မန်ယူချက်စတာယူနိုက်တက်အသင်းဟာ အသင်းရဲ့ အားထားရတဲ့လူငယ်ကစားသမားရပ်ရှ်ဖို့ဒ်ကို လာမယ့် (၂၀၂၃) ခုနှစ်အထိ သက်တမ်းတိုးစာချုပ် ချုပ်ဆိုနိုင်ခဲ့ပြီပဲဖြစ်ပါတယ်။ အသက်(၂၁)နှစ်အရွယ် အင်္ဂလန်အသင်းတိုက်စစ်မှူး ရပ်ရှ်ဖို့ဒ်အနေနဲ့ လက်ရှိသဘောတူညီမှုရရှိခဲ့တဲ့ စာချုပ်အသစ်မှာတစ်ပတ်လုပ်ခလစာပေါင် (၂)သိန်းအထိတိုးမြှင့်ရရှိမှာပဲ ဖြစ်ပါတယ်။ဒါ့အပြင်မန်ယူအသင်းနဲ့သဘောတူညီထားတဲ့ (၄)နှစ်စာစာချုပ်သက်တမ်းကုန်ဆုံးသွားခဲ့ရင်လည်းနောက်ထပ်တစ်နှစ် ထပ်မံသက်တမ်းတိုးနိုင်တဲ့အချက်ကိုပါ ထည့်သွင်းသဘောတူခဲ့တယ်လို့ သိရပါတယ်။

Source : Shutterstock

ကစားသမားအပြောင်းအရွေ့ကာလမှာ တိုက်စစ်ကစားသမား ရပ်ရှ်ဖို့ဒ်ကိုခေါ်ယူဖို့ ပရီးမီးယားလိဂ်ထိပ်တန်းအသင်းတွေသာမက ဘာစီလိုနာအသင်းကပါ စိတ်ဝင်စားစောင့်ကြည့်နေခဲ့ကြတာဖြစ်ပါတယ်။ဒါကြောင့်မန်ချက်စတာယူနိုက်တက်အသင်းအနေနဲ့ ရပ်ရှ်ဖို့ဒ်ကို လစာတိုးမြှင့်ပေးကာ စာချုပ်အသစ်အတွက် ကမ်းလှမ်းညှိနှိုင်းမှုတွေပြုလုပ်ခဲ့တာဖြစ်ပါတယ်။ လူငယ်ကစားသမား ရပ်ရှ်ဖို့ ဟာမန်ချက်စတာယူနိုက်တက်အသင်းအကယ်ဒမီထွက်ကစား သမားတစ်ဦးဖြစ်ပြီး မန်ယူအသင်းကြီးမှာ ပထမဆုံးအကြိမ်ပွဲထွက်ကစားခွင့်ရခဲ့တဲ့ ပွဲစဉ်မှာပဲ (၂) ဂိုးတိတိသွင်းယူလိုက်နိုင်တဲ့ ထူးချွန်ကစားသမားတစ်ဦးဖြစ်ပါတယ်။

 

Source : Shutterstock

ရပ်ရှ်ဖို့ကတော့ ” မန်ယူအသင်းကို ကျွန်တော်(၇) နှစ်အရွယ်ကတည်းက ရောက်ခဲ့တဲ့အတွက် မန်ယူက ကျွန်တော့်ဘဝရဲ့ အရာရာဖြစ်ပါတယ်။ အသင်းအတွက် ကစားသမားတစ်ယောက်အနေနဲ့သာမက လူသားတစ်ဦးအနေနဲ့ပါ ရလဒ်ကောင်းတွေရရှိအောင် လုပ်ဆောင်သွားပါမယ်။အသင်းရဲ့ ဂျာစီကိုဝတ်ဆင်ခွင့်ပေးတဲ့အတွက် နည်းပြဆိုးလ်ရှားနဲ့ အသင်းတာဝန်ရှိသူတွေသာမက အားပေးနေတဲ့ပရိသတ်တွေအားလုံးကိုလည်း ကျေးဇူးအထူးတင်ရှိပါတယ်။ပရိသတ်အားပေးရကျိုးနပ်အောင် ကြိုးစားသွားပါမယ်လို့ “ပြောကြားခဲ့ပါတယ်။ရပ်ရှ်ဖို့ဒ်ဟာ ပြီးခဲ့တဲ့ (၄)ရာသီအတွင်း မန်ချက်စတာယူနိုက်တက်အသင်းအတွက် ပွဲပေါင်း (၁၇၀) ကစားထားကာ သွင်းဂိုးစုစုပေါင်း (၅၀) နီးပါးအထိ သွင်းယူနိုင်ခဲ့တဲ့ လူငယ်ကစားသမား ကြယ်ပွင့်တစ်ဦးပဲ ဖြစ်ပါတယ်။

Source : Shutterstock