Mango Martini ကော့လ်တေး ဆိုတာကတော့ Classic ဗော့ဒ်ကာ Martini ကို အခြေခံပြီး ဖန်တီးထားတဲ့ သရက်သီးရနံ့ ခပ်သင်းသင်းနဲ့ ချိုမြိန်လတ်ဆတ်တဲ့အရသာ စွဲမက်စရာ ကော့လ်တေးတစ်မျိုး ဖြစ်ပါတယ်။ ဗော့ဒ်ကာ Martini ဟာ ၁၉၉၀ ပြည့်လွန်နှစ်တွေမှာတော့ အရမ်းကို လူကြိုက်များခဲ့တဲ့ Drink တစ်ခု ဖြစ်ပါတယ်။ အဓိကအားဖြင့် ဗော့ဒ်ကာကို လှပတဲ့ Martini ဖန်ခွက်နဲ့ ပြင်ဆင်တည်ခင်းရတဲ့ ကော့လ်တေးအဖြစ် လူသိများကျော်ကြားပါတယ်။

Photo : A Couple Cooks

Mango Martini ကော့လ်တေးကတော့ Classic Martini နဲ့ အများကြီး ထူးခြားပြောင်းလဲသွားတာမျိုးတော့ မဟုတ်ပါဘူး။ သရက်သီးရဲ့ စူးရှချိုအီတဲ့ ရနံ့ရဖို့ လတ်ဆတ်တဲ့ သရက်သီး သို့မဟုတ် Mango Juice ကိုထပ်မံဖြည့်စွက်ပြီး ဖျော်စပ်ရတာ ဖြစ်ပါတယ်။

သရက်သီးအနှစ် သို့မဟုတ် Mango Juice ၊ ဗော့ဒ်ကာ ၊ Cointreau သို့မဟုတ် Triple Sec ၊ Lime Juice နဲ့ သကြား စတဲ့ အဓိကပါဝင်ပစ္စည်းတွေနဲ့ အလွယ်အကူဆုံး ပြင်ဆင်ဖျော်စပ်လို့ ရပါတယ်။ ကဲဒါဆို Mango Martini ကော့လ်တေး ဖျော်စပ်နည်းအဆင့်ဆင့်ကို ကြည့်လိုက်ရအောင်ပါ။

အရင်ဆုံး Martini Glass တစ်လုံး လိုပါမယ်။ ပန်းကန်ပြားတစ်ခုထဲမှာ သကြားအနည်းငယ် ဖြန့်ထည့်ထားပါ။ ပြီးရင် သံပုရာသီးတစ်ခြမ်းလှီးဖြတ်ပြီး ဖန်ခွက်ရဲ့ နှုတ်ခမ်းမှာ ပွတ်ပေးပါ။ ဖန်ခွက်မှာ သကြားမှုန့်လေးတွေ အလှဆင်ဖို့အတွက် ဖန်ခွက်နှုတ်ခမ်းကို သကြားပန်းကန်ထဲမှာ လှိမ့်ကာ သကြားလေးတွေကပ်ပေးပါ။

Photo : A Couple Cooks

နောက်တစ်ဆင့်အနေနဲ့ကတော့ ကော့လ်တေး Shaker ထဲမှာ သရက်သီးအနှစ် သို့မဟုတ် Mango Juice ၁ အောင်စခွဲ ၊ ဗော့ဒ်ကာ ၂ အောင်စ ၊ Cointreau သို့မဟုတ် Triple Sec အောင်စဝက်ခန့် ၊ Lime Juice အောင်စဝက်ခန့် နဲ့ ရေခဲ လက်တစ်ဆုပ်စာတို့ကိုရောထည့်ပြီး အေးခဲလာတဲ့အထိ သမအောင်ရှိတ်ပေးပါ။ ရှိတ်ထားတဲ့ ကော့လ်တေးဖျော်ရည်ကို အသင်ပြင်ဆင့်ထားတဲ့ Martini Glass လောင်းထည့်ပြီး ချိုမြိန်လတ်ဆတ် အသီးရနံ့စွတ်တဲ့ Mango Martini ကော့လ်တေးတစ်ခွက် အသင့်သုံးဆောင်နိုင်ပြီ ဖြစ်ပါတယ်။

Featured Photo : MasterClass