ဘိုင်ယန်မြူးနစ်အသင်းခေါင်းဆောင် မန်နျူရယ်နျူအာဟာ ချယ်ဆီးအသင်းကို ပြောင်းရွှေ့လိုတဲ့ဆန္ဒမရှိဘဲ ဘိုင်ယန်မြူးနစ်အသင်းနဲ့ပဲ စာချုပ်သက်တမ်းတိုးသွားချင်နေတယ်လို့ Metro က ဖော်ပြခဲ့ပါတယ်။

အသက် ၃၄ နှစ်အရွယ်ရှိပြီဖြစ်တဲ့ နျူအာဟာ ဘိုင်ယန်မြူးနစ်အသင်းနဲ့ လအတော်ကြာ စာချုပ်သစ်အတွက် ပြောဆိုဆွေးနွေးမှုတွေကို ရပ်တန့်ထားခဲ့သူဖြစ်ပြီး နျူအာအသင်းမှာ ဆက်ရှိနေဖို့အတွက် ဘယ်လောက်အထိ ကြာရှည်တဲ့စာချုပ်သက်တမ်းတိုးနိုင်မလဲဆိုတဲ့အပေါ်မှာ အငြင်းပွားမှုတွေရှိနေခဲ့တာဖြစ်ပါတယ်။

Photo: Metro

နျူအာနဲ့ ဘိုင်ယန်မြူးနစ်အသင်းတို့ရဲ့ ကြာရှည်တဲ့ဆွေးနွေးညှိနှိုင်းမှုက ချယ်ဆီးအသင်းကို အချက်ပေးခဲ့ပြီး ချယ်ဆီးအသင်းဟာ ကီပါရဲ့နေရာမှာ နျူအာကို အစားထိုးခေါ်ယူချင်နေတယ်လို့ ယုံကြည်ရပါတယ်။

ဒါပေမယ့်လည်း Sky Sports ရဲ့ ဖော်ပြချက်အရ နျူအာဟာ ချယ်ဆီးအသင်းကို ရွေးချယ်စရာတစ်ခုအဖြစ် စဉ်းစားထားခြင်းမရှိဘူးလို့ သိရပြီး လန်ဒန်ကို ပြောင်းရွှေ့ဖို့အတွက် ဆန္ဒမရှိဘူးလို့ သိရပါတယ်။

မန်ချက်စတာယူနိုက်တက်အသင်းက ၂၀၁၁ ခုနှစ်တုန်းက နျူအာကို ခေါ်ယူဖို့ ဆန္ဒရှိခဲ့ပေမယ့်လည်း ဂျာမနီလက်ရွေးစင်ဂိုသမား နျူအာက အင်္ဂလန်ကို ကစားသမားဘ၀ အပြောင်းအရွှေ့လုပ်ဖို့ ဝေးလို့ အားလပ်ရက် အပန်းဖြေခရီးတောင် ထွက်ဖို့ စဉ်းစားခဲ့ခြင်းမရှိဘူးလို့ ပြောခဲ့တဲ့စကားက အင်္ဂလန်မှာ ကျော်ကြားသွားခဲ့တာဖြစ်ပါတယ်။

Source : Bundesliga

ကီပါဟာ ပြီးခဲ့တဲ့ ၂၀၁၈ ခုနှစ်မှာ အက်သလက်တစ်ဘီလ်ဘာအိုအသင်းကနေ ချယ်ဆီးအသင်းကို ပေါင် ၇၃ သန်းနဲ့ ပြောင်းရွှေ့လာခဲ့သူဖြစ်ပေမယ့် စပိန်လက်ရွေးစင်ဂိုးသမားဟာ စတန်းဖို့ဒ်ဘရစ်ဂျ်မှာ ၎င်းရဲ့တန်ကြေးနဲ့ ထိုက်တန်တဲ့ လက်စွမ်းမျိုး ပြသနိုင်ခဲ့ခြင်းမရှိသူဖြစ်ပါတယ်။