ဆံပင်ပုံစံက အများနဲ့မတူဘဲ ထူးခြားနေတဲ့ ဘယ်ဂျီယံနိုင်ငံသား၊ အဲဗာတန်နဲ့မန်ချက်စတာယူနိုက်တတ်အသင်းတို့မှာ ကစားခဲ့တဲ့ ဖယ်လိုင်နီကတော့ တရုတ်ကလပ် Shandong Luneng ကို မကြာသေးတဲ့ အပြောင်းအရွေ့က ရောက်ရှိသွားတာဖြစ်ပါတယ်။

Source: navicorp

သူအနေနဲ့ ပထမဆုံးအဖွင့်ပွဲမှာပဲ ကလပ်အသင်းအတွက် တန်ခိုးသွင်းပေးရင်း တရုတ်ပရိသတ်တွေရဲ့ မေတ္တာကိုရရှိနေတာလည်းဖြစ်ပါတယ်။သူရဲ့ တရုတ်လိဂ်မှာ ပထမဆုံးခြေချတဲ့ပွဲမှာပဲ သွင်းယူခဲ့တဲ့ဂိုးကိုတော့ အနီးကပ်
ကန်ချက်နဲ့ သွင်းယူခဲ့တာဖြစ်ပါတယ်။ သူသွင်းခဲ့တဲ့ ကလပ်အသင်းကတော့ Bejing Rehene ဖြစ်ပါတယ်။

အရပ်မောင်းကောင်းကောင်းနဲ့ ဘယ်ဂျီယံသားကတော့ ဆောင်းရာသီအပြောင်းအရွေ့ကမှ ယူနိုက်တက်ကနေ တရုတ်ကလပ်ကို အပြီးသတ်ရောက်ရှိခဲ့တာပါ။ သူအနေနဲ့ အသက်အရွယ်ထောက်နေပေမဲ့ ဂိုးတွေသွင်းယူနိုင်သေးတယ်ဆိုတာကိုတော့ ဖယ်လိုင်နီက သက်သေပြနေတာပဲဖြစ်ပါတယ်။

Source: BBC Sports

သူဟာ ယူနိုက်တတ်မှာ ပွဲပေါင်း (၁၇၇) ပွဲ ကစားခွင့်ရခဲ့ပြီး ဂိုး (၂၂) ဂိုးသွင်းယူခဲ့တဲ့ ကွင်းလယ်ကစားသမားတစ်ယောက်ဖြစ်ပါတယ်။ မန်ယူအသင်းကို နည်းပြမိုးယက်စ်နဲ့အတူ (၂၀၁၄) ခုနှစ်က ပေါင် (၂၇) သန်းနဲ့ပြောင်းရွေးခဲ့တာပါ။  ဖယ်လိုင်နီအနေနဲ့ သူရဲ့ကစားသမားဘ၀ကို ဖိအားကင်းတဲ့ တရုတ်မှာပဲကုန်ဆုံးမလား ဥရောပမြေကိုပြန်လာဦးမလား ဆိုတာကိုတော့ စောင့်ကြည့်ရမှာဖြစ်ပါတယ်။