အသက်ငယ်ငယ် ခပ်မိုက်မိုက် ဒီဇိုင်းတွေနဲ့ မကြာသေးခင်ကမှ ပရိတ်သတ်တွေရဲ့ အားပေးမှုကို အပြည့်အဝ ရရှိထားတဲ့ American Trap Singer အဖြစ် နာမည်ကြီးနေတဲ့သူကတော့ Ariana Grande ဖြစ်ပါတယ်။ ငယ်ရွယ်ပြီး သွက်လက်စွာနေတတ်တဲ့ သူရဲ့ ပုံစံလေးတွေဟာ ပုရိသ ယောက်ကျားလေးတွေကို အသည်းစွဲ ဖြစ်စေခဲ့ပါတယ်။ ဒီသီချင်းဟာ သူရဲ့ ကိုယ်တွေ့ ဖြစ်ရပ်မှန် တစ်ခုလို့လည်း အွန်လိုင်းပေါ်မှာ ပြောဆိုနေကြတာဟာ မြန်မာနိုင်ငံက ပရိတ်သတ်တွေ အသိပဲဖြစ်ပါတယ်။

Source : gpbnews.org

၂၀၁၈ မှာ Billboard Top Chart တွေကို Drake က ကြီးစိုးခဲ့ပြီး အခု ၂၀၁၉ မှာတော့ Ariana Grande က အပိုင်သိမ်းထားနိုင်ဖို့ အလားအလာတော်တော်လေးကောင်းနေပါတယ်။ ၂၀၁၉ မှာ သူထွက်ရှိခဲ့သမျှ သီချင်းတော်တော်များများ Hit ဖြစ်ခဲ့တာ အားလုံးအသိပါပဲ။ အထူးသဖြင့် Thank You, Next နဲ့ Imagine သီချင်းပေါ့။

အခုတစ်ခါတော့ သူ့ရဲ့ 7 Rings ဆိုတဲ့သီချင်းက Billboard Top 10 မှာ ၈ ပတ်ကြာ နေရာယူထားပြန်ပါပြီ။ ဒီသီချင်းက ရုတ်တရက် နားထောင်ကြည့်ရင်တော့ နားထဲစွဲတာအမှန်ပါပဲ။ ဒါပေမယ့် နားထောင်တာ များလာလေ၊ သံစဉ်နဲ့ စာသားတွေမှာ ဘဝင်မကျတာတွေ သတိထားမိလာလေ လို့ပြောရမယ်။ ဒီသီချင်းမှာ Ariana က မိန်းမတစ်ယောက်ရဲ့ Power နဲ့ Confidence ကို ပြချင်ပုံရတယ်။ သူ့ရဲ့ စာသားတွေက Woman Empowerment ဆန်ဆန်ပါပဲ။ ငွေကို ရေလိုသုံးနိုင်တယ်၊ အားလုံးကို တောက်ချလိုက်မယ် ဆိုတဲ့ ဗန်းစကားအသုံးတွေလိုပေါ့။ ဒါပေမယ့် သူ့သီချင်းပုံစံနဲ့ကျ ခွန်အားဖြစ်စေတာ၊ ကိုယ့်ဖက်က အသာစီးရတာမျိုး မခံစားရတော့ဘဲ ရန်ပြန်တွေ့နေသလိုလို ခံစားနေရပါတယ်။

Source: YouTube

နောက်တစ်ချက်ကတော့ သံစဉ်။ ဒီသီချင်းရဲ့ Chorus သံစဉ်က နာမည်ကျော် Musical ရုပ်ရှင်ကားကြီးဖြစ်တဲ့ The Sound Of Music ထဲမှာ မင်းသမီးကြီး Julie Andrews သီဆိုခဲ့တဲ့ My Favourite Things သီချင်း သံစဉ်နဲ့ တကယ်ချွတ်စွပ်ပါ။ သံစဉ်ကို စုတုပြုတယ်၊ Sample ယူတယ်ဆိုရင်တောင် အရသာက ကွာလှပါတယ်။ My Favourite Things သီချင်းက မိုးတွေရွာပြီး မိုးကြိုးတဂျိန်းဂျိန်းပစ်နေတဲ့အချိန် ကလေးတွေမကြောက်အောင် အတူဆော့ကစားရင်း ဆိုခဲ့တဲ့ ပျော်စရာသီချင်းလေးတစ်ပုဒ်ပါ။ ဒီလိုသီချင်းသံစဉ်မျိုးကို ယူပြီး Savage ဆန်ဆန်သီချင်းတစ်ပုဒ် ပြန်ဖန်တီးလိုက်တာ နည်းနည်းတော့ ကသိကအောင့်ဖြစ်စေပါတယ်။

အချုပ်ပြောရရင် 7 Rings ဟာ နားစွဲလွယ်ပေမယ့် ရင်ထဲမရောက်တဲ့ ဖျော်ဖြေရေးသီချင်းသက်သက်ပါ။ ဒါပေမယ့် ဒီဖက်ခေတ်မှာတော့ ဒီလိုသီချင်းတွေကပဲ နာမည်ပိုကြီးပြီး ပိုအောင်မြင်နေတာမို့ Billboard Top 10 မှာ 7 Rings ကို ဆက်ပြီး မြင်တွေ့နေရဦးမှာ အသေအချာပါပဲ။

Ariana Grande ရဲ့ 7 Rings ကို နားထောင်ချင်တယ်ဆိုရင်

Source: Vevo