ယနေ့ခေတ်မှာ အမျိုးသားတိုင်း ကြုံတွေ့နေရတဲ့ပြဿနာတစ်ခုရှိပါတယ်။ ဘာပြဿနာလဲဆိုတာ ခန့်မှန်းမိကြရဲ့လား။

မိန်းကလေးသူငယ်ချင်းအချင်းချင်း လက်တွဲပြီး လမ်းလျှောက်သွားရင်တော့ အရေးတယူမလုပ်ကြပေမယ့် ယောကျာ်းလေးသူငယ်ချင်းအချင်းချင်း ပုခုံးဖက်ပြီး လမ်းလျှောက်သွားကြည့်လိုက်ပါ။ တချို့မိန်းကလေးတွေရဲ့ မယုံသင်္ကာမျက်လုံးမျိုးနဲ့ အကြည့်ခံရပါလိမ့်မယ်။ BL ဇာတ်လမ်းတွဲကြိုက်တဲ့ မိန်းကလေးတွေဆို ပိုဆိုးပါတယ်။ အတင်းကို ပေးစားပစ်လိုက်ကြတော့တာပါ။

တကယ်တော့ ဒီလိုတစ်ဖက်စောင်းနင်းကောက်ချက်ချခြင်းက မကောင်းတဲ့အလေ့အကျင့်တစ်ခုပဲဖြစ်ပါတယ်။ လူသားတိုင်းမှာ ကိုယ်ပိုင်လွတ်လပ်ခွင့်ဆိုတာရှိကြပါတယ်။ သူတစ်ပါးရဲ့ လွတ်လပ်ခွင့်ကို လေးစားရမှာဖြစ်သလို ကိုယ့်ရဲ့လွတ်လပ်ခွင့်ကိုလည်း တန်ဖိုးထားတတ်ရပါမယ်။

Source: Ottawacitizen.com

လေ့လာတွေ့ရှိချက်အရ အမျိုးသားများက သူတို့ရဲ့ခံစားချက်နဲ့ ပြဿနာများကို ချစ်သူကောင်မလေးထဲ ရင်ဖွင့်ရတာထက် ယောကျာ်းလေးဘော်ဒါတွေနဲ့ ရင်ဖွင့်တိုင်ပင်ရတာကို ပိုသဘောကျကြပါတယ်။ ဒီလိုခံစားရခြင်းက ယောကျာ်းလေးအချင်းချင်း သဘောကျတာကြောင့် မဟုတ်ပါဘူး။ မိန်းကလေးတွေက သူတို့ရဲ့ စိတ်ခံစားချက်များကို မိန်းကလေးသူငယ်ချင်းထံမှာ ရင်ဖွင့်ရတာကို ပိုသဘောကျကြသလိုပဲ ယောကျာ်းလေးတွေကလည်း သူတို့အချင်းချင်းတိုင်ပင်ရတာ ပိုသက်သောင့်သက်သာဖြစ်တယ်လို့ ပြောကြားထားကြပါတယ်။

Romance နဲ့ Bromance ရဲ့ကွဲပြားခြားနားချက်

Source: Aleteia.org

ရိုမန့်စ်ဆိုတာကတော့ သမီးရည်းစားဆက်ဆံရေးကြား ပျော်ရွှင်ကြည်နူးမှုကို ပေးစွမ်းနိုင်ပြီး ဘရိုမန့်စ်ကတော့ ဘော်ဒါနှစ်ယောက်အကြား စိတ်ခံစားချက်တွေကို ပြောမနာဆိုမနာရင်ဖွင့်လို့ရတဲ့ ဆက်ဆံရေးပဲဖြစ်ပါတယ်။

အမျိုးသားများက ဘာ့ကြောင့် သူတို့ကောင်မလေးထံမှာ ရင်မဖွင့်ချင်ကြတာလဲ

Source: Karibunicenter.com

သူတို့ကောင်မလေးကို သူတို့ရဲ့ပြဿနာ ဝေမမျှချင်တဲ့အဓိကအကြောင်းအရင်းကတော့ အပူကူးမှာစိုးတာကြောင့်ပါပဲ။ ကိုယ်ချစ်တဲ့သူကို ပျော်ရွှင်စေချင်ကြတဲ့အတွက်ကြောင့် သူမကို စိတ်ညစ်စေမယ့်အကြောင်းအရာတွေနဲ့ ခေါင်းခဲရမှာကို မလိုလားကြပါဘူး။ ဒုတိယအချက်အနေနဲ့ ရင်ဖွင့်လိုက်တဲ့အခါမှာ အဆိုးဘက်ကနေဝေဖန်ခံရမှာကို ကြောက်ရွံ့ကြပါတယ်။ ဒီလိုအဆိုးမြင်စိတ်နဲ့ ဝေဖန်ခံလိုက်ရမယ်ဆိုရင် သူတို့နှစ်ယောက်ကြားက ကြည်နူးစရာဆက်ဆံရေးလေး ပျက်ပြားသွားမှာကိုလည်း စိုးရိမ်ကြပါတယ်။ တတိယအချက်အနေနဲ့ကတော့ Dark Side လို့ခေါ်တဲ့ ကိုယ့်ရဲ့အမှောင်ဘက်အခြမ်းကို သူသိသွားမှာစိုးထိတ်ကြပါတယ်။

Source: Pinterest.com

ကမ္ဘာပေါ်မှာ ရာနှုန်းပြည့်စိတ်ထားကောင်းမွန်တဲ့လူသားဆိုတာ မရှိပါဘူး။ ရာနှုန်းပြည့်စိတ်ထားကောင်းလှပါတယ်လို့ သတ်မှတ်ခြင်းခံရတဲ့သူတောင် သူ့ဆီမှာ ၁ ရာခိုင်နှုန်းလောက်က မကောင်းတဲ့စိတ်တစ်ခုကိန်းအောင်းနေတတ်ပါတယ်။ ဒါပေမဲ့လည်း အမျိုးသားများက သူတို့ရဲ့ အမှောင်ကမ္ဘာခြမ်းကို သူတို့ကောင်မလေးသိသွားပြီး စိတ်ပျက်သွားမှာစိုးလို့ ပွင့်ပွင့်လင်းလင်းတိုင်ပင်လို့ရတဲ့ ယောကျာ်းလေးဘော်ဒါနဲ့ပဲ ရင်ဖွင့်လေ့ရှိကြပါတယ်။

စာဖတ်သူကွီးတို့ရေ အခုပြောပြသွားတဲ့အချက်တွေကို ထောက်ခံရဲ့လား။ ကွီးတို့ရော ကိုယ့်ကောင်မလေးနဲ့ အရင်းနှီးဆုံးဘော်ဒါနဲ့ ဘယ်သူ့ထံမှာ အများဆုံးရင်ဖွင့်လေ့ရှိသလဲ။