ဂျိုနသန် လို့အမည်ရတဲ့ လိပ်ကြီးဟာ လက်ရှိ ကမ္ဘာ့အသက်အရှည်ဆုံး လိပ်အဖြစ် သက်မှတ်ခံထားရပါတယ်။ သူဟာ ဗြိတိသျှ မင်းဆက် (၇) ဆက်အထိတောင် အသက်ရှည်နေနိုင်ခဲ့ပါတယ်။ သူဟာ လက်ရှိအချိန်အထိ အသက်ရှင်နေထိုင်နေဆဲပါ။
အခု kwee page ပြောပြမယ့် အကြောင်းလေးကကတော့ ဂျိုနသန်လို့ခေါ်တဲ့ ကမ္ဘာ့အသက်အကြီးဆုံး လိပ်ရဲ့ ဘဝဇာတ်ကြောင်းပါပဲ။
ဂျိုနသန် ကို (၁၈၈၂) ခုနှစ်တုန်းက Seychelles ကျွန်းကနေ Saint Helena ကျွန်းကို ခေါ်ဆောင်လာခဲ့ပါတယ်။ Saint Helena ဟာ ပြင်သစ် စစ်ဘုရင် နပိုလီယန် နယ်နှင်ခံရချိန်မှာ နေထိုင်ခဲ့တဲ့ကျွန်းဖြစ်တဲ့အတွက်ကြောင့် ထင်ရှားပါတယ်။ အေးချမ်းပြီး တိတ်ဆိတ် ငြိမ်သက်နေတဲ့ ကျွန်းလည်း ဖြစ်ပါတယ်။ အဲ့ဒီအချိန်ကတည်းက ဂျိုနသန်ဟာ ဘုရင်ခံရဲ့ စိုက်ခင်းအိမ်မှာ စတင်နေထိုင်ခဲ့တာပါ။
ကျွန်းပေါ် ရောက်လာတဲ့အချိန်မှာ ဂျိုနသန်ရဲ့ အသက်ကို မည်သူမျှ မသိကြဘူး။ အများစုကတော့ သူဟာ အရွယ်ရောက်ပြီး လိပ်တစ်ကောင်ဖြစ်တာကြောင့် အသက် (၅၀) ဝန်းကျင်ခန့်ရှိပြီလို့ ခန့်မှန်းကြပါတယ်။ ဒါကြောင့် သူဟာ (၁၈၃၂) ခုနှစ်မှာ သားပေါက်ခဲ့ဟန်ရှိပြီး ယခုအချိန်မှာတော့ သူ့ရဲ့ အသက်ဟာ (၁၈၇-၁၈၈) နှစ်ခန့်ရှိနေပြီဖြစ်ပါတယ်။
ပျှမ်းမျ ကုန်းလိပ်တစ်ကောင်ရဲ့သက်တမ်းဟာ (၁၅၀) နှစ်ဖြစ်တာကြောင့် ဂျိုနသန်ဟာ သက်တမ်းကျော်လွန်နေထိုင်နေတာလည်းဖြစ်ပါတယ်။ သူဟာ လက်ရှိနေထိုင်နေတဲ့ ကမ္ဘာ့အသက်အရှည်ဆုံး ကုန်းနေသတ္တဝါအဖြစ် ဂင်းနစ်ကမ္ဘာ့မှတ်တမ်း တင်ထားခံရပါသေးတယ်။
ဂျိုနသန်ဟာ မျက်စိအတွင်းတိမ် ဝေဒနာခံစားနေရပြီး အနံခံနိုင်စွမ်းလည်း မရှိတော့ပေမယ့် ကျန်းကျန်းမာမာဖြင့် ကျွန်းပေါ်မှာ သွားလာလှုပ်ရှားလျက်ရှိနေပါသေးတယ်။ နေသာတဲ့နေ့တွေမှာဆိုရင် သူဟာ လည်ပင်းအရှည်ကြီး ဆန့်ထုတ်ကာ အကြောလျှော့နေတတ်ပြီး ခြေထောက်တွေကိုလည်း အခွံထဲကနေ ထုတ်က နေပူဆာလှုံတတ်လေ့ရှိပါတယ်။ ဒါပေမယ့် ရာသီဥတု အေးနေချိန်မှာတော့ သစ်ရွက်ခြောက် (သို့) မြက်ပင်တွေကြားမှာ တနေကုန် ထွက်မလာဘဲ နေလေ့ရှိပါတယ်။ တစ်ပက်မှာ တစ်ကြိမ် သူအကြိုက် အစားအစာတွေဖြစ်တဲ့ မုန်လာဥနီ၊ သခွားသီး၊ ဂေါ်ဖီထုပ်၊ ပန်းသီး နဲ့ ငှက်ပျော်သီးတို့ကို စားလေ့ရှိပါတယ်။
အသက်ကြီးနေပေမယ့် ဂျိုနသန်ဟာ တတ်ကြွပြီး လူတွေရဲ့အာရုံကို ဖမ်းစားနိူင်စွမ်းရှိနေပါသေးတယ်။ သူ့ရဲ့လည်ပင်းကို တစ်ယောက်ယောက်က ပွက်ပေးရင် သဘောကျလေ့ရှိပြီး ဓာက်ပုံရိုက်တဲ့အချိန်မှာလည်း ပို့စ်တွေ ပေးဖို့အမြဲအဆင်သင့် ဖြစ်နေတတ်ပါတယ်။
ဂျိုနသန်ဟာ ဒေးဗစ်၊ အဲမာ နဲ့ ဖရက်ဒ် လို့ခေါ်တဲ့ ကုန်းလိပ် သုံးကောင်နဲ့နေထိုင်နေလျက်ရှိပါတယ်။ ဒါပေမယ့် သူတို့တွေဟာ ဂျိုနသန်ထက်စာရင် အသက်အားဖြင့် ငယ်ငယ်လေးပဲ ရှိကြပါသေးတယ်။ ဂျိုနသန်ရဲ့ အချစ်ဆုံးသူငယ်ချင်း ဒေးဗစ် တောင်မှ အသက် (၈၀) နှစ် ပဲရှိပါသေးတယ်။
ကျွန်းပေါ်မှာဆိုရင် ဂျိုနသန်ဟာ အရေးပါအရာရောက်တဲ့ သတ္တဝါတစ်ကောင်ပါ။ ကမ္ဘာလှည့်ခရီးသည်တွေကလည်း သူ့ကိုမြင်ရဖို့ ကမ္ဘာအရပ်ရပ်ကနေ လာရောက်လေ့ရှိပါတယ်။ ဂျိုနသန်ဟာ ကမ္ဘာ့အံ့ဖွယ် လိပ်တစ်ကောင်ဆိုရင်လည်းမမှားပါဘူး။
Source: Bright Side