Marvel ပရိသတ်တွေအတွက် ရုပ်ရှင် ဇာတ်ကားတွေသည် တစ်နှစ်ပြီး တစ်နှစ် အသစ် အသစ် ထွက်ရှိလို့လာခဲ့ပါတယ်။ သူ့ဇာတ်ဝင်ခန်း တစ်ခုနှင့် တစ်ခုသည်လည်း ပျော်ရွှင်ရတဲ့အခန်းရှိသလို ရယ်မောတဲ့အခန်းလည်း ရှိပါတယ်။

ဇာတ်ဝင်ခန်းတွေ အမြောက်အမြားရှိတဲ့အနက် Marvel ရဲ့ အမာခံ ပရိသတ်တွေတောင် သတိမထားမိကြတဲ့ ဝမ်းနည်းဖွယ်ကောင်းတဲ့ ရုပ်ရှင် ဇာတ်ဝင်ခန်းနောက်ကွယ်မှာ ဘယ်လိုအဖြစ်အပျက်တွေ ဖြစ်ပျက်ခဲ့သလဲ။ စိတ်ဝင်စားတယ်ဆိုရင်တော့ ဒီဆောင်းပါးလေးကို အတူတူဆက်လက်ဖတ်ရှုကြည့်လိုက်ရအောင်။

Tom  Holland ရဲ့ ဝမ်းနည်းဖွယ် ဇာတ်ဝင်ခန်း

Marvel ရုပ်ရှင်

Avengers: Infinity War ကြည့်တုန်းက ကမ္ဘာပေါ်ရှိ လူသား ထက်ဝက်ခန့်သည် Thanos ရဲ့ လက်ဖျောက်တစ်ချက်ကြောင့် ဖုန်မှုန့်အဖြစ် ပြောင်းသွားတာကို တွေ့မြင်ကြရမှာပါ။ စပိုက်ဒါမန်းသည်လည်း သူ ပျောက်ကွယ်သွားတော့မယ့်အချိန်မှာ သူ့ကိုယ်သူ ငိုအောင်လို့ သရုပ်ဆောင်ချင်ခဲ့တာပါ။ ဒါပေမဲ့ ပထမတစ်ခါ ရိုက်ပြီးတဲ့အခါ တည်းဖြတ်အဖွဲ့က အကြံတစ်ခုရခဲ့ပြီး ထို ဇာတ်ဝင်ခန်းကိုပဲ Repeat ပြန်လုပ်ခဲ့ကာ ထိုစာသားကိုပဲ ထပ်ကာ ထပ်ကာပြောသလို စီစဉ်ခဲ့ကြတာဖြစ်ပါတယ်။

Groot ရဲ့ ဇာတ်ဝင်ခန်း

Marvel ရုပ်ရှင်

Groot လေးသည်လည်း Infinity War ရဲ့ နောက်ဆုံးခန်းမှာပဲ “I am Groot” ဆိုပြီး ပြောသွားတာကို တွေ့မြင်ရမှာပါ။ သူသည် Rocket ကိုကြည့်ရင်း ပြောခဲ့တာဖြစ်ပါတယ်။ “I am Groot” ဆိုပြီး သူ ဘာကို ပြောချင်ခဲ့တာလဲ။

တကယ်တော့ ထိုစာသားရဲ့ အဓိပ္ပာယ်က Rocket ကို ဖေဖေ လို့ ခေါ်သွားခဲ့ခြင်းပဲဖြစ်ပါတယ်။ Marvel ဖန်တွေလည်း ဒီ ရုပ်ရှင် ဇာတ်ဝင်ခန်းလေးကို ပြန်အမှတ်ရပြီး ဝမ်းနည်းနေပြီမဟုတ်လား။

Black Widow ရဲ့ သူရဲကောင်းဆန်ဆန် အသက်ပေးခဲ့တဲ့ ဇာတ်ဝင်ခန်း

Marvel ရုပ်ရှင်

တကယ်တော့ Scarlett Johansson သည် Infinity War ရဲ့ Production မစခင်ကတည်းက Black Widow သည် Endgame မှာ သေဆုံးသွားမယ်ဆိုတာကို အစကတည်းက သိပြီးသားဖြစ်ပါတယ်။ အဆုံးသတ်က ဝမ်းနည်းဖို့ ကောင်းပေမယ့် သူ(မ)သည် ဂုဏ်ယူဝင့်ကြွားစွာ သေဆုံးခဲ့ရတာမို့လို့ စိတ်လည်း လှုပ်ရှားရပါတယ်လို့ Scarlett Johansson က ပြောကြားခဲ့ပါတယ်။

Tony ရဲ့ အသုဘအခမ်းအနား

Tony ရဲ့ အသုဘအခမ်းအနား

ဒီဇာတ်ဝင်ခန်းကိုတော့ Avengers: Endgame ရဲ့ ပထမဆုံး စရိုက်တဲ့ရက်မှာပဲ အဖွဲ့သားတွေ အားလုံး ရောက်လာတဲ့အချိန်မှာ ရိုက်ကြတာဖြစ်ပါတယ်။ Bucky အဖြစ် သရုပ်ဆောင်တဲ့ Sebastian Stan သည် သူတို့က မင်္ဂလာဆောင် အခမ်းအနား ရိုက်ကူးနေကြတာလို့ သူ့ကို ပြောပြထားတာဖြစ်ပါတယ်။ နောက်ပိုင်းကျမှ Downey တစ်ယောက်ကို မတွ့တာကို သတိထားမိသွားတာဖြစ်ပါတယ်။

Yondu ရဲ့ အသုဘအခမ်းအနားမှာ အော်ဟစ်လိုက်တဲ့ Kraglin ရဲ့ ဇာတ်ဝင်ခန်း

Yondu ရဲ့ အသုဘအခမ်းအနားမှာ အော်ဟစ်လိုက်တဲ့ Kraglin ရဲ့ ဇာတ်ဝင်ခန်း

ဒီဇာတ်ဝင်ခန်းလေးကတော့ Guardians Of The Galaxy Vol.2 မှာ ပါဝင်ခဲ့တဲ့ ဇာတ်ဝင်ခန်းပဲဖြစ်ပါတယ်။ တကယ်တော့ ဒီဇာတ်ဝင်ခန်းသည် One Flew Over The Cuckoo’s Nest ဆိုတဲ့ ဇာတ်ဝင်ခန်းကို Inspire ယူကာ သရုပ်ဆောင်ထားတာဖြစ်ကြောင်း Krgalin အဖြစ် သရုပ်ဆောင်တဲ့ Sean Gunn က ပြောကြားခဲ့ပါတယ်။

One Flew Over The Cuckoo’s Nest ရဲ့ နောက်ဆုံးဇာတ်ဝင်ခန်းမှာ Christopher Lloyd သည် အောင်ပွဲခံတဲ့ပုံစံဖြင့် အမိုက်စား အော်ရယ်လိုက်တာဖြစ်ပါတယ်။ တစ်ဖက်မှာလည်း Yondu သေဆုံးသွားတဲ့အတွက်ကြောင့် အာကာသရှိသူတွေသည် သူ့ကို ဂုဏ်ပြုတဲ့အနေနဲ့ မီးရှူးမီးပန်းတွေ ဖောက်လုပ်ခဲ့တာဖြစ်ပါတယ်။ Sean Gunn သည် ထိုအခန်းအတွက် Christopher Lloyd ရဲ့ ဇာတ်ဝင်ခန်းကို အမှတ်ရသွားပြီး Yondu ရဲ့ အသုဘအခမ်းအနားကို မရိုက်ကူးခင်ညမှာ သူသည် Christopher Lloyd ရဲ့ ဇာတ်ဝင်ခန်းကို ကြည့်ရှုခဲ့ကာ သရုပ်ဆောင်ခဲ့တာဖြစ်ပါတယ်။

Source: Buzzfeed

Featured Image: Wired