ယောင်္ကျားစစ်စစ်တို့ ကစ်ကြတဲ့ ယမကာတွေအကြောင်းပြောရင် ဝီစကီ Neat ၊ တက်ကီလာ Shot လို့ဆိုတဲ့ စကားတွေက အများဆုံး ကြီးစိုးနေတတ်ပါတယ်။ တကယ်တော့ ဒီခေတ်စံထဲမှာ ကော့တေးလ်တွေကလည်း Manly Drinks လို့ ခေါ်တဲ့ ဘော်ဒါတို့အကြိုက် ယမကာစာရင်းမှာ ပါလာပါပြီ ဖြစ်ပါတယ်။ ဒီတော့ ဘားရောက်လို့ ဝီစကီ နဲ့ တခြားအပြင်းတွေ မမှာချင်သူတွေအတွက် ချိုပြင်းပြင်းနဲ့ အရသာစုံတဲ့ သီးစုံကော့တေးလ်တချို့ မိတ်ဆက်ပေးလိုက်ပါတယ်။
(၁) Greyhound

Photo: lovetoknow
သစ်သီးနံ့လေးနဲ့ ဗော့ဒ်ကာသုံး ကော့တေးလ် မြည်းချင်သူတွေအတွက် Greyhound ကော့တေးလ်ကလည်း စမ်းကြည့်ချင်စရာပါ။ ဂရိတ်ဖရုသီးဖျော်ရည် ၃ အောင်စ ၊ ဗော့ဒ်ကာ ၁ အောင်စခွဲ ၊ ရေခဲနဲ့ လိမ္မော်ခွံလေးတွေ သုံးပြီး ဖျော်စပ်ထားတဲ့ ကော့တေးလ်ဖြစ်ပါတယ်။ ကော့တေးလ် Shaker ထဲမှာ ဂရိတ်ဖရုဖျော်ရည်နဲ့ ဗော့ဒ်ကာ ရောပြီး ရေခဲနဲ့ Shake ရတာပါ။ ပြီးမှ အပေါ်က ရေခဲထည့်ထားတဲ့ ဖန်ခွက်ထဲ ထည့်ပြီး လိမ္မော် ဒါမှမဟုတ် သံပရာခွံလေးနဲ့ လှအောင် ဆင်ပေးရုံပါပဲ။
(၂) Whiskey Smash

Photo: lovetoknow
ဝီစကီနဲ့ ပူစီနံက ဒီကော့တေလ်းမှာ အဓိက ကျပါတယ်။ တချို့က Bourbon ဝီစကီမျိုး သုံးကြပါတယ်။ ပူစီနံ ၈ ရွက် ၊ တုံးထားတဲ့ သံပရာတစ်ခြမ်း ၊ သကြားတစ်ခဲ ၊ ဝီစကီ ၂ အောင်စ ၊ ခွဲထားတဲ့ ရေခဲ သုံးပြီး ကော့တေးလ်လုပ်တာပါ။ ချဉ်ဖြုံးဖြုံးနဲ့ ပူစီနံအရသာ ဝီစကီကေ့တေးလ် အရသာကို ခံစားရမှာပါ။ ဒါကတော့ ဝီစကီကြိုက်ပြီး ကေ့တေးလ်သောက်ချင်သူတွေ အကြိုက်တွေ့မှာပါ။
(၃) Vodka Cranberry

Photo: lovetoknow
ပေါ့ပေါ့ပါးပါး သောက်ရတာ အကြိုက်တွေ့သူတို့အတွက် ရိုးရှင်းတဲ့ ကော့တေးလ်တစ်မျိုးက Vodka Cranberry ပါပဲ။ Cranberry Juice ဟာ ပုံမှန်က အပျော့သောက်သူတွေအတွက် သောက်စရာပါ။ ဗော့ဒ်ကာ ၁ အောင်စခွဲနဲ့ Cranberry Juice ၄ အောင်စ ကို သံပရာ နဲ့ ရေခဲလေး သုံးပြီး ဖော်စပ်တာပါ။ နွေရာသီမှာ သောက်ဖို့ အကောင်းဆုံး ယမကာထဲက တစ်ခုပါပဲ။
(၄) Moscow Mule

Photo: lovetoknow
ရုရှားတွေ ဗော့ဒ်ကာ ကြိုက်တယ်ဆိုတာ ကြားဖူးမှာပါ။ အခု Moscow Mule ကလည်း ခပ်ပြင်းပြင်း Manly Cocktail ထဲမှာ ပါပါတယ်။ သံပရာရည်ညှစ်ထားတဲ့ ၄ ပုံ ၃ ပုံ အောင်စ ၊ ဗော့ဒ်ကာ တစ်အောင်စခွဲ ၊ ရေခဲ ၊ ဂျင်ဂျာဘီယာ ၃ အောင်စ ၊ သံပရာခွံ လိုပါတယ်။ Cocktail Shaker ထဲမှာ သံပရာရည်နဲ့ ဗော့ဒ်ကာ ရောစပ်ပြီး ရေခဲထည့် Shake ရပါတယ်။ ပြီးမှ ရေခဲထည့်ထားတဲ့ ဖန်ခွက် ဒါမှမဟုတ် မတ်ခွက်ထဲ လောင်းထည့်ရမှာပါ။ ပြီးမှ ဂျင်ဂျာဘီယာလေး ထည့်ပြီး သံပရာခွံလေးတင်လိုက်ရင် ဖြစ်ပါတယ်။
