နှင်းဆီပန်းပုံတက်တူးများသည် တက်တူးချစ်သူများအကြား ရေပန်းစားသော တက်တူးဒီဇိုင်းတစ်ခုပဲဖြစ်ပါတယ်။ ပွင့်လန်းနေတဲ့ နှင်းဆီပန်းတက်တူးများကတော့ အချစ်နှင့် အလှတရားတို့ကို ကိုယ်စားပြုပြီး နှင်းဆီနီကတော့ ချစ်ခြင်းတရားကို ကိုယ်စားပြုပြီး နှင်းဆီနက်ကတော့ ဝမ်းနည်းပူဆွေးခြင်းကို ကိုယ်စားပြုပါတယ်။
နှင်းဆီတက်တူးကို နာရီပုံတက်တူး (သို့) ဦးခေါင်းပုံတက်တူးများနှင့် တွဲဖက်၍လည်း တက်တူးရေးထိုးကြပါတယ်။ သင့်အကြိုက်ပေါ် မူတည်ပြီးတော့လည်း တက်တူးဒီဇိုင်းအမျိုးမျိုးကို တက်တူးဆရာနဲ့ တိုင်ပင်၍လည်း ရေးထိုးနိုင်ပါသေးတယ်။
နှင်းဆီပန်းပုံတက်တူးနှင့် ရေးထိုးထားသော နာမည်တက်တူး
ဒီတက်တူးကိုတော့ မိမိဘဝမှာ ချစ်ခင်ရတဲ့သူတွေကို ကိုယ်စားပြုတဲ့အနေနဲ့ ရေးထိုးထားတဲ့တက်တူးပဲဖြစ်ပါတယ်။
နှင်းဆီနီတက်တူး
နှင်းဆီနက်တက်တူးကို နောက်ခံ အနက်ရောင်တက်တူးနဲ့ ရေးထိုးထားရင်တော့ ပိုမိုလိုက်ဖက်မှုရှိပါတယ်။
နှင်းဆီဝါတက်တူး
နှင်းဆီဝါတက်တူးကတော့ ပျော်ရွှင်ခြင်း၊ ဝမ်းမြောက်ခြင်းကို ကိုယ်စားပြုပြီး ခင်မင်ရင်းနှီးမှုကိုလည်း ကိုယ်စားပြုပါတယ်။
နှင်းဆီပြာတက်တူး
အပြာရောင်နှင်းဆီပန်းပုံတက်တူးကိုတော့ လည်ပင်း၊ လက်မောင်းနှင့် လက်ပေါ်တွင် ရေးထိုးလေ့ရှိကြပါတယ်။
နှင်းဆီနက်တက်တူး
နှင်းဆီနက်တက်တူးကတော့ သေဆုံးခြင်း၊ ဆုံးရှုံးရခြင်းနှင့် ဝမ်းနည်းကြေကွဲခြင်းတို့ကို ကိုယ်စားပြုပါတယ်။
ခရမ်းရောင်တက်တူး
ခရမ်းရောင်နှင်းဆီတက်တူးကတော့ အဆုံးအစမဲ့ချစ်ခြင်းကို ကိုယ်စားပြုပြီး သစ္စာရှိခြင်းကိုလည်း ဖော်ညွှန်းပါတယ်။
နှင်းဆီနှင့် သံလိုက်အိမ်မြှောင်
သံလိုက်အိမ်မြှောင်ကတော့ လမ်းမှန်ကို ညွှန်ပြပေးပြီး နှင်းဆီနီနှင့် သံလိုက်အိမ်မြှောင်ကို ပေါင်းစပ်လိုက်တဲ့အခါ အကောင်းမြင်စိတ်ကို ရည်ညွှန်းပြီး အနာဂတ်ကို အာရုံစူးစိုက်ခြင်းလို့လည်း အဓိပ္ပာယ် ဖွင့်ဆိုနိုင်ပါတယ်။
လက်ဝါးကပ်တိုင်နှင့် နှင်းဆီပန်းပုံတက်တူး
လက်ဝါးကပ်တိုင်သည် ခရစ်ယာန်ဘာသာဝင်များအတွက် အထွဋ်အမြတ်ထားရာ သင်္ကေတတစ်ခုဖြစ်ပြီး ကိုယ်ကျိုးစွန့်အနစ်နာခံခြင်း၊ ချစ်ခြင်းမေတ္တာကြီးမားခြင်းတို့ကို ကိုယ်စားပြုပြီး သူနဲ့တွဲဖက်ထားတဲ့ နှင်းဆီကတော့ သန့်ရှင်းစင်ကြယ်ခြင်း၊ ရွှင်လန်းဝမ်းမြောက်ခြင်းနှင့် အလှအပတရားတို့ကို ကိုယ်စားပြုပါတယ်။
Source: Thetrendspotter.net