မြန်မာလူမျိုး တော်တော်များများ သရက်သီးစားရတာကို နှစ်သက်ကြပါတယ်။ တစ်ချို့တွေဆိုရင် ထမင်းနဲ့တောင် တွဲဖက်စားသုံးကြပါတယ်။ သရက်သီးမှာ ကယ်လိုရီ ပမာဏနည်းပြီး ကိုယ်ခန္ဓာကျန်းမာစေဖို့ မရှိမဖြစ်လိုအပ်တဲ့ အာဟာရဓာတ်တွေ အများကြီးပါဝင်ပါတယ်။

ဒီနေ့ kwee page က သရက်သီးစားခြင်းကနေ ရလာနိုင်တဲ့ အကျိုးကျေးဇူးတွေအကြောင်း ပြောပြပေးသွားမှာပါ။

အမြင်အာရုံကောင်းစေတယ်

Source: Western Paceglobal Limited

မျက်စိမှုန်တဲ့သူတွေ၊ မျက်စိအားနည်းတဲ့သူတွေ၊ အပြင်ကို အမြဲသွားလာနေရလို့ နေရောင်ခြည်ဒဏ်၊ ဖုန်မှုန့်တွေနဲ့ အမြဲထိတွေ့ဆက်ဆံနေရတဲ့သူတွေ၊ ကွန်ပျူတာကို တစ်နေ့လုံးကြည့်ပြီး အလုပ်လုပ်နေရသူတွေအတွက် မျက်စိအားဆေးဓာတ်စာအနေနဲ့ သရက်သီးကို စားသုံးပေးသင့်ပါတယ်။

ကိုယ်ခံအားကောင်းမွန်စေတယ်

Source : SNAP-Ed Connection

သရက်သီးမှာပါဝင်တဲ့ အာဟာရဓာတ်တွေဟာ ကိုယ်ခံအားစနစ်ကို မြှင့်တင်ပေးပါတယ်။ ဒါ့ကြောင့် ရောဂါပိုးမွှားတွေ အလွယ်တကူမဝင်ရောက်နိုင်သလို အလွယ်တကူ ဖျားနာခြင်းတွေ မဖြစ်စေပါဘူး။ အသက်ရှူလမ်းကြောင်းနဲ့ ကိုယ်ခန္ဓာထဲ ဝင်လာတဲ့ ရောဂါပိုးမွှားတွေကို ခုခံတိုက်ထုတ်ပေးပါသေးတယ်။

အသားအရေအတွက်ကောင်းတယ်

Source: Healthline

သရက်သီးမှာ ဗီတာမင် စီ ကြွယ်ဝစွာ ပါဝင်လို့ အသားအရေကို စိုပြေလှပစေပါတယ်။ နေရောင်ခြည်နဲ့ ခရမ်းလွန်ရောင်ခြည်ဒဏ်ကြောင့် အသားအရေ မပျက်စီးဖို့ ကာကွယ်ပေးနိုင်ပါတယ်။

အစာကြေစေတယ်

Source: BBC Good Food

သရက်သီးမှာ အမျှင်ဓာတ်ကြွယ်ဝတာကြောင့် ပုံမှန်စားပေးမယ်ဆိုရင် အစာကြေစေပါတယ်။ ဝမ်းမှန်စေပြီး ဝမ်းချုပ်တာ၊ ဝမ်းပျက်ဝမ်းလျှော မဖြစ်စေဖို့ ကာကွယ်ပေးနိုင်ပါတယ်။

နှလုံးအားကောင်းစေတယ်

Source: Healthline

မဂ္ဂနီဆီယမ်ဓာတ်နဲ့ ပိုတက်စီယမ်ဓာတ်ဟာ နှလုံးခုန်နှုန်းကို ပုံမှန်ဖြစ်စေပြီး နှလုံးသွေးကြောတွေကို ပြေလျော့စေလို့ သွေးတိုးကျစေတယ်။ သွေးတွင်း ကိုလက်စထရောကိုလည်း လျှော့ချပေးလို့ နှလုံးကျန်းမာရေးအတွက်တော့ အကောင်းဆုံးပဲပေါ့။