လူတစ်ယောက်ရဲ့ ပုံစံမှာ အဝတ်အစားကလည်း အရေးကြီးသလို ဆံပင်စတိုင်လ်ကလည်း အလွန်အရေးကြီးပါတယ်။ အဝတ်အစားကို ဘယ်လောက်ဈေးကြီးတာ ဝယ်ဝတ်ဝတ်၊ ဘယ်လောက်ပဲ ဖက်ရှင်ကျကျဝတ်နေပါစေ ဆံပင်က ဘုတ်သိုက်ကြီးဖြစ်နေမယ်ဆိုရင် ဘယ်လိုမှ ကြည့်မကောင်းနိုင်ပါဘူး။

ဆံပင်ညှပ်တဲ့အခါမှာ မိန်းကလေးတွေပဲ ဆံပင်စတိုင်တွေရွေးပြီး ဦးနှောက်စားနေရတာမဟုတ်ပါဘူး။ ယောက်ျားလေးတွေလည်း ကိုယ်နဲ့လိုက်မယ့်ပုံစံကို သေချာရွေးချယ်ရတာနဲ့ အလုပ်ကိုရှုပ်နေတာပါပဲ။ ဆံပင်အရှည်၊ အတို၊ ကတုံးဆံပင်ပေါက် စသဖြင့် အမျိုးမျိုးရှိတဲ့ထဲကမှ သေသေသပ်သပ်နဲ့ ရှင်းသန့်တဲ့ ဆံပင်စတိုင်လ်ကို ညှပ်ချင်တဲ့ ကွီးတို့အတွက် ဆံပင်ကေအလန်းလေးတွေကို ဖော်ပြပေးလိုက်ရပါတယ်။

Source: www.fashionbeans.com