အမျိုးသားတို့အနေနဲ့ luxury style အထာကျဖို့ဆိုရင် နာရီကောင်းကောင်းတစ်လုံးအပြင် အခြား accessories တွေလဲ တွဲဖက်ဝတ်ဆင်တတ်ဖို့လိုပါမယ်။အဓိကအရေးကြီးဆုံးကတော့ ကိုယ်နဲ့လိုက်ဖက်မယ့် လက်စွပ်ကိုရွေးချယ်ဝတ်ဆင်တတ်ဖို့ပါပဲ။ယောကျာ်းလေးမို့ လက်စွပ်လိုအဆင်တန်ဆာတွေ မဝတ်ရဘူးလို့ ဘယ်ဥပဒေမှမထုတ်ပြန်ထားပါဘူး။ ဒါကြောင့်သင့်ကို စမတ်ကျတဲ့အသွင်ဆောင်စေနိုင်ဖို့ လက်စွပ်ဝတ်ဆင်ရာမှာ ဘယ်လိုအရာတွေသတိထားရမလဲဆိုတာ ဖော်ပြပေးလိုက်ပါတယ်။

လက်အချိုးစားအလိုက် ဝတ်ဆင်ပါ

Mens Jewelry Trends

Source : Jewelry Star

အနုပညာလက်ချောင်းတွေလို သွယ်လျနေတဲ့လက်ပိုင်ရှင်ဆိုရင်တော့ ပါးလျလျလက်စွပ်တွေနဲ့ အင်မတန်လိုက်ဖက်မှာ အသေချာပါပဲ။ဒါပေမဲ့သင့်လက်ဆစ်တွေက ကြီးမယ်ဆိုရင်တော့ အပြားခပ်သေးသေး လက်စွပ်နဲ့မလိုက်ဖက်နိုင်ပါဘူး။ဒါကြောင့်လက်စွပ်ဝတ်တော့မယ်ဆိုရင် ကိုယ့်လက်နဲ့အချိုးစားညီမညီ အရင်စမ်းကြည့်ပြီးမှ ဝတ်ဆင်ပါ။

ဘယ်လက်ညာလက် ရွေးမနေပါနဲ့တော့

COOL MEN’S RINGS FOR ACCESSORISING ANY OUTFIT IN STYLE

Source : DMARGE

Accessoriesတွေ ဝတ်ဆင်ရာမှာ နည်းလေကောင်းလေလို့ ပြောကြတာကတော့ လက်စွပ်တွေပါ။ဒါပေမဲ့ တိုးတက်ပြောင်းလဲလာတဲ့ ဖက်ရှင်ရေစီးကြောင်းနဲ့အညီ accessories ကိုချိန်ဆဝတ်ဆင်နိုင်နေပါပြီ။တကယ်လို့သင့်လက်တစ်ဖက်မှာ လက်ထပ်လက်စွပ်နဲ့ နာရီတစ်လုံးပတ်ထားရင်တောင် ကျန်လက်မှာလဲ တစ်ကွင်းကနေနှစ်ကွင်းထိ ဝတ်ဆင်နိုင်သေးတာပါပဲ။ဘယ်လက်မှညာလက်မှ ခွဲခြားနေစရာ မလိုတော့ပါဘူး။

Confidence အပြည့်ရှိနိုင်မယ့် လက်စွပ်မျိုးပဲဝတ်ပါ

The Basics on Wearing Rings for Men

Source : Jewelry Cupboard

ကိုယ့်ကိုယ်ကို confidence အပြည့်မရှိရင် ဘယ်လိုခန့်ညားတဲ့ အဝတ်အစားမျိုးပဲ ဝတ်ဆင်ထားပါစေ အပြည့်အဝမတောက်ပနိုင်ပါဘူး။လက်စွပ်မှာလဲ ထိုနည်းတူပါပဲ။ ကိုယ်အချိန်တိုင်းနီးပါးစွပ်ထားမယ့် လက်စွပ်ကိုဝတ်ဖို့ confidence အပြည့်ရှိနေဖို့လိုပါတယ်။ကိုယ်တကယ်သဘောကျပြီး အမြဲဝတ်ထားရဲတဲ့လက်စွပ်ဖြစ်ဖို့ဆို မဝယ်ခင်ထဲကဆိုင်မှာသေချာဝတ်ကြည့်ဖြစ်ဖို့က အရေးကြီးဆုံးပါပဲ။

ကိုယ့်ရဲ့ lifestyleနဲ့ ကိုက်ညီအောင်ရွေးပါ

Men's Rings, Personality and Style - Jewelry Cupboard

Source : ZENGER Bracelets

သင်ကအနုပညာရှင်တစ်ယောက်ဆိုရင်တော့ ခေတ်ရှေ့ပြေးပြီးဂေါ်တဲ့ လက်စွပ်ခပ်ကြီးကြီးတွေနဲ့ လိုက်ဖက်မှာပါ။ဒါပေမဲ့သင်က ရုံးလုပ်ငန်းတွေမှာ လှုပ်ရှားသွားလာနေရတဲ့ လူတစ်ယောက်ဆိုရင်တော့ Bling Bling ထနေစေမယ့် လက်စွပ်တွေက သင့်တော်မနေနိုင်ပါဘူး။အဲ့အစားနေ့စဉ်နေရာမရွေး ဝတ်ဆင်ထားနိုင်မယ့် လက်စွပ်မျိုးကိုပဲ ရွေးချယ်ပါ။