နေ့တနေ့အတွက် မနက်စာဟာ အလွန်အရေးကြီးပါတယ်။ ဒါကြောင့် မနက်စာကို ကျန်းမာရေးနဲ့ညီညွတ်မယ့် အစားအစာတွေ ရွေးချယ်စားသုံးသင့်တာပါ။

မနက်ပိုင်းမှာ အချိုပါတဲ့ အစာတွေ၊ အသင့်စား အစားအသောက်တွေ စားသုံးခြင်းဟာ သင့်အတွက် ကောင်းကျိုးရှိမှာ မဟုတ်ပါဘူး။ မနက်စာအတွက် ဘာတွေစားရမလဲဆိုတာ ဒီနေ့ kwee ကပြောပြပေးသွားမှာပါ။

Oatmeal

Source: Fit Foodie Finds

Oatmeal ဟာ ground oats တွေကနေ လာပြီး beta-glucan များစွာ ပါဝင်ပါတယ်။ လေ့လာမှုတစ်ခုက beta-glucan ဟာ အစာစားပြီး ဗိုက်ပြည့်စေတဲ့ ဟော်မုန်းတစ်ခုဖြစ်တဲ့ PYY ပမာဏကို တိုးမြှင့်ပေးတယ်လို့ ဆိုပါတယ်။ Oatmeal မှာ နှလုံးကျန်းမာရေးအတွက် ကောင်းမွန်ပြီး သွေးပေါင်ထိန်းပေးတဲ့ ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေလည်း ပါဝင်ပါသေးတယ်။
Oatmeal ဟာပရိုတင်းနည်းပါးတာကြောင့် သူ့ကို နွားနို့၊ ကြက်ဥတွေနဲ့ အတူစားသုံးသင့်ပါတယ်။

ကြက်ဥ

Source: Real Homes

ကြက်ဥတွေက အရသာရှိရုံမက အာဟာရဓါတ်လည်း ကြွယ်ဝပါတယ်။ ကြက်ဥဟာ ဗိုက်ပြည့်စေပြီး သွေးသကြားဓါတ်နဲ့ အင်ဆူလင်ဓါတ်ကို ထိန်းညှိပေးပါတယ်။

ကြက်ဥမှာပါတဲ့ ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေ ဖြစ်တဲ့ lutein နဲ့ zeaxanthin ဟာ မျက်လုံးရောဂါတခုဖြစ်တဲ့ အတွင်းတိမ်ခြင်း ကနေ ကာကွယ်ပေးပါတယ်။ ကြက်ဥစားသုံးခြင်းက ဦးနှောက်နဲ့ အသည်းကို ကျန်းမာစေပါတယ်။

အခွံမာသီး

Source: DHgate

အခွံမာသီးတွေဟာ ကိုယ်အလေးချိန်တက်ခြင်းကို ကာကွယ်ပေးပြီး ဗိုက်ပြည့်စေတာကြောင့် မနက်စာအတွက် ကောင်းမွန်ပါတယ်။ သူတို့မှာ ကယ်လိုရီများစွာ ပါဝင်ပေမယ့် ကိုယ်ခန္ဓာက သူတို့မှာပါတဲ့ အဆီအကုန်ကို စုပ်ယူခြင်းမရှိပါဘူး။

နှလုံးရောဂါဖြစ်နိုင်ခြေများသူတွေဟာ အစေ့တွေစားခြင်းအားဖြင့် ရောဂါဖြစ်နိုင်ခြေ လျှော့ချနိုင်ပါတယ်။ အစေ့တွေဟာ ရောင်ရမ်းခြင်းကိုလည်း လျော့ကျစေနိုင်ပါတယ်။