တော့တင်ဟမ်ဟော့စပါးနည်းပြဟောင်း မူရီဆီယိုပိုချက်တီနိုက နည်းပြဘဝနဲ့ တစ်နှစ်နီးပါး အလှမ်းဝေးနေခဲ့ပြီးနောက် နည်းပြလောကထဲကို ပြန်လည်ဝင်ရောက်ဖို့အတွက် အဆင်သင့်ပဲလို့ ဝန်ခံပြောကြားခဲ့ပါတယ်။
ပိုချက်တီနိုဟာ လွန်ခဲ့တဲ့ ၁၁ လက တော့တင်ဟမ်ဟော့စပါးအသင်းရဲ့နည်းပြရာထူးကနေ ထုတ်ပယ်ခြင်းခံခဲ့ရသူဖြစ်ပြီး ချန်ပီယံလိဂ်ဗိုလ်လုပွဲကို ပို့ဆောင်ပေးနိုင်ခဲ့ပြီးနောက် ၄ ပွဲသာ ရှိသေးချိန်မှာ အသင်းနဲ့ လမ်းခွဲခဲ့သူဖြစ်ပါတယ်။ ပိုချက်တီနိုဟာ ၎င်းရဲ့မျိုးဆက်မှာ အကောင်းဆုံးနည်းပြတွေထဲကတစ်ဦးအဖြစ် ယူဆခြင်းခံခဲ့ရသူဖြစ်ပေမယ့် လက်ရှိအချိန်အထိ အလုပ်သစ်ကို လက်ခံခြင်းမရှိသေးသူဖြစ်ပါတယ်။

Photo: Manchester Evening News
အသက် ၄၈ နှစ်အရွယ် အာဂျင်တီးနားလူမျိုးနည်းပြဟာ မန်ချက်စတာယူနိုက်တက်အသင်း နည်းပြသစ်ဖြစ်လာဖို့ သတင်းတွေ အခိုင်အမာထွက်ပေါ်နေခဲ့သူဖြစ်ပြီး ယူနိုက်တက်ကလည်း ၂၀၁၆ ခုနှစ်မှာ လူးဝစ္စဗန်ဟားလ်အသင်းကနေ ထွက်ခွာသွားတဲ့အချိန်မှာ ပိုချက်တီနိုကို စိတ်ဝင်စားမှု ပြသခဲ့တာဖြစ်ပါတယ်။
ပိုချက်တီနိုက ၂၀၁၈ ခုနှစ် ဒီဇင်ဘာလမှာ မော်ရင်ဟိုရဲ့နေရာမှာ ယူနိုက်တက်နည်းပြသစ်အဖြစ် တာဝန်ယူချင်ခဲ့ပေမယ့် ယူနိုက်တက်က ယာယီနည်းပြကာလမှာ အထင်ကြီးဖွယ်စွမ်းဆောင်ပြနိုင်ခဲ့တဲ့ ဆိုးလ်ရှားကိုသာ နည်းပြအဖြစ် ခန့်အပ်ခဲ့တာဖြစ်ပါတယ်။

Photo: HITC
“ကျွန်တော် နောက်ထပ်တစ်ကြိမ် နည်းပြဖို့အတွက် အမြဲတမ်းအဆင်သင့်ပါ။ ခင်ဗျား အလုပ်လုပ်နေရင် စိတ်ဖိစီးမှာမဟုတ်ဘူး။ ပွဲယှဉ်ပြိုင်ဖို့ ကြိုတင်ပြင်ဆင်ဖို့ လေ့ကျင့်ရေးကွင်းကို သွားနေရရင် စိတ်ဖိစီးမှာမဟုတ်ပါဘူး”
“ကျွန်တော် မကြာခင်ပြန်သွားနိုင်ဖို့ မျှော်လင့်ပါတယ်။ အဲဒီတော့ ကျွန်တော်တို့ နောက်ထပ်တစ်ကြိမ် အလုပ်ကို ပြန်စနိုင်မှာပါ။ ကျွန်တော် ပွဲစဉ်တွေထဲကို ပြန်သွားနိုင်ဖို့ စောင့်မျှော်နေပါတယ်။ ကျွန်တော် ဘောလုံးပွဲတွေကို ချစ်မြတ်နိုးပေမယ့် အဲဒါက ခက်ခဲပါတယ်။ ကျွန်တော်တို့က အတွင်းမှာနေပြီး အလုပ်လုပ်နေရတာပါ။ ဒါက ပကတိအမှန်တရားပဲ”လို့ ပြောကြားခဲ့ပါတယ်။
