ချယ်ဆီးကွင်းလယ်ကြယ်ပွင့် မေဆင်မောင့်ဟာ ချယ်ဆီးအသင်းက ကိုရိုနာဗိုင်းရပ်စ်ပျံ့နှံ့နေမှုကြောင့် တစ်ဦးချင်းစီ သီးခြားနေထိုင်ဖို့ ညွှန်ကြားထားပေမယ့်လည်း ဒီကလန်ရိုက်စ်နဲ့အတူ လူမြင်ကွင်းမှာ ဘောလုံးကစားခဲ့ပြီးနောက် နည်းပြလမ်းပတ်ကို တောင်းပန်ခဲ့တယ်လို့ Metro က ဖော်ပြခဲ့ပါတယ်။
အသက် ၂၁ နှစ်အရွယ်ရှိပြီဖြစ်တဲ့ မေဆင်မောင့်ဟာ ပြီးခဲ့တဲ့တနင်္ဂနွေနေ့က ဘားနက်မှာ ဝက်စ်ဟမ်းကွင်းလယ်ကစားသမား ဒီကန်ရိုက်စ်နဲ့အတူ တစ်ဖက် ၅ ယောက်စီကစားရတဲ့ ဘောလုံးပွဲမှာ ပါဝင်ကစားခဲ့တာကို မြင်တွေ့ခဲ့ရတာဖြစ်ပြီး အသင်းရဲ့ညွှန်ကြားချက်တွေကို မလိုက်နာတဲ့အတွက် ဝေဖန်မှုတွေ ခံခဲ့ရတာဖြစ်ပါတယ်။
Photo: Metro
ပြီးခဲ့တဲ့အပတ်က ချယ်ဆီးအသင်းဟာ ကယ်လန်ဟတ်ဒ်ဆန်အိုဒွိုင်းမှာ ကိုရိုနာဗိုင်းရပ်စ်ပိုးတွေ့ရှိခဲ့ကြောင်း အတည်ပြုပြောကြားခဲ့ပြီးနောက် ချယ်ဆီးအသင်းဟာ ပထမအသင်းကစားသမားတွေနဲ့ နည်းပြအဖွဲ့ဝင်တွေကို တစ်ဦးချင်းစီ သီးခြားနေထိုင်ကြဖို့ ညွှန်ကြားခဲ့တာဖြစ်ပါတယ်။
Mailonline ရဲ့သတင်းအရ မေဆင်မောင့်ဟာ နည်းပြဖရန့်လမ်းပတ်ကို ဖုန်းခေါ်ဆိုပြီး တစ်ဦးချင်းတောင်းပန်မှုတွေ ပြုလုပ်ခဲ့တယ်လို့ သိရပြီး နည်းပြလမ်းပတ်က မေဆင်မောင့်နဲ့ ကျန်အသင်းသားတွေအားလုံးရဲ့ တာဝန်ယူမှု တာဝန်ခံမှုတွေနဲ့ပတ်သက်ပြီး သတိပေးခဲ့တယ်လို့ သိရပါတယ်။
Photo: Mirror
မေဆင်မောင့်နဲ့အတူ ဘောလုံးကစားခဲ့တဲ့ ဒီကလန်ရိုက်စ်ကတော့ ဝက်စ်ဟမ်းအသင်းရဲ့ ဘယ်လိုကန့်သတ်မှုမျိုးအောက်မှာမှ ရှိနေခဲ့ခြင်းမရှိသူဖြစ်ပြီး မေဆင်မောင့်ကို တစ်ဦးတည်း သီးခြားစီနေထိုင်ဖို့ ချယ်ဆီးအသင်းက ညွှန်ကြားထားတာကို သိရှိခဲ့ပုံ မရဘူးလို့ သိရပါတယ်။
ဝက်စ်ဟမ်းအသင်းနည်းပြ ဒေးဗစ်မိုရက်စ်ဟာ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခြင်းခံထားရကြောင်း စစ်ဆေးတွေ့ရှိခဲ့တဲ့ အာဆင်နယ်နည်းပြ အာတီတာနဲ့ ထိတွေ့ဆက်ဆံခဲ့ပြီးနောက် ၇ ရက်အထိ တစ်ဦးတည်းသီးခြားစီနေထိုင်ခဲ့ရသူဖြစ်ပြီး ကိုရိုနာဗိုင်းရပ်စ် လက္ခဏာမျိုး ဖြစ်လာခြင်းမရှိတာကြောင့် လက်ရှိအချိန်မှာတော့ သီးခြားစီနေထိုင်နေရာကနေ ပြန်လာနိုင်ခဲ့ပြီလို့ သိရပါတယ်။