မန်ချက်စတာယူနိုက်တက်တိုက်စစ်မှူး မေဆင်ဂရင်းဝုဒ်ဟာ ဘရိုက်တန်အသင်းနဲ့ ပွဲစဉ်က သွင်းဂိုးဟာ အိုးထရက်ဖို့ဒ်ကနေ ယနေ့မှာ ထွက်ခွာမယ့် အိန်ဂျယ်ဂိုးမက်စ်အတွက် ရည်ညွှန်းခဲ့တာဖြစ်တယ်လို့ Metro က ဖော်ပြခဲ့ပါတယ်။

အိန်ဂျယ်ဂိုးမက်စ်ဟာ မန်ချက်စတာယူနိုက်တက်အသင်းနဲ့ စာချုပ်သက်တမ်းကုန်ဆုံးသွားပြီဖြစ်တာကြောင့် ယနေ့မှာ အသင်းကနေ ထွက်ခွာဖို့ ပြင်ဆင်နေတဲ့ကစားသမားဖြစ်ပါတယ်။ ဂိုးမက်စ်ဟာ မန်ချက်စတာယူနိုက်တက်အကယ်ဒမီကနေ ထွက်ပေါ်လာခဲ့တဲ့ လူငယ်ကစားသမားတွေထဲမှာ နောက်ဆုံးဆယ်စုနှစ်အတွင်း အကောင်းဆုံးကစားသမားတွေထဲက တစ်ဦးအဖြစ် သတ်မှတ်ခြင်းခံခဲ့ရသူဖြစ်ပြီး ယူနိုက်တက်က တစ်ပတ်လုပ်ခပေါင် ၃၀၀၀၀ နဲ့ ကမ်းလှမ်းခဲ့တာဖြစ်ပါတယ်။

Photo: strettynews

ဒါပေမယ့်လည်း ယခုရာသီ မန်ချက်စတာယူနိုက်တက်အသင်းအတွက် ၆ ပွဲပါဝင်ကစားပေးထားတဲ့ ဂိုးမက်စ်ဟာ အသင်းကို စွန့်ခွာဖို့ ဆုံးဖြတ်ခဲ့တာဖြစ်ပြီး နည်းပြဆိုးလ်ရှားအတွက် သတင်းဆိုးဖြစ်လာခဲ့တာဖြစ်ပါတယ်။

ဂရင်းဝုဒ်ဟာ ဂိုးမက်စ်နဲ့အတူတူ အကယ်ဒမီကနေ ပေါ်ထွက်လာခဲ့တဲ့ကစားသမားဖြစ်ပြီး ယမန်နေ့ညက ဘရိုက်တန်အသင်းကို အနိုင်ရရှိခဲ့တဲ့ပွဲစဉ်မှာ မန်ချက်စတာယူနိုက်တက်အသင်းအတွက် အဖွင့်ဂိုးကို သွင်းယူပေးခဲ့တာဖြစ်ပါတယ်။

Source : Metro

အသက် ၁၈ နှစ်အရွယ်တိုက်စစ်မှူး ဂရင်းဝုဒ်ဟာ ဂိုးသွင်းယူအပြီး အောင်ပွဲခံရာမှာ အိန်ဂျယ်ဂိုးမက်စ်ကို ရည်ညွှန်းတဲ့အနေနဲ့ အက္ခရာ A ပုံစံ ပြုလုပ်ပြခဲ့တာဖြစ်ပြီး အသင်းကနေ ထွက်ခွာတော့မယ့် အသင်းဖော်ဟောင်းကို သွင်းဂိုးနဲ့အတူ နှုတ်ဆက်လိုက်တာဖြစ်ပါတယ်။