မန်ချက်စတာယူနိုက်တက်အသင်း နည်းပြဟောင်းဖြစ်သူ ဆိုးလ်ရှားဟာ အသင်းကနေထုတ်ပယ်ခံခဲ့ရပြီးနောက် ပြီးခဲ့တဲ့ဗုဒ္ဓဟူးနေ့က အိုးလ်ထရက်ဖို့ဒ်ကွင်းရှေ့မှာရှိတဲ့ ၎င်းရဲ့ ကြီးမားပုံရိပ်အား အပြီးသတ် ဖယ်ရှားခံလိုက်ရပြီ ဖြစ်ပါတယ်။

manchester-united-tear-down-giant-mural-of-ole-gunnar-solskjaer
Photo : The Irish Sun

အိုးလ်ထရက်ဖိုဒ်ကွင်းရဲ့ ဆာမတ်ဘတ်စ်ဘီ ပွဲကြည့်စင်ရှေ့မှာရှိတဲ့ ယူနိုက်တက်ဂန္ထဝင် ကစားသမားဟောင်း တစ်နည်း နည်းပြအဖြစ်လည်းတာဝန်ထမ်းဆောင်ခဲ့ဖူးတဲ့ ဆိုးလ်ရှားရဲ့ ပုံအား အလုပ်သမား ၃ ဦးမှ ဖယ်ရှားနေတဲ့ ဓာတ်ပုံတွေ ထွက်ပေါ်လာခဲ့တာ ဖြစ်ပါတယ်။

မန်ချက်စတာယူနိုက်တက်အသင်းဟာ ပြီးခဲ့တဲ့စနေနေ့မှာ ဝက်ဖို့ဒ်အသင်းကို ၄-၁ ဂိုးနဲ့ ဆိုးဆိုးရွားရွား ရှုံးနိမ့်ခဲ့ပြီးနောက်မှာ နည်းပြဆိုးလ်ရှားကို ရာထူးမှထုတ်ပယ်ခဲ့တာဖြစ်ပြီး အမြဲတမ်းနည်းပြအသစ်မခေါ်ယူခင်အထိ မိုက်ကယ် ကားရစ်ကို ယာယီနည်းပြနေရာမှာ တာဝန်ခန့်အပ်ထားတာ ဖြစ်ပါတယ်။

ယာယီနည်းပြ မိုက်ကယ် ကားရစ် အနေနဲ့ ရုန်းကန်မှုတွေကြားက သရဲနီတို့အားအကောင်းဆုံးကိုင်တွယ်ခဲ့ပြီး အင်္ဂါနေ့ညက ဗီလာရီးယဲလ်နဲ့ ရင်ဆိုင်ရတဲ့ပွဲစဉ်မှာ အနိုင်ရလဒ်ပြန်လည် ပုံဖော်ပေးနိုင်ခဲ့ကာ ချန်ပီယံလိဂ်ပြိုင်ပွဲ ရှုံးထွက် (၁၆) သင်းအဆင့်သို့ တက်လှမ်းနိုင်အောင် စွမ်းဆောင်ပေးနိုင်ခဲ့ပါတယ်။

မန်ချက်စတာ ယူနိုက်တက်အသင်းအနေနဲ့ အသင်းအတွက် အမြဲတမ်းနည်းပြနေရာအတွက် ပီအက်စ်ဂျီအသင်းနည်းပြ ပိုချက်တီနိုကိုခေါ်ယူဖို့ ပစ်မှတ်ထားနေခဲ့သော်လည်း အင်္ဂါနေ့က မန်ချက်စတာမှာ ပြုလုပ်ခဲ့တဲ့ သတင်းစာရှင်းလင်းပွဲမှာတော့ အသင်းရဲ့တာဝန်ရှိသူတွေက ယူနိုက်တက်အသင်းရဲ့အနာဂတ်နဲ့ ပတ်သတ်ပြီး သေချာရေရာတဲ့အဖြေမျိုးပေးခဲ့ခြင်း မရှိပါဘူး။

Manchester United tear down giant mural of Ole Gunnar Solskjaer

Photo : The Sun

လက်ရှိ ယူနိုက်တက်နည်းပြဟောင်း ဆိုးလ်ရှားနေရာအတွက်  နည်းပြသစ်အစားထိုးမခန့်အပ်မှီမှာ ယာယီနည်းပြတစ်ဦး ခန့်အပ်ဖို့ကို အလေး ထားဆောင်ရွက်နေပြီး ဇကာတင် ယာယီနည်းပြ ၅ ဦး စာရင်းမှာ ဘာစီလိုနာ နည်းပြဟောင်းဗယ်လ်ဗာဒီလည်း ပါဝင်နေတယ်လို့ သတင်းတွေက ဖော်ပြထားပါတယ်။ ရိုးမားနည်းပြဟောင်းဖြစ်သူ ဖွန်ဆီစာကိုလည်း အဆိုပါစာရင်းမှာထည့်သွင်းစဉ်းစားသွားမယ်လို့ သိရပါတယ်။

မန်ချက်စတာယူနိုက်တက်နဲ့ အပြီးတိုင်လမ်းခွဲခဲ့ပြီဖြစ်တဲ့ နည်းပြဟောင်းဆိုးလ်ရှားကတော့ ရာထူးကနေ ထုတ်ပယ်ခြင်းခံခဲ့ရပြီးနောက် နှုတ်ဆကအင်တာဗျူးမှာ မျက်ရည်ကျလုနီးနီးဖြစ်ခဲ့တဲ့အထိ ၎င်းရဲ့ ဝမ်းနည်းမှုတွေကို မြင်တွေ့ခဲ့ရပါတယ်။ ယူနိုက်တက်အသင်းမှာ ရလဒ်ဆိုးတွေနဲ့ အသင်းက ထုတ်ပယ်ခြင်းခံလိုက်ရပေမယ့် အခုလို အိုးလ်ထရက်ဖို့ဒ်နဲ့ အမှတ်တရတွေ အပြီးသတ်ဖယ်ရှားခံရတဲ့မြင်ကွင်းကတော့ ဆိုးလ်ရှားရော မန်ချက်စတာပရိသတ်တွေအတွက်ပါ စိတ်မကောင်းဖြစ်မိမှာ သေချာပါတယ်။

Featured Photo : Daily Mail