ယခုနောက်ပိုင်း ရလဒ်ကောင်းတွေဆက်တိုက်ဆိုသလိုရရပိုင်ဆိုင်နေတဲ့ မန်ချက်စတာယူနိုက်တက်အသင်းအနေနဲ့ စနေနေ့ညက အိမ်ကွင်းအိုးထရက်ဖိုဒ့်ကွင်းမှာ ယှဉ်ပြိုင်ကစားခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ် (၃၃) မှာလည်း ဘုန်းမောက်အသင်းကို ထပ်မံ ဂိုးပြတ်အနိုင်ရရှိခဲ့ပြန်ပါတယ်။ အဆိုပါပွဲစဉ်မှာတော့ မန်ချက်စတာယူနိုက်တက်အသင်းအနေနဲ့ ဧည့်သည်ဘုန်းမောက်အသင်းကို ဦးဆောင်ဂိုးစတင်ခွင့်ပြုခဲ့ရပေမယ့် နောက်ပိုင်းမိနစ်တွေမှာ အကောင်းဆုံးပြန်လည်ခြေစွမ်းပြကစားနိုင်ခဲ့တာကြောင့် (၅-၂) ဂိုးရလဒ်နဲ့ ဂိုးပြတ်အနိုင်ရရှိသွားခဲ့တာဖြစ်ပါတယ်။

Source : Evening Standard

အိမ်ရှင်ယူနိုက်တက်အသင်းအနေနဲ့ ပွဲစတင်ချိန်ကတည်းက ဘုန်းမောက်အသင်းကိုဦးဆောင်ကစားခဲ့ပေမယ့် မမျှော်လင့်ပဲ ပွဲချိန် (၁၆) မိနစ်အရောက်မှာ ဘုန်းမောက်အသင်းတောင်ပံကစားသမား စတန်နီစလက်စ်က အဖွင့်ဂိုးကိုစတင်သွင်းယူခဲ့ပါတယ်။ သို့သော်လည်း အိမ်ရှင်အသင်းဘက်မှ နောက်ထပ် (၁၃) မိနစ်အကြာ ပွဲကစားချိန် (၂၉) မိနစ်မှာ ဖာနန်ဒက်ရဲ့ဖန်တီးပေးမှုကနေတဆင့် ဂရင်းဝုဒ်ကအကောင်းဆုံး အဆုံးသတ်နိုင်ခဲ့တာကြောင့် ချေပဂိုးပြန်လည်ရရှိခဲ့ပါတယ်။ ပွဲချိန် (၃၅) မိနစ်မှာလည်း ရရှိလာတဲ့ ပင်နယ်တီပြစ်ဒဏ်ဘောကို ရပ်ဖိုဒ့်က အကောင်းဆုံးကန်သွင်းယူခဲ့တာကြောင့် ဒုတိယမြောက်ဂိုးထပ်မံရရှိခဲ့ပါတယ်။ ပထမပိုင်းပွဲကစားချိန်ရဲ့နောက်ဆုံးလက်ကျန်မိနစ်တွေကိုရောက်ရှိလာချိန်မှာတော့ မာစီယဲလ်က ဂိုးဧရိယာထိပ်နားကနေ အလှအပဆုံးပုံစံဖြင့် ကန်သွင်းခဲ့တာကြောင့် တတိယမြောက်ဂိုးထပ်မံရရှိခဲ့ပါတယ်။

Source : Evening Standard

ဒုတိယပိုင်းပြန်လည်စတင်ချိန်မှာတော့ အိမ်ရှင်အသင်းမှ လူစားလဲဝင်ရောက်လာခဲ့တဲ့ ဘိုင်လီလက်ထိခဲ့တာကြောင့် ဘုန်းမောက်အသင်း ပင်နယ်တီကန်ခွင့်ပြန်လည်ရရှိခဲ့ပြီး အဆိုပါပြစ်ဒဏ်ဘောကို ပွဲချိန် (၄၉) မိနစ်မှာ ဂျိုရှုအာကင်းက အကောင်းဆုံးသွင်းယူခဲ့ကာ ဘုန်းမောက်အသင်းအတွက် ဒုတိယမြောက်ဂိုး ပြန်လည်စွမ်းဆောင်ပေးခဲ့ပြန်ပါတယ်။ ဧည့်သည်အသင်းကို ဒုတိယဂိုးခွင့်ပြုပြီးနောက်ပိုင်း အိမ်ရှင်ယူနိုင်တက်အသင်းက ပြန်လည်ဖိအားပေးကစားလာခဲ့ပြီး ပွဲချိန် (၅၄) မိနစ်မှာ မာတစ်ရဲ့ ပေးပို့မှုကနေတဆင့် ဂရင်းဝုဒ်ကပဲ လေးဂိုးမြောက်သွင်းဂိုးထပ်မံသွင်းယူခဲ့ပြီး ပွဲချိန် (၄၉) မိနစ်မှာ ဖာနန်ဒက်စ်က ပြစ်ဒဏ်ဘောကနေတဆင့် ယူနိုက်တက်အသင်းအတွက် (၅) ဂိုးမြောက်သွင်းဂိုးကို သွင်းယူပေးခဲ့ပါတယ်။ လက်ကျန်မိနစ်တွေမှာ ယူနိုက်တက်အသင်းကပဲ ပွဲကိုဆက်လက်ဦးဆောင်ကစားခဲ့ကာ ပွဲပြီးရလဒ်အနေနဲ့ (၅-၂) ဂိုးရလဒ်ဖြင့် ဘုန်းမောက်အသင်းကို ဂိုးပြတ်အနိုင်ရရှိသွားခဲ့တာဖြစ်ပါတယ်။ ဒီပွဲဟာ မန်ချက်စတာယူနိုက်တက်အသင်းအတွက် အိုးထရက်ဖို့ဒ်ကွင်းမှာ၂၀၁၁ ခုနှစ်က ဝီဂန်ကို (၅-ဝ) ဂိုးနဲ့အနိုင်ရခဲ့တဲ့ပွဲစဉ်ပြီးနောက် ပထမဆုံးအကြိမ်အဖြစ် ပရီးမီးယားလိဂ်သွင်းဂိုး (၅) ဂိုးသွင်းယူနိုင်ခဲ့တဲ့ ပွဲတစ်ပွဲလည်းဖြစ်ပါတယ်။

Source : Evening Standard