွင်းယူပေးထားနိုင်ခဲ့တာဖြစ်ပြီး မန်ချက်စတာယူနိုက်တက်အသင်းက ယခုရာသီကုန်တဲ့အထိ အီဂါလိုကို အသင်းမှာ ဆက်လက်ထိန်းသိမ်းချင်ခဲ့တာဖြစ်ပါတယ်။
ဒါပေမယ့် အီဂါလိုရဲ့ အငှားစာချုပ်သက်တမ်းဟာ မေလ ၃၀ ရက်နေ့မှာ ကုန်ဆုံးတော့မှာဖြစ်ပြီး မန်ချက်စတာယူနိုက်တက်အသင်းက အီဂါလို အိုးထရက်ဖို့ဒ်မှာ ဆက်ရှိနေနိုင်ဖို့ ရှန်ဟိုင်းရှန်ဟွာအသင်းနဲ့ အငှားစာချုပ်သက်တမ်းတိုးရမှာဖြစ်ပါတယ်။
Source : ESPN.com
Goal ရဲ့ ဖော်ပြချက်အရ တရုတ်စူပါလိဂ်ပြိုင်ပွဲဟာ ဖွန်လနှောင်းပိုင်း သို့မဟုတ် ဇူလိုင်လအစောပိုင်းမှာ ပြန်လည်စတင်ဖို့ မျှော်မှန်းနေတာကြောင့် ရှန်ဟိုင်းရှန်ဟွာအသင်းဟာ အီဂါလိုကို ပြန်လာစေချင်နေတယ်လို့ သိရပါတယ်။ သတင်းတွေရဲ့ဖော်ပြချက်အရ မန်ချက်စတာယူနိုက်တက်အသင်းဟာ ရှန်ဟိုင်းရှန်ဟွာအသင်းနဲ့ အငှားစာချုပ်သစ် ချုပ်ဆိုဖို့ သဘောတူညီမှုမရရှိခဲ့ဘူးဘဲ အငှားစာချုပ်သက်တမ်းတိုးဖို့နဲ့ပတ်သက်ပြီး ဆွေးနွေးမှုကလည်း တိုးတက်မှုမရှိခဲ့ဘူးလို့ သိရပါတယ်။