မန်ယူအသင်းဟာ ဒီဂီယာ စွမ်းဆောင်ရည်ကို သံသယ ဖြစ်လာတာကြောင့် အစားထိုးရန် ပြင်ဆင်နေပြီလို Metro သတင်းစာက ဖော်ပြထားပါတယ်။ မန်ယူဟာ အဆိုပါ ဂိုးသမားကို (၄) နှစ်သက်တမ်းရှိစာချုပ်သစ်တစ်ရပ် ချုပ်ဆိုထားပေမယ့် အလိုမျိုး အစားထိုးဖို့ ပြင်ဆင်လာတာလည်းဖြစ်ပါတယ်။ ဒီဂီယာဟာ (၂၀၁၁) ခုနှစ်တွင် အက်တလန်တီကိုမက်ဒရစ် မှပြောင်းရွှေ့လာခဲ့သူဖြစ်ပြီး မန်ယူအသင်း၏ နံပက် (၁) ဂိုးသမားနေရာကို အချိန်အတော်ကြာ ရယူထားသူလည်းဖြစ်ပါတယ်။

Source: Metro

သတင်းတွေကတော့ အဆိုပါ အသက် (၂၉) နှစ်အရွယ်ဂိုးသမားရဲ့ အိုးထရက်ဖို့ဒ် အနာဂတ်ဟာ အဆုံးသတ်ရန် နီးစပ်လာနေပြီလို့ ဖော်ပြထားကြပါတယ်။ ဒီဂီယာဟာ မန်ယူအသင်းနဲ့ ပြီးခဲ့တဲ့ စက်တင်ဘာလတွင် တစ်ပတ်ပေါင် (၃၇၅,၀၀၀) ခွဲဖြင့် (၄) နှစ်တက်တမ်းတိုး စာချုပ်ချုပ်ဆိုထားတာပါ။

ဒီဂီယာဟာ စာချုပ်သစ်ချုပ်ဆိုပြီး နောက်ပိုင်းမှာ ပုံမှန်လက်စွမ်း အောက်ရောက်ရှိနေခဲ့ပြီး အသင်းပရိသတ်တွေရဲ့ ဝေဖန်မူတွေနဲ့ ရင်ဆိုင်နေရတာပါ။ ဒါကြောင့်လည်း အသင်းပြောင်းရွှေ့တော့မှာဖြစ်ကြောင်း သတင်းတွေထွက်လာခဲ့တာပါ။

ဒီဂီယာနေရာမှာ အစားထိုးဖို့အတွက် ရှက်ဖီးအသင်းမှာ လက်စွမ်းပြနေတဲ့ လူငယ်ဂိုးသမား ဟန်ဒါဆန် ကိုအငှားစာချုပ်ပြည့်သွားရင် ပြန်လည်ခေါ်ယူဖွယ်ရှိနေတယ်လို့ သိရပါတယ်။ ဒီဂီယာကို တော့သင့်တော်တဲ့ ကမ်းလှမ်းမူရရှိခဲ့ရင် ရောင်းချမှာဖြစ်ကြောင်း သတင်းတွေက ဖော်ပြနေကြပါတယ်။

Source: 90 Min

မန်ယူအသင်း ခေါ်ယူချင်နေတဲ့ ဂိုးသမားတွေထဲမှာ အေဂျက် ဂိုးသမား အိုနာနာ လည်းပါဝင်နေပြီး ပြီးခဲ့တည် ရာသီတုန်းက ခေါ်ယူဖို့လည်း ကြိုးစားခဲ့ဖူးပါတယ်။ အိုနာနာကိုတော့ အခြား ဥရောပ အသင်းကြီးတွေဖြစ်တဲ့ ဘာစီလိုနာ၊ ချဲလ်ဆီး တို့ကလည်း ခေါ်ယူဖို့ စိတ်ဝင်စားနေတယ်ပါတယ်။ အေဂျက်အသင်းရဲ့ အမူဆောင်အရာရှိချုပ်ဖြစ်သူ မန်ယူဂိုးသမားဟောင်း ဗန်ဒါဆားကတော့ အိုနာနာ ကိုဈေးပေါပေါနဲ့ ရောင်းထုတ်မှာ မဟုတ်ကြောင်း သတိပေးထားပါတယ်။

Source: The Sun

လာမယ့် အပြောင်းအရွှေ့ကာလမှာ မန်ယူအသင်းအနေနဲ့ ဂိုးသမား ဒီဂီယာကို ရောင်းထုတ်သွားမလားဆိုတာကတော့ စောင့်ကြည့်ရအုံးမှာပါ။