မန်ချက်စတာယူနိုက်တက်ဆယ်ကျော်သက်တိုက်စစ်မှူး မေဆင်ဂရင်းဝုဒ်ဟာ အသင်းရဲ့ဂန္တဝင်ကစားသမားတွေဖြစ်တဲ့ ဝိန်းရူနီ၊ ဘရိုင်ယန်ကစ်ဒ်၊ ဂျော့ဂျ်ဘတ်စ်တို့ရဲ့ စံချိန်ကို လိုက်မီခဲ့ပြီးဖြစ်ပြီး ယခုရာသီမှာ လျင်လျင်မြန်မြန် ဆက်လက်ခြေစွမ်းတိုးတက်လာနေသူဖြစ်ပါတယ်။

အသက် ၁၈ နှစ်အရွယ်ရှိပြီဖြစ်တဲ့ ဂရင်းဝုဒ်ဟာ အိုးထရက်ဖို့ဒ်မှာ ဝက်စ်ဟမ်းယူနိုက်တက်အသင်းကို သရေကျခဲ့တဲ့ပွဲစဉ်မှာ ပွဲထွက်ကစားသမားအဖြစ် ရွေးချယ်ခံခဲ့ရပြီး ၁၇ ဂိုးမြောက်သွင်းယူနိုင်ဖို့ ကြိုးပမ်းနေခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့်လည်း အန်တိုနီယိုက ဝက်စ်ဟမ်းယူနိုက်တက်အသင်းအတွက် ပထမပိုင်းမှာပဲ ဒီကလန်ရိုက်စ်ရဲ့ အလွတ်တည်ကန်ဘောကို လက်နဲ့ကာမိခဲ့တဲ့ ပေါ့ဂ်ဘာကြောင့် ရရှိခဲ့တဲ့ပင်နယ်တီပြစ်ဒဏ်ဘောကနေ အဖွင့်ဂိုးကို သွင်းယူပေးသွားခဲ့တာဖြစ်ပါတယ်။

Photo: talksport

မန်ချက်စတာယူနိုက်တက်အသင်းဟာ အိမ်ကွင်းမှာ ပထမပိုင်းအစောပိုင်းကာလတွေကို လွှမ်းမိုးထားနိုင်ခဲ့ပေမယ့် ဝက်စ်ဟမ်းယူနိုက်တက်အသင်းဟာ ပထမပိုင်းကို ၁-၀ နဲ့ ဦးဆောင်သွားနိုင်ခဲ့တာဖြစ်ပါတယ်။ဒုတိယပိုင်းမှာ မန်ချက်စတာယူနိုက်တက်အသင်းက ပွဲပြန်လည်စတင်ပြီး ၄ မိနစ်မှာပဲ မေဆင်ဂရင်းဝုဒ်ရဲ့ ကောင်းမွန်တဲ့ ဘယ်ခြေနဲ့ အဆုံးသတ်မှုကနေ ချေပဂိုး ရရှိသွားခဲ့တာဖြစ်ပါတယ်။

ဂရင်းဝုဒ်ဟာ ယင်းဂိုးကြောင့် ဘရိုင်ယန်ကစ်ဒ်၊ ရူနီနဲ့ ဘတ်စ်တို့တင်ရှိခဲ့တဲ့စံချိန်အတိုင်း မန်ချက်စတာယူနိုက်တက်အတွက် တစ်ရာသီအတွင်း ၁၇ ဂိုးသွင်းယူနိုင်တဲ့ ၄ ယောက်မြောက်ဆယ်ကျော်သက်ကစားသမားဖြစ်လာခဲ့ပြီဖြစ်ပါတယ်။

Source : Opera News

မန်ချက်စတာယူနိုက်တက်အသင်းအတွက် ရာသီပိတ်ပွဲစဉ်အဖြစ် လက်စတာစီးတီးနဲ့ ယှဉ်ပြိုင်ရမယ့် တနင်္ဂနွေနေ့ပွဲစဉ်ဟာ လာမယ့်နှစ်ချန်ပီယံဝင်ခွင့်အတွက် အဆုံးအဖြတ်ပေးမယ့်ပွဲစဉ်ဖြစ်လာတော့မှာဖြစ်ပါတယ်။