အိပ်မက်ဖမ်းသူလို့ အဓိပ္ပာယ်ရတဲ့ Dream Catcher ပစ္စည်းလေးတွေက လှပတဲ့အရာဝတ္ထုပစ္စည်းတစ်မျိုးဖြစ်ပြီး အဓိပ္ပာယ်ရှိတဲ့ ပစ္စည်းတစ်မျိုးလည်းဖြစ်ပါတယ်။ ထိုပစ္စည်းလေးကို မိမိအိပ်ရာပတ်ဝန်းကျင်မှာ ချိတ်ဆွဲထားပေးလိုက်မယ်ဆိုရင် သင် အိပ်ပျော်နေစဉ်မှာ မကောင်းတဲ့အိပ်မက်ဆိုးများကို ဖယ်ရှားပေးပြီး ကောင်းတဲ့အိပ်မက်လေးတွေကို ဆောင်ကျဉ်းပေးနိုင်ကြပါတယ်။
တက်တူးကို အဆောင်အဖြစ်ထိုးတတ်ကြတဲ့သူ ယောကျာ်းများအတွက် Dream Catcher သည်လည်းပဲ ထိုးသင့်တဲ့ တက်တူးဒီဇိုင်းတစ်ခုပဲဖြစ်ပါတယ်။ Dream Catcher ကို မူလအစက ငှက်မွှေးများ၊ ပုတီးများဖြင့် ပြုလုပ်ကြပြီး နောက်ပိုင်းတွင်တော့ ဒီဇိုင်းအမျိုးမျိုးတီထွင်ကာ ပြုလုပ်လာကြပါတယ်။
ဘယ်လို Dream Catcher က သင့်ရဲ့အာရုံကို ဖမ်းစားနိုင်မလဲဆိုတာကို ဆက်လက်ကြည့်ရှုလိုက်ပါ။
ရိုးရှင်းတဲ့ Dream Catcher တက်တူး

သင်က ရိုးရှင်းမှုကို ကြိုက်နှစ်သက်တယ်ဆိုရင်တော့ ဒီလိုဒီဇိုင်းလေးက သင်နဲ့ အလိုက်ဖက်ဆုံးပါပဲ။
လခြမ်းပုံ Dream Catcher

ဒီတက်တူးလေးကတော့ အသွင်ပြောင်းလဲခြင်း၊ ကြီးထွားခြင်းကို ကိုယ်စားပြုပြီး မကောင်းတဲ့အညံ့တွေရန်ကလည်း ကာကွယ်ပေးနိုင်တဲ့ Dream Catcher လေးပါပဲ။
ဇီးကွက်ပုံတက်တူး

ရှေးလူကြီးများက ဉာဏ်ပညာကြီးမားခြင်းကို ဇီးကွက်ဖြင့် ခိုင်းနှိုင်းလေ့ရှိကြပါတယ်။ ဒီဇီးကွက်ပုံ Dream Catcher လေးကတော့ မကောင်းဆိုးဝါးများကို နှိမ်နင်းပေးနိုင်ပြီး ဗဟုသုတကြွယ်ဝခြင်းလို့ ယူဆနိုင်ပါတယ်။
တက်တူးအသေးစား

သေးသေးမျှင်မျှင်တက်တူးလေးတွေကို ကြိုက်နှစ်သက်သူများအတွက် ဒီလိုရိုးရှင်းတဲ့ တက်တူးဒီဇိုင်းလေးကလည်း တစ်မျိုးလေး ကြည့်ကောင်းနေပါလိမ့်မယ်။
အသည်းပုံ Dream Catcher

ဒီတက်တူးကတော့ ချစ်ခြင်းတရားနှင့် နှစ်သက်မြတ်နိုးခြင်းကို ကိုယ်စားပြုတဲ့ အသည်းပုံ Dream Catcher တက်တူးလေးပဲဖြစ်ပါတယ်။
ငှက်မွှေးပုံ Dream Catcher

ရေးထိုးထားတဲ့ ငှက်မွှေးပေါ်မူတည်ပြီးတော့ တက်တူးရဲ့အဓိပ္ပာယ်ကလည်း ပြောင်းလဲသွားနိုင်ပါတယ်။ ဥပမာအားဖြင့် ဇီးကွက်ရဲ့ငှက်မွှေးက ပညာဉာဏ်ကြီးမားမှုကို ကိုယ်စားပြုပြီး သိန်းငှက်ရဲ့ ငှက်မွှေးကတော့ ရဲစွမ်းသတ္တိရှိခြင်းကို ကိုယ်စားပြုပါတယ်။
Source: Thetrendspotter.net
