တက်တူးတွေဟာ ယဉ်ကျေးမှုပေါင်းများစွာမှာ အထင်ကရပါတဲ့ အမှတ်အသားတွေထဲကတစ်ခုလို့ ဆိုနိုင်ပါတယ်။ တက်တူးအများစုဟာ သူ့အဓိပ္ပါယ်နဲ့သူ ဆောင်တယ်ဆိုပေမယ့် တချို့တက်တူးတွေကတော့ ပေါ်ပင်ဆန်ပြီး အနက်အဓိပ္ပါယ်နဲ့ အနှစ်သာရ ပါးရှားကြပါတယ်။ အဓိပ္ပါယ်နက်နဲတဲ့ တက်တူးဒီဇိုင်းတွေကို ကြည့်လိုက်ရင် အခုပြောမယ့် တက်တူးအမျိုးအစားတွေ ပါဝင်တာကို တွေ့ရပါတယ်။
(၁) မိသားစု တက်တူး
Photo: Pinterest
ကိုယ့်မိသားစု ၊ ချစ်သူကြင်ရာနဲ့ မိဘတွေအကြား အမှတ်တရတွေကို ရေးထိုးထားတဲ့ တက်တူးမျိုးပါ။ ဒီလို တက်တူးနဲ့ အဓိပ္ပါယ်အသွားအလာ ဆင်တဲ့တက်တူးမျိုးက အမွေအနှစ်နဲ့ မျိုးနွယ်ကို ညွှန်းတဲ့ တက်တူးမျိုး ဖြစ်ပါတယ်။ ဥပမာ အိုင်းရစ်နဲ့ ဆဲလ်တစ်တက်တူးမျိုး ဖြစ်ပါတယ်။
(၂) ရိုးရာတက်တူး
Photo: improb
ရိုးရာအလိုက် နာမည်ကြီးတဲ့ တက်တူးတွေက နိုင်ငံအများအပြားမှာ ရှိကြစမြဲပါ။ ရိုးရာတက်တူးတွေဟာ နိုင်ငံတစ်ခု ၊ လူမျိုးတစ်စုရဲ့ အမှတ်အသားလည်း ဖြစ်ပါတယ်။ ကျွန်တော်တို့ဆီက ထိုးကွင်းမင်ကြောင်လို ရိုးရာတက်တူးတွေမှာ အလွန်နက်နဲတဲ့အဓိပ္ပါယ် ဆောင်ပါတယ်။
(၃) တိရစ္ဆာန်ပုံ တက်တူး
Photo: menshairstylesnow
အမျိုးသားတွေ အများဆုံး ထိုးတတ်ကြတဲ့ တိရစ္ဆာန်ပုံ တက်တူးတွေထဲမှာ ခြင်္သေ့ပုံ ၊ ဝက်ဝံ ၊ ကျီးကန်း ၊ မြွေ ၊ ဝံပုလွေ ၊ နဂါး ၊ ဖီးနစ်ငှက်ဒီဇိုင်းတွေက အများစု ဖြစ်ပါတယ်။ ကြံ့ခိုင်မှု ၊ အခက်အခဲအတားအဆီးကို ကျော်လွှားနိုင်မှုနဲ့ ကြံ့ကြံ့ခံ ရုန်းကန်ဖြတ်သန်းနိုင်စွမ်းတွေကို ဖော်ကျူးတဲ့သင်္ကေတတွေလည်း ဖြစ်ပါတယ်။
(၄) ဘာသာရေးဆိုင်ရာ တက်တူး
Photo: trendingtattoo
ခရစ်ယာန်ဘာသာဝင်တို့အဖို့ သမ္မာကျမ်းစာလာ အဆုံးအမစာသားတွေ ၊ ဇာတ်ကွက်ဇာတ်လမ်းပုံဖော်မှုနဲ့ ဘာသာရေးဆိုင်ရာ အထိမ်းအမှတ်တစ်ခုခုကို ကိုယ်ပေါ်မှာ ထိုးတာမျိုး ဖြစ်ပါတယ်။ ဘာသာရေးအဆုံးအမပါ တက်တူးတွေဟာ စိတ်ကို နူးညံ့စေပြီး စိတ်ဝိညာဉ်အတွက် လမ်းပြအဖြစ်လည်း ကိုယ့်ကိုယ်ပေါ်မှာ အမြဲလိုက်ပါတယ်လို့ ခံစားရနိုင်ပါတယ်
Featured Photo: improb