ကိုယ့်ချစ်သူကောင်မလေး (သို့) ကိုယ် သဘောကျနေတဲ့ ခရက်ရှ်ရှေ့မှာ ဆွဲဆောင်မှုရှိပြီး ကြည့်ကောင်းတဲ့ ယောကျာ်းတစ်ယောက်ဖြစ်ချင်ပါသလား။ ဒါဆိုရင်တော့ အခုဖော်ပြပေးမယ့် အပြုအမူများကို ပြုလုပ်ပေးသင့်ပါတယ်။

ဒီအပြုအမူများသည် မိန်းကလေးတွေရဲ့ အမြင်မှာ ဆွဲဆောင်မှုရှိတဲ့ ယောကျာ်းတစ်ယောက်ဖြစ်အောင် ကူညီပေးနိုင်ပါတယ်။

ကိုယ့်အားကိုယ်ကိုးကာ Confidence ရှိခြင်း

လူသားတိုင်းသည် မိမိအသက်အရွယ်ပေါ် လိုက်ပြီး အခြားတစ်ယောက်ကို မှီခိုအားထားလေ့ရှိကြပါတယ်။ တဖြည်းဖြည်း အသက်အရွယ်ရလာတဲ့အခါမှာတော့ ကိုယ့်အားကိုယ်ကိုးပြီး မိမိကိုယ်ကိုယ် ယုံကြည်မှုရှိရမယ်ဆိုတာ သိနားလည်လာတာဖြစ်ပါတယ်။ တကယ်လို့ သင်သည် မိမိကိုယ်ကို ယုံကြည်မှုရှိပြီး ကိုယ့်အားကိုယ်ကိုးတတ်တဲ့သူတစ်ယောက်ဆိုရင်တော့ သင့်ကောင်မလေးအရှေ့မှာ ယောကျာ်းဆန်တဲ့ အမျိုးသားတစ်ယောက် ဖြစ်နိုင်ပါတယ်။

အပြောနဲ့ အလုပ် ညီတယ်

Manly Traits Women Hope to See In You

ကတိပေးထားပြီးမှ ကတိဖျက်သွားတတ်တဲ့လူတွေကို သင့်ဘဝထဲမှာ မြင်တွေ့ဖူးပါလိမ့်မယ်။ မိန်းကလေးတွေသည် ထိုကဲ့သို့သော ယောကျာ်းမျိုးကို မယုံကြည်ကြဘဲ သူတို့အချစ်တွေကို ပေးအပ်လေ့မရှိကြပါဘူး။

သင့်ကောင်မလေးရဲ့အချစ်တွေကို သိမ်းပိုက်ရယူချင်တယ်ဆိုရင်တော့ အပြောနဲ့အလုပ်ညီတဲ့ ယောကျာ်းတစ်ယောက်ဖြစ်အောင် ကြိုးစားရပါမယ်။

ပန်းတိုင်ရှိပြီး အလုပ်ကြိုးစားတဲ့ ယောကျာ်း

ကိုယ့်ရဲ့ရည်မှန်းချက်ပန်းတိုင်ကြောင့်သာ ကိုယ် ဘာလုပ်ရမလဲဆိုတာကို သိရှိနားလည်တာဖြစ်ပါတယ်။ ပန်းတိုင်မရှိတဲ့ ယောကျာ်းတစ်ယောက်သည် ပျင်းရိပျင်းတွဲဖြစ်တတ်ပြီး မိမိကိုယ်ကိုယ် ယုံကြည်မှုပျောက်ဆုံးနေတတ်ကြပါတယ်။ ပန်းတိုင်ရှိပြီး အလုပ်ကြိုးစားတဲ့ ယောကျာ်းများကတော့ ဆွဲဆောင်မှုရှိကြတယ်လို့ မိန်းကလေးတွေ မှတ်ယူကြပါတယ်။

ကိုယ်ချစ်တဲ့သူကို ကာကွယ်ပေးနိုင်စွမ်းရှိတယ်

Manly Traits Women Hope to See In You

ကိုယ့်ကောင်မလေးနဲ့ လမ်းမပေါ် လမ်းလျှောက်နေရင်းနဲ့မှ ကားလမ်းမနဲ့ နီးတဲ့ဘက်အခြမ်းကို ကိုယ်က ယူပြီး ကိုယ့်ကောင်မလေးနဲ့ အခြားတစ်ဖက်မှာ လမ်းလျှောက်စေတာမျိုး၊ ကားလမ်းကူးတဲ့အခါ သူ(မ)ကို ကိုယ့်အနောက်မှာ နေစေတာမျိုး စတဲ့အသေးအဖွဲ့အချက်တွေကလည်း သင့်ရဲ့ကောင်မလေး (သို့) ခရက်ရှ်ရှေ့မှာ အမှတ်ရအောင် ဆွဲဆောင်မှုတိုးအောင် ကူညီပေးနိုင်ပါတယ်။

ယုံကြည်စိတ်ချရတဲ့သူ

Manly Traits Women Hope to See In You

တစ်ယောက်ယောက်က ယုံကြည်လို့ ပြောပြလာတဲ့ လျှို့ဝှက်ချက်များကို မပေါက်ကြားစေဘဲ အဆုံးထိ နှုတ်လုံခြင်းသည်လည်း မိန်းကလေးတွေရဲ့အမြင်မှာ ဆွဲဆောင်မှုရှိကြတယ်လို့ ဝန်ခံထားကြပါတယ်။ ဒီလိုမျိုး နှုတ်လုံတဲ့အတွက်ကြောင့် သူတို့သည် သင်ထံမှာ တစ်စုံတစ်ရာ ဖွင့်ဟတိုင်ပင်ပြီး အကြံဉာဏ်များ ရယူတဲ့အခါ စိတ်ချလက်ချ ဖွင့်ဟပြောဆိုနိုင်ကြတာကြောင့် သူတို့ယုံကြည်စိတ်ချရတဲ့သူတစ်ယောက်ဖြစ်နိုင်ပါတယ်။

သင့်ဆီမှာ အခုဖော်ပြသွားတဲ့အချက်တွေအကုန်လုံး ပိုင်ဆိုင်ထားပါသလား။ ဒါဆိုရင်တော့ သင်သည် ဆွဲဆောင်မှုအရှိဆုံး အမျိုးသားတစ်ယောက်ဖြစ်နိုင်ပါပြီ။

Source: Lovepanky.com

Featured Image Source: Health Digest