လက်ရှိအပြောင်းအရွှေ့ကာလမှာတော့ မန်ချက်စတာယူနိုက်တက်အသင်းအနေနဲ့ ပေါ်တူဂီလူငယ်ကစားသမား ဘင်ဖီကာအသင်းတိုက်စစ်မှူး ယာအိုဖိလစ်ကို ခေါ်ယူဖို့ စိတ်ဝင်စားနေတယ်လို့ သိရပါတယ်။ အသက် (၁၉) နှစ်သာရှိသေးတဲ့ တိုက်စစ်မှူး ယာအိုဖိလစ်ဟာ လက်ရှိဘင်ဖီကာအသင်းမှာ အကောင်းဆုံးခြေစွမ်းတွေကို ပြသနေခဲ့ပြီး ၂၀၁၄ ခုနှစ်နောက်ပိုင်း ယူရိုပါလိဂ်ပြိုင်ပွဲသမိုင်းတစ်လျှောက် အသက်အငယ်ဆုံးဟက်ထရစ်သွင်းယူနိုင်ခဲ့တဲ့ ပထမဆုံး ကစားသမားတစ်ဦး အဖြစ်လည်း မှတ်တမ်းတင်ထားနိုင်သူတစ်ဦးဖြစ်ပါတယ်။

Source : Forbes

မန်ယူအသင်းအနေနဲ့ ပေါ့ဘာရဲ့ နေရာမှာ အစားထိုးနိုင်ဖို့အတွက် ၎င်းရဲ့စာချုပ်ပါတန်ကြေးဖြစ်တဲ့ ပေါင် ၁၀၅ သန်းဖြင့်ခေါ်ယူသွားဖို့ စီစဉ်နေကြောင်း သတင်းတွေ ထွက်ပေါ်လျက်ရှိနေတာဖြစ်ပါတယ်။ တိုက်စစ်မှူး ယာအိုဖိလစ်ကို ခေါ်ယူဖို့ စိတ်ဝင်စားနေတာ မန်ချက်စတာယူနိုက်တက်တစ်သင်းတည်းတော့ မဟုတ်ပါဘူး။ ရီးရဲလ်မက်ဒရစ်အသင်းကလည်း ခေါ်ယူဖို့ ဆန္ဒရှိနေသလို ယခုနှစ်ရဲ့ ဖလားသုံးလုံးပိုင်ရှင် မန်စီးတီးအသင်းကပါ ၎င်းကိုခေါ်ယူဖို့ စိတ်ဝင်စားနေကြတာပဲ ဖြစ်ပါတယ်။ မန်ယူအသင်းအနေနဲ့ အခုလိုထိပ်တန်းအသင်းကြီးတွေရဲ့ စိတ်ဝင်တစားစောင့်ကြည့်နေတာကြောင့် စာချုပ်ပါတန်ကြေး ပေါင် (၁၀၅) သန်းဖြင့် ခေါ်ယူသွားဖို့ ဆုံးဖြတ်ခဲ့တာဖြစ်ကြောင်း သတင်းတွေမှာ ဖော်ပြထားခဲ့တာဖြစ်ပါတယ်။

Source : Record

တိုက်စစ်မှူး ယာအိုဖိလစ်အနေနဲ့လည်း ၎င်းကိုစိတ်ဝင်တစားစောင့်ကြည့်နေကြတဲ့ ထိပ်တန်းအသင်းကြီးတွေထဲကမှ မန်ချက်စတာယူနိုက်တက်ကို ရွေးချယ်ဖို့ အားသန်နေတယ်လို့သိရပါတယ်။ လူငယ်ကစားသမားတွေကို နေရာပေးလေ့ရှိတဲ့ နည်းပြဆိုးလ်ရှားလက်အောက်မှာပဲ မန်ချက်စတာယူနိုက်အသင်းနဲ့အတူ ထွန်းတောက်တဲ့ အနာဂတ်သစ်တစ်ခု ဖန်တီးနိုင်မလားဆိုတာ ပရိသတ်တွေအနေနဲ့ ဆက်လက်စောင့်ကြည့်ရမှာဖြစ်ပါတယ်။ ယာအိုဖိလစ်ဟာ ယခုနှစ်ဘောလုံးရာသီမှာ ဘင်ဖီကာအသင်းနဲ့ အတူပွဲပေါင်း (၃၀) ကျော်ကစားထားပြီး သွင်းဂိုးစုစုပေါင်း (၂၀) ဂိုးတိတိ သွင်းယူထားနိုင်တဲ့ လူငယ်ကစားသမားတစ်ဦးဖြစ်ပါတယ်။

Source : AS English – Diario AS