စိတ်တူကိုယ်တူချစ်သူတစ်ယောက်ပိုင်ဆိုင်ထားခြင်းက ကံကောင်းခြင်းတစ်မျိုးပါပဲ။ စိတ်ချင်း နီးစပ်နေတဲ့အတွက်ကြောင့် တစ်ယောက်နဲ့တစ်ယောက် အမြင်မတူဘဲ ရန်ဖြစ်နေရတာမျိုးမရှိတော့ပါဘူး။
တစ်ယောက်အပေါ် ထားရှိတဲ့အချစ်တွေကို ပြသဖို့အတွက် နည်းလမ်းများစွာရှိပါတယ်။ သင်တို့စုံတွဲရော ဘယ်လိုနည်းလမ်းမျိုးနဲ့ အချစ်တွေကို ဖော်ပြလေ့ရှိကြပါသလဲ။
အချို့စုံတွဲတွေကတော့ စုံတွဲတက်တူးလေးထိုးပြီး သူတို့ရဲ့အချစ်တွေကို ထာဝစဉ်ခိုင်မြဲတည်တံ့အောင် ပြုလုပ်လေ့ရှိပါတယ်။ ဒီဆောင်းပါးလေးထဲမှာတော့ တက်တူးထိုးရတာ ကြိုက်နှစ်သက်တဲ့ စုံတွဲများအတွက် အမိုက်စား စုံတွဲတက်တူးဒီဇိုင်းများကို ဝေမျှပေးသွားမှာပါ။
တက်တူးအသေးစားများ

တက်တူးထိုးတဲ့အခါ မိမိရဲ့ခံနိုင်ရည်အား၊ မိမိရဲ့ဖက်ရှင်နဲ့ ပိုက်ဆံအကန့်အသတ်ကို ထည့်သွင်းစဉ်းစားဖို့ လိုအပ်ပါတယ်။ သင့်အနေနဲ့ အနာခံနိုင်ပေမယ့် သင့်ကောင်မလေးက အခုမှ တက်တူးစထိုးမယ်ဆိုရင်တော့ တက်တူးအသေးစားနဲ့ စတင်ကြည့်လိုက်ပါ။
ချစ်စရာကောင်းတဲ့ တက်တူးများ

ကာတွန်းပုံများ၊ သစ်သီးပုံတွေနဲ့ ချစ်စရာတိရစ္ဆာန်ပုံတွေကလည်း သင်တို့ကို အများက အားကျရတဲ့ ချစ်သူစုံတွဲအဖြစ် ဖန်တီးပေးနိုင်ပါတယ်။
မာန်ပါတဲ့တက်တူးများ

မာန်ပါပါနဲ့ လှပတဲ့ တက်တူးများက သင်တို့ရဲ့ချစ်ခြင်းရဲ့သင်္ကေတအဖြစ် ကိုယ်စားပြုနိုင်ပြီး ချစ်ခြင်းရဲ့မှတ်တိုင်အဖြစ် စိုက်ထူနိုင်ပါတယ်။
လက်သူကြွယ်ရှိ တက်တူးများ

လက်သူကြွယ်အတွင်းထဲမှာ တက်တူးထိုးခြင်းကလည်း သေးသေးလေးနဲ့ မိမိုက်နေမှာပါ။ မိမိကြိုက်နှစ်သက်ရာဒီဇိုင်းမျိုးစုံ ထိုးနိုင်ပြီး ပုံမှာပြထားတဲ့ အသည်းပုံကတော့ ရိုမန့်တစ်ဆန်နေမှာပါ။
စာသားတက်တူးများ

ချစ်ခြင်းကို ဖော်ပြတဲ့ အမိုက်စား စာသားများ (သို့) အမှတ်တရဖြစ်စေမယ့် ရက်စွဲများ၊ နာမည်များ ရေးထိုးထားခြင်းအားဖြင့် တစ်ယောက်အပေါ် ထားရှိတဲ့ ချစ်ခြင်းများကို ဖော်ပြပေးနိုင်ပါတယ်။
ဒစ်စနီကာတွန်းတက်တူးများ

သင့်ကောင်မလေးက ဒစ်စနီကာတွန်းပရိသတ်ဆိုရင်တော့ အခုလိုချစ်စရာကောင်းတဲ့ မစ်ကီးမောက်စ်နဲ့ မီးနီးမောက်စ်ကာတွန်းဒီဇိုင်းများဖြင့် သင့်ကောင်မလေးကို တက်တူးထိုးချင်စိတ်ပေါ်လာအောင် ဆွဲဆောင်နိုင်ပါတယ်။
သင့်ကောင်မလေးကို ဒီဒီဇီုင်းလေးတွေ ပြပြီး စုံတွဲတက်တူးလေး အတူတူထိုးဖို့ တိုက်တွန်းကြည့်လိုက်ပါဦး။
Source: Thetrendspotter.net
