လူတစ်ယောက်မှာ ကိုယ်နှစ်သက်တဲ့ဝါသနာတစ်ခုစီတော့ ရှိကြစမြဲပါပဲ။ တချို့ကလည်း စာဖတ်ဝါသနာပါကြတယ်။ တချို့ကကျတော့ အားလပ်ချိန်မှာ သီချင်းနားထောင်ကြနဲ့ စိတ်အပန်းဖြေလေ့ရှိကြပါတယ်။ သင့်ရဲ့ ဝါသနာကရော ဘာများဖြစ်မလဲ။

များပြားလှတဲ့ဝါသနာတွေထဲကမှ သင့်ကို လူကြီးလူကောင်းဆန်စေပြီး ယောကျာ်းပိုပီသစေတဲ့ ဝါသနာတွေရှိတယ်ဆိုတာကိုရော သင်သိပါသလား။

ဟင်းချက်ခြင်း

Source: Liketocook.com

ဟင်းချက်ဝါသနာပါတဲ့ အမျိုးသားများက ကိုယ့်ကိုယ့်ကို ကြည့်ရှုစောင့်ရှောက်နိုင်စွမ်းရှိကြပါတယ်။ ကိုယ် ဗိုက်ဆာနေတဲ့အချိန်မှာ ကိုယ့်ပြဿနာကို ကိုယ်တိုင်ကိုယ်ကျဖြေရှင်းတတ်တဲ့ အမျိုးသားလောက် ဆွဲဆောင်မှုရှိတဲ့သူမရှိပါဘူး။

စစ်တုရင်ကစားခြင်း

Source: Freepik.com

စစ်တုရင်ကစားမယ်ဆိုရင် နည်းဗျူဟာမျိုးစုံလိုအပ်ပါတယ်။ တစ်ဖက်လူက မျက်ခြေမပြတ်စောင့်ကြည့်ရဖို့လိုအပ်သလို၊ တစ်ဖက်လူရဲ့ အရည်အချင်းကိုလည်း သိနားလည်ဖို့ လိုအပ်ပါတယ်။ ဒါ့အပြင် အကွက်ချစီစဉ်တတ်ဖို့လည်း လိုအပ်ပါတယ်။ စစ်တုရင်ကစားခြင်းက သင့်ဘဝအတွက် တစ်ထောင့်တစ်နေရာကနေ အထောက်အကူဖြစ်စေတဲ့ ကစားနည်းတစ်ခုပါပဲ။

ခန္ဓာကိုယ် ကြွက်သားများ ကျစ်လျစ်တောင့်တင်းအောင် ဆော့ကစားခြင်း

Source: Mensfitnessmagazine.com.au

Gym ဆော့ခြင်းက ကျန်းမာရေးအတွက် အထူးကောင်းမွန်တဲ့ ဝါသနာတစ်ခုပဲဖြစ်ပါတယ်။ ဒါတင်မကသေးပါဘူး Gym ဆော့ခြင်းက မိမိကိုယ်ကို ယုံကြည်ချက်ရှိလာအောင်လည်း ပြုလုပ်ပေးနိုင်ပါတယ်။

စက်ဘီးစီးခြင်းနှင့် တောင်တက် စက်ဘီးစီးခြင်း

Source: Newzealand.com

ရိုးရိုးစက်ဘီးစီးတာပဲဖြစ်ဖြစ်၊ တောင်တက်စက်ဘီးစီးတာပဲဖြစ်ဖြစ် အားအင်စိုက်ထုတ်ရပါတယ်။ စက်ဘီးစီးခြင်းက သင့်ရဲ့ကျန်းမာရေးကို တိုးတက်ကောင်းမွန်စေတဲ့အပြင် ဘဝမှာ ကြုံတွေ့လာရတဲ့ အခက်အခဲအတားအဆီးတွေကိုလည်း ဘယ်လိုရင်ဆိုင်ကျော်ဖြတ်နိုင်မလဲဆိုတာကို လမ်းညွှန်ပေးပါလိမ့်မယ်။

ဓာတ်ပုံရိုက်ခြင်း

Source: Androidauthority.com

ဓာတ်ပုံရိုက်ဝါသနာပါခြင်းက ယနေ့ခေတ်မှာ တော်တော်လေးကို အကျိုးရှိပါတယ်။ ဓာတ်ပုံလှလှလေးတွေကို ဖန်တီးပေးနိုင်တဲ့အပြင် ကိုယ်ဝါသနာပါရာလေးနဲ့ ပိုက်ဆံရှာနိုင်ပါသေးတယ်။ ကျွမ်းကျင်တဲ့ဓာတ်ပုံပညာရှင်တစ်ယောက်ရဲ့ ဝင်ငွေကလည်း မက်လောက်စရာပါပဲ။

စာဖတ်ခြင်း

Source: Entrepreneur.com

စာဖတ်ခြင်းက သင့်ကို အသိပညာနဲ့ ဗဟုသုတတိုးပွားအောင် ကူညီပေးနိုင်ပါတယ်။ စာအုပ် စာပေ လူ့မိတ်ဆွေဆိုတဲ့စကားအတိုင်း စာဖတ်ခြင်းလောက် ကောင်းမွန်တဲ့ဝါသနာမရှိလောက်ပါဘူး။

ကွီးတို့လည်း အခုဖော်ပြသွားတဲ့ ဝါသနာတွေထဲကမှ ဘယ်လိုအရာတွေဝါသနာပါသေးလဲဆိုတာ ပြောပြခဲ့ဦးနော်။

Source: Nextluxury.com