ဘိုင်ယန်မြူးနစ်အသင်းနောက်ခံကစားသမား ဟမ်းမဲလ်ဟာ အသင်းဟောင်းဒေါ့မွန်ကို ပြန်လည်ပြောင်းရွှေ့ဖို့ သဘောတူညီမှုရရှိသွားပြီလို့သိရပါတယ်။ အသက် (၃၀)နှစ်အရွှယ် ဂျာမနီလက်ရွေးစင် ကစားသမားဟမ်းမဲလ်ဟာ ဘိုင်ယန်မြူးနစ်အသင်းကနေ အသင်းဟောင်းဒေါ့မွန်အသင်းကို အပိုဆုကြေးတွေအပါအဝင် ပြောင်းရွှေ့ကြေး ယူရို ၃၈သန်းနဲ့ ပြန်လည်ပြောင်းရွှေ့ဖို့ သဘောတူခဲ့တာဖြစ်ပါတယ်။ လက်ရှိမှာတော့ ဆေးစစ်ဆေးဖို့ပဲ ကျန်ရှိတော့တာဖြစ်ပြီး လာမယ့်ရက်ပိုင်းအတွင်း အပြီးသတ်ပြောင်းရွှေ့မှုပြုလုပ်နိုင်ချေရှိတယ်လို့ သိရပါတယ်။

Source : bavarianfootballworks.com

ဟမ်းမဲလ်ရဲ့ အသင်းဟောင်းဖြစ်တဲ့ ဒေါမွန်အသင်းအနေကတော့ ၎င်းနဲ့စာချုသက်တမ်းကိုတရားဝင်ထုတ်ပြန်ခဲ့ခြင်းမရှိပေမယ့် အနည်းဆုံး (၃)နှစ်စာချုပ် စာချုပ်ဆိုဖွယ်ရှိကြောင်း ဂျာမနီးသတင်းဌာနတွေက ရေးသားထားကြပါတယ်။ ဟမ်းမဲလ်ဟာ ဒေါ့မွန်အသင်းမှာ ၈နှစ်ကြာကစားခဲ့ပြီးနောက် ပြီးခဲ့တဲ့၂၀၁၆ခုနှစ် နွေရာသီမှာ ဘိုင်ယန်မြူးနစ်အသင်းကို ပြောင်းရွှေ့သွားခဲ့တာပဲဖြစ်ပါတယ်။ဘိုင်ယန်မြူးနစ်အသင်းနဲ့အတူ (၃)နှစ်တာကာလအတွင်း ဘွန်ဒက်စ်လီဂါချန်ပီယံဆုကို (၃) နှစ်ဆက်တိုင်းရရှိခဲ့ထားတယ်ဆိုတဲ့ အောင်မြင်မှုမှတ်တမ်းတွေ ရေးထိုးထားတဲ့ ကစားသမားတစ်ဦးဖြစ်ပါတယ်။

 

 

 

 

Source : finance.yahoo.com

ပြီးခဲ့တဲ့ဘောလုံးရာသီမှာတော့ နည်းပြကိုဗက်ရဲ့လက်အောက် ပုံမှန်ပွဲထွက်ခွင့် မရရှိပဲ ပွဲပေါင်း ၂၁ပွဲသာ ပါဝင်ကစားခွင့်ရရှိခဲ့ပြီး ဂျာမနီအသင်းအတွက် ပွဲပေါင်း ၇၀ ကစားပေးခဲ့တဲ့ကစားသမားတစ်ဦးဖြစ်ပါတယ်။ ဒေါ့မွန်အသင်းကလည်း ပြီးခဲ့တဲ့ဘောလုံးရာသီမှာ အမှတ်ပေးချန်ပီယံဆုနှင့်ကပ်လွဲချော်ခဲ့ပြီး ဘိုင်ယန်မြူးနစ်အသင်းရဲ့နောက်မှာသာ ရပ်တည်နိုင်ခဲ့တာဖြစ်ပါတယ်။ဒါကြောင့်ဒေါ့မွန်အသင်းဟာ ဂျူလီယန်ဘရန့်၊ နီကိုရှူလ်ဇ်၊ သော်ဂန်ဟာဇက် စတဲ့ ကစားသမားများကိုခေါ်ယူထားပြီး ငွေကြေးအများအပြားသုံးစွဲကာလာမယ့်ဘောလုံးရာသီသစ်အတွက် အကောင်းဆုံးပြင်ဆင်မှုတွေပြုလုပ်နေတယ်လို့ သိရပါတယ်။

Source : Essentially Sports