တချို့ယောကျာ်းလေးတွေက ကိုယ့်ကောင်မလေးကို ဘယ်လောက်ထိချစ်လဲဆိုတာ ပါးစပ်ဖျားကနေ တတွတ်တွတ်မပြောတတ်ကြပါဘူး။ သူတို့ရဲ့အပြုအမူလေးနဲ့ပဲဖော်ပြလေ့ရှိပါတယ်။ သင်ရော ကိုယ့်ကောင်မလေးကို ဘယ်လောက်ချစ်ကြောင်း ဘယ်လိုအမူအရာလေးတွေနဲ့ ဖော်ပြလေ့ရှိပါသလဲ။

အခုဖော်ပြပေးမယ့် အမူအရာလေးတွေကို ပြုမူနေမယ်ဆိုရင်တော့ သင် သူမအပေါ် အမှန်တကယ်ချစ်မိနေပြီး၊ သင့်အချစ်က အပေါ်ယံမဟုတ်ဘူးဆိုတာကို သူမ သိအောင် ပြောပြလိုက်ပါ။

သူမပြောသမျှကို အမြဲတမ်း ဂရုတစိုက်နားထောင်ပေးတတ်ကြတယ်။

Source: Brightside.me

ပုံမှန်လူတစ်ယောက်ဆိုရင်တော့ အခြားသူပြောသမျှကို ခေါင်းတငြိမ့်ငြိမ့်နဲ့နားထောင်ချင်ယောင်ဆောင်တတ်ကြပါတယ်။ ဒါပေမဲ့ သူမပြောတဲ့အကြောင်းအရာ အသေးစိတ်၊ သူမ ကြိုက်တတ်တဲ့အရာတွေ၊ သူမရဲ့ ပြဿနာတွေအားလုံးကို စိတ်ရှည်လက်ရှည်နားထောင်ပေးတယ်တယ်။ သူမရဲ့မွေးနေ့ကအစ သူမကြိုက်တတ်တဲ့အရာတွေအဆုံး မှတ်မိနေခြင်းက ကိုယ့်ကောင်မလေးကို အလေးထားမြတ်နိုးကြောင်း ဖော်ပြနေတဲ့လက္ခဏာတစ်ရပ်ပါပဲ။

အဝတ်အစားရွေးချယ်တဲ့အခါ သူမရဲ့အကူအညီတောင်းခံခြင်း

Source: Brightside.me

အမျိုးသားတိုင်းက ကိုယ့်ကောင်မလေးရှေ့မှာ အမြဲတမ်းကြည့်ကောင်းချင်ကြတာပါပဲ။ သူမက မိန်းကလေးတစ်ယောက်ဆိုတော့ ကိုယ့်ထက် ဖက်ရှင်အကြောင်းပိုနားလည်တာကြောင့်ရော၊ ကိုယ့် ကောင်မလေးရဲ့ အကြိုက်ကို အလေးထားတာကြောင့်ရော သူမရဲ့ထင်မြင်ချက်ကို တောင်းခံလေ့ရှိကြပါတယ်။

အရာရာတိုင်းကို ကိုယ်ချစ်တဲ့ကောင်မလေးနဲ့ အတူတူလုပ်ဆောင်ကြတယ်။

Source: Shutterstock

မိန်းကလေးတွေ ဝါသနာအပါဆုံးအရာကတော့ ဈေးဝယ်ထွက်ခြင်းပဲဖြစ်ပါတယ်။ ယောကျာ်းလေးတွေ ဝါသနာမပါဆုံးအရာကလည်း ဈေးဝယ်ထွက်ခြင်း၊ အထူးသဖြင့် အဝတ်အစားဝယ်ဖို့ အချိန်ပေးရခြင်းပါပဲ။ တကယ်လို့ သင်က သူမ ရှော့ပင်ထွက်တိုင်း အဖော်လိုက်ပေးတယ်ဆိုရင်တော့ သူမကို နှစ်နှစ်ကာကာချစ်မြတ်နိုးနေခြင်းရဲ့သက်သေပါပဲ။

သူမအတွက် ချက်ပြုတ်ပေးခြင်း

Source: Womenstuff.co.za

အမျိုးသားတစ်ယောက်က ကောင်မလေးတစ်ယောက်အတွက် ထမင်း၊ ဟင်း ချက်ပြုတ်ပေးတယ်ဆိုတာ အချစ်ရဲ့သင်္ကေတတစ်ခုပါပဲ။ ကိုယ်ချစ်တဲ့ကောင်မလေးအတွက် စားကောင်းသောက်ဖွယ်လေးတွေ ပြင်ဆင်ပေးခြင်းက သင့်ကို ပျော်ရွှင်စေတယ်မလား။

အမှတ်တရနေ့တွေကို အမြဲတမ်း သတိတရရှိခြင်း

Source: Eharmony.co.uk

တကယ်လို့ သင်က အမေ့သန်တတ်တဲ့သူတစ်ယောက်ဆိုရင်တော့ သေချာဂရုစိုက်ရပါမယ်။ နှစ်ပတ်လည်နေ့တွေ၊ သူမရဲ့ မွေးနေ့တွေကို မေ့နေရင်တော့ ရှော့ရှိတယ်နော်။ လူဆိုတာ အလုပ်ရှုပ်တဲ့အချိန် တစ်ခါတလေ မေ့တတ်ကြတယ်ဆိုပေမယ့်လည်း အမြဲတမ်းဆိုရင်တော့ သင့် ကောင်မလေးရော၊ သင်ရော ဘယ်ပျော်ရွှင်နေရတော့မလဲ။

သူမအတွက် စိုးရိမ်ပူပန်ပေးခြင်း

Source: Brightside.me

ရန်ဖြစ်လိုက်တိုင်းမှာလည်း ကိုယ့်ကောင်မလေးကို လျစ်လျူရှုမထားဘဲ ပြေလည်ရာပြေလည်ကြောင်း အလျော့ပေးတတ်ခြင်းက သူမကို အရမ်းချစ်လို့ သူမကို ဆုံးရှုံးရမှာကြောက်လို့ သူမကို ပျော်ရွှင်စေချင်လို့ပဲဖြစ်ပါတယ်။

ကဲ… ဘယ်လိုလဲ ကွီးတို့ရေ။ အခုဖော်ပြသွားတဲ့ အချက် (၅) ချက်စလုံးကို ပိုင်ဆိုင်ထားရဲ့လား။ အကုန်လုံး ပိုင်ဆိုင်ထားတယ်ဆိုရင်တော့ သင်က ချစ်သူကောင်းတစ်ယောက်ပဲဖြစ်ပါတယ်။ ကိုယ့်ရဲ့သက်ဆိုင်သူကို မန်းရှင်းခေါ်ရင်း သူမကိုဘယ်လောက်ချစ်ကြောင်း ပြောပြကြရအောင်။